၁၊ ဇန်နဝါရီ၊ ၂၀၂၂

မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်မှူး စီ‌ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ကတော့ ၎င်းရဲ့ ကစားသမားဟာ လက်ရှိ အသင်းနဲ့အတူ အလွန်ပျော်ရွှင်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်ဒိုတစ်ယောက် အသင်းထံ ပြန်လည် ပြောင်းရွှေ့လာခဲ့ ပေမယ့် အသင်းမှာရှိတဲ့ ကစားသမား အချို့ရဲ့ ခြေစွမ်းတွေ ပျောက်ဆုံးလာမှုနဲ့အတူ ၎င်းရဲ့ အသင်းအပေါ် လွှမ်းမိုးမှုတွေကို အားလုံးက မေးခွန်းထုတ်နေကြပေမယ့် မန်ဒက်စ်ကတော့ ရိုနယ်ဒိုတစ်ယောက် အသင်းမှာ ဆက်နေမယ့်အကြောင်းကို ပရိသတ်တွေကို အသိပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုရောက်ရှိလာမှုကြောင့် ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့တဲ့ ဖာနန်ဒက်စ်တစ်ယောက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသလို ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်စတဲ့ ကစားသမားတွေလည်း ပုံမှန် ဂိုးသွင်းနှုန်းတွေ ကျဆင်းနေတာကြောင့် အားလုံးက ရိုနယ်ဒိုအပေါ် လက်ညှိုးထိုး ပြစ်တင်မှုတွေ ပြုလုပ်လာကြတာလည်း တွေ့ရပါတယ်။

ဒါပေမယ့် မန်ဒက်စ်က “ ရော်နယ်ဒိုက မန်ချက်စတာမှာ အရမ်း ပျော်ရွှင်နေပါတယ်၊ သူ့ရဲ့ အကောင်းဆုံး ပုံစံဆက်ရနေဖို့ သူ ကြိုးစားသွားမှာပါ၊ သေချာတာတစ်ခုကတော့ ဒီရာသီက သူ့အတွက် တော်တော်လေး ခမ်းနားတဲ့ ရာသီတစ်ခု ဖြစ်လာနိုင်ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်

ပြီးခဲ့တဲ ဘန်လေ နဲ့ပွဲမှာ လိဂ်ဂိုး ၈ ဂိုး ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒိုဟာ ၂၀၂၁ခုနှစ်ကို အကောင်းဆုံး ရလဒ်နဲ့ နှုတ်ဆက်နိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိ အမှတ်ပေးဇယား အခြေအနေအရ အာဆင် နယ်ဝက်စ်ဟမ်းတို့ထက် နောက်မှာ ရပ်တည်နေရပေမယ့် တစ်ပွဲလျော့ ကစားထားရပြီး လာမယ့် ၄ ရက်နေ့မှာတော့ ဝုဗ် နဲ့ ဆက်လက်ကစားရဦးမှာ ဖြစ်ပါတယ်။

@worldclassfootballchannel