ချယ်ဆီး ဖလားရဦးမယ်ထင်နေရင် ဒါဟာရူးနေလို့ပဲ ဆိုတဲ့ ” တူချယ် “

၃၀ဒီဇင်ဘာ၂၁
ချယ်ဆီးအသင်းဟာ ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရတာနဲ့အတူ ပရီးမီးယားလိဂ်ဖလားအတွက် သူတို့ ပြိုင်ဆိုင်နိုင်သေးတယ်လို့ ထင်နေရင် ရူးမိုက်တာ ဖြစ်လိမ့်မယ် လို့ သောမတ်စ်တူချယ်က ပြောဆိုခဲ့ပါတယ်။

ဒန်နီဝဲဘက်ရဲ့ အချိန်ပို ခေါင်းတိုက်ဂိုးက စတန်းဖို့ဒ်ဘရစ်ချ်မှာ ဘရိုက်တန်ကို ၁-၁ သရေ ရလဒ် ရရှိစေခဲ့တာပါ။
လူကာကူရဲ့ အစောပိုင်း ခေါင်းတိုက်ဂိုးဟာ ချယ်ဆီးအတွက် လီဗာပူးကိုကျော်ပြီး ဒုတိယနေရာ ရရှိစေဖို့ ကူညီပေးခဲ့ပေမယ့် နောက်ဆုံးမှာ သရေရလဒ်သာ ရရှိခဲ့တာကြောင့် တစ်ပွဲကျန် လီဗာပူးထက် ၁ မှတ်ပဲ အသာရခဲ့တာ ဖြစ်ပါတယ်။

ရိစ်ဂျိမ်းဟာ ဆိုးရွားပုံရတဲ့ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးခရစ္စတန်ဆန်က နောက်ကျောဒဏ်ရာ ရရှိခဲ့တာကြောင့် ချယ်ဆီးမှာ မကစားနိုင်တဲ့ ကစားသမားအရေအတွက် ပိုတိုးသွာခဲ့ပြီး ၇ ယောက်က ကွာရန်တင်း ဝင်နေရဆဲ ဖြစ်ပါတယ်။
ချယ်ဆီးဟာ သူတို့ရဲ့ နောက်ဆုံး လိဂ်အိမ်ကွင်း ၅ ပွဲမှာ ၄ ပွဲသရေကျခဲ့ပြီး မန်စီးတီးနဲ့နောက် ၈ မှတ် ကွာဟနေခဲ့တာပါ။

ပရီးမီးယားလိဂ်ဖလားအတွက် ချယ်ဆီးက ယှဉ်ပြိုင်နိုင်နေ တုန်းလားလို့ မေးမြန်းခဲ့ရာ တူချယ်က “ဘယ်လိုလုပ် ဖြစ်နိုင် မှာကျွန်တော်တို့မှာ ကိုဗစ်ဖြစ်နေတဲ့ ကစားသမား ၇ ယောက်ရှိတယ်။ ၆ ပတ်နဲ့အထက် အနားယူရမယ့် ကစားသမား ၅ယောက်၊ ၆ ယောက်လောက်ရှိတယ်။ ဒီလိုပုံစံ နဲ့ ဖလားပြိုင်ပွဲတစ်ခုမှာ ဘယ်လို ယှဉ်ပြိုင်ရမလဲ။

တခြားအသင်းတွေမှာ လူစာရင်းအပြည့်ရှိတယ်။ လေ့ကျင့် ရေးက လူတိုင်းက ဒီလိဂ်မှာ ယှဉ်ပြိုင်ဖို့ အင်အားအပြည့်ရှိ တယ်။ အဲ့လိုပြိုင်ဘက်တွေကြားထဲမှာ ကိုဗစ်နဲ့ ဒဏ်ရာ ပြဿနာတွေရှိနေတဲ့ ကျွန်တော်တို့ ဒါကို လုပ်နိုင်တယ်လို့ထင် နေရင် ရူးမိုက်ရာကျလိမ့်မယ်။ ကြံ့ခိုင်မှုပြည့်ဝတဲ့ ကစားသမား ၂၃ ယောက် မပြည့်ပဲ ယှဉ်ပြိုင်နိုင်မယ်လို့ထင်နေရင် ရူးနေလို့ ပဲ”လို့ တုံ့ပြန်ခဲ့ပါတယ်။

ကိုဗစ်က အသင်းတွေအပေါ် မတူညီတဲ့ သက်ရောက်မှုတွေ ရှိသွားတာကြောင့် ပရီးမီးယားလိဂ်ရဲ့ တည်ကြည်မှုက ပျောက်ဆုံးသွားခဲ့တာလားလို့ မေးမြန်းခဲ့ရာ တူချယ်က “ဒါက လက်တွေ့အမှန်တရားပဲ။ အခု ဖြစ်နေတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ဟာ ကိုယ်ရောက်နေတဲ့ အခြေအနေရဲ့ တောင်း ဆိုမှုတွေကို လိုက်လျောညီထွေ နေတတ်ဖို့လိုတယ်။ ကျွန်တော် အိမ်ကွင်းမှာ ဘရိုက်တန်ကို အနိုင်ရဖို့အတွက် သိပ်ကို ခက်ခက်ခဲခဲ ပြိုင်ဆိုင်ခဲ့ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ နိုးကြားမှု၊ ပြင်းပြမှုနဲ့ ကစားချိန်တွေမှာ ကျွန် တော့်ကစားသမားတွေဆီကနေ ဘာတွေ မျှော်လင့်နိုင်လဲဆို တာ ကျွန်တော်မသိဘူး။ ကျွန်တော့်အသင်းကို ကျွန်တော် ကာ ကွယ်သွားမှာပါ။ ကျွန်တော်တို့ ပိုကောင်းကောင်း ကစားနိုင်ပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့အပတ်တိုင်းမှာ လူစာရင်း အပြည့်ရှိဖို့လိုတယ်။ ရိစ်ဂျိမ်းရဲ့ တံကောက်ကြောဒဏ်ရာက ကြီးမားတဲ့ ရိုက်ခတ်မှုပဲ။ ပြီးတော့ ခရစ္စတန်ဆန်လဲ နောက်ကျောဒဏ်ရာ ရခဲ့တယ်”လို့ တူချယ်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်

အားလုံးက ချယ်ဆီးကို မျက်နှာသာမပေးခဲ့ဘူးဆိုတဲ့ ” တူချယ်

၃၀ဒီဇင်ဘာ၂၁

ဒန်နီဝဲဘက်ရဲ့ နောက်ကျ ချေပဂိုးကြောင့် ဘရိုက်တန်နဲ့ ၁ ဂိုး စီ သရေကျခဲ့ရတဲ့နောက် စိတ်ပျက်နေတဲ့ ချယ်ဆီးနည်းပြ တူ ချယ်က အရာအားလုံးဟာ ချယ်ဆီးအသင်းကို ဆန့်ကျင်နေ တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပူလီဆစ်ရဲ့ ပင်နယ်တီ တောင်းဆိုမှုကို VAR ကြည့်ရှုခဲ့ခြင်း မရှိတဲ့အပေါ် တူချယ်က ဒေါသထွက်ခဲ့ပြီး အဲ့ဒါ က ဟာသပဲလို့ မှတ်ချက်ပေးခဲ့တာပါ။

ချယ်ဆီးအသင်းရဲ့ စိတ်ဓာတ်ကို ထိခိုက်သွားစေတဲ့ နောက်ခံလူ ရိစ်ဂျိမ်းစ်နဲ့ ခရစ္စတန်ဆန်တို့ရဲ့ ဒဏ်ရာပြဿနာတွေကိုလဲတူချယ်က ညည်းညူခဲ့ပါတယ်။

“၂-၀ ဖြစ်ဖို့အတွက် ကွင်းလယ်ဒိုင်ဆီကနေ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကို ပြန်တောင်မစစ်ဆေးခဲ့ဘူး။ ပင်နယ်တီဖြစ်ရပ်ကတော့ ဟာသပဲ။ VAR တောင် ပြန်မကြည့်တာ တကယ် ရယ်စရာကောင်းတယ်။ ကျွန်တော် တို့မှာ ကာလရှည်ဒဏ်ရာနဲ့ ကိုဗစ်ကနေ ပြန်လာတဲ့ ကစားသမားတွေ အရမ်းများတယ်။ ရိစ်ဂျိမ်းစ်ရဲ့ ဒဏ်ရာက ကြီးမားတဲ့ ထိုးနှက်မှုတစ်ခု ဖြစ်ခဲ့တာပါ။ ခရစ္စတန်ဆန်ကလဲ ကွင်းထဲမှာ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်။ ဒီ လိုအချိန်မှာ ဘာမှ ဆုံးရှုံးစရာမရှိတဲ့ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ရတာက အရမ်းများလွန်းပါတယ်”လို့ တူချယ်က ပြောဆိုခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ ဘရိုက်တန်ရဲ့ ပထမဆုံးသော သွင်းဂိုး ကြောင့် ချယ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဦးဆောင် နေရာကနေ အမှတ်တွေ ဆုံးရှုံးလိုက်ရတာ ၁၁ မှတ်အထိ ရှိခဲ့ ပြီဖြစ်ပြီး မနှစ်က တစ်ရာသီလုံးမှာ ကြုံခဲ့ရတဲ့ ၁၀ မှတ်ထက် တောင် ပိုများနေခဲ့တာပါ။ဒီနှစ် ဥရောပမှာ အကောင်းဆုံး ခံစစ်တစ်ခု ဖြစ်ခဲ့တဲ့ ချယ်ဆီးမှာ ဘန်ချီဝဲနဲ့ သီယာဂိုဆေးဗားတို့အပြင် ဂျိမ်းစ်နဲ့ ခရစ္စတန် ဆန်တို့ကလဲ ဒဏ်ရာတွေ ထပ်ရခဲ့ပါတယ်။
ဂျိမ်းစ်က တံကောက်ကြော ဒဏ်ရာဖြစ်ပြီး ခရစ္စတန်ဆန်က နောက်ကျော ဒဏ်ရာပါ။
ချယ်ဆီးဟာ ပထမနေရာက မန်စီးတီးရဲ့နောက် ၈ မှတ် ကွာ ဟနေပြီး ဒီတစ်ပတ်မှာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ ရဖို့ ရှိနေပါ သေးတယ်။

လီဗာပူး ခေါ်ယူချင်နေတဲ့ အာဆင်နယ် နှင့် အဂ်န်လန်တို့ရဲ့ ကြယ်ပွင့်လေး ” ဆာကာ “

၃၀၊ ဒီဇင်ဘာ၊ ၂၁

အာဆင်နယ်စူပါစတား ဘူကာယို ဆာကာနဲ့ သူ့ ကိုယ်စားလှယ်တွေဟာ ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးအသင်းထံ အနာဂတ်မှာ ပြောင်းရွှေ့ဖို့ အလားအလာ အပေါ် စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက် ၂၀ အရွယ် ကြယ်ပွင့်ကစားသမားဟာ အသက်ငယ်ပေမယ့် အမ်းမရိတ်စ်မှာ အရေးအပါဆုံးသူတစ်ယောက် ဖြစ်ခဲ့သလို လာမယ့်ရာသီတွေမှာ အာဆင်နယ်ရဲ့ အဖိုးတန် ကြယ်တစ်ပွင့် ဖြစ်လာဖို့ ချီးကျူးခံထားရသူ ဖြစ်ပါတယ်။
ဒါပေမယ့် ဆာကာရဲ့ တဟုန်ထိုး တိုးတက်လာမှုဟာ ထိပ်တန်းအဆင့် ဘောလုံးကလပ်များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး အဲ့ဒီထဲမှာ ယာဂန်ကလော့ပ်လဲ ပါဝင်ခဲ့ပါတယ်။ဆာကာဟာလဲ လီဗာပူးထံကို ပြောင်းရွှေ့ဖို့ အခွင့်အရေး အတွက် တံခါးဖွင့်ထားမှာဖြစ်တယ်လို့ အပြောင်းအရွှေ့ သုံးသပ်သူ အီယန် မက်ဂါရီက ဆိုပါတယ်။

“အာဆင်နယ်က ဆာကာကို စာချုပ်သက်တမ်းတိုးဖို့ သူ့
အေးဂျင့်နဲ့ ဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။ လီဗာပူး ကတော့ ဆာကာကို အမြင့်ဆုံးအဆင့်အတန်းမှာ ယှဉ်ပြိုင် ကစားဖို့ အခွင့်အရေး ပေးနိုင်မှာပါ။ ဒါက ဆာကာနဲ့ သူ့ ကိုယ်စားလှယ်တွေ အရမ်းစိတ်ဝင်စားတဲ့အရာပါပဲ”လို့ ၎င်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ချန်ပီယံလိဂ်မှာ လီဗာပူးက တည်တည်ငြိမ်ငြိမ် ကစားနေရ တာနဲ့အတူ မာဆေးဆိုက်ဒ်မှာ ကလော့ပ် တည်ဆောက်ခဲ့တဲ့ အသင်းအပေါ် ဆာကာက အထင်ကြီး လေးစားနေတာ ဖြစ်ပါ တယ်။

ဆာကာဟာ ဒီရာသီ ဂန်းနားတွေအတွက် အံ့အားသင့်စရာ ခြေစွမ်းပြခဲ့ပြီး ယခင်ရာသီက ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ဂိုးကို ယခု ရာသီဝက်မှာတင် သွင်းယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

မန်စီးတီးကို လီဗာပူး လိုက်မီနိုင်မှာလား

၃၀၊ ဒီဇင်ဘာ၊ ၂၁

လက်စတာအတွက် အဒီမိုလာ လွတ်ခ်မန်းရဲ့ ဒုတိယပိုင်း ၁၄ မိနစ် သွင်းဂိုးဟာ လီဗာပူးနဲ့ ၁ ဂိုးစီ သရေကျစေခဲ့သလို ဖလား ပြိုင်ပွဲမှာလဲ ကြီးမားတဲ့ အကျိုးဆက်တွ ဖြစ်စေခဲ့ပါတယ်။

မေလရောက်တဲ့အခါ ဒီဂိုးနဲ့ ဒီပွဲကို ပြန်ကြည့်ပြီး ဒါဟာ လီဗာပူးအတွက် ဖလားပြိုင်ပွဲမှာ ထိခိုက်သွားစေခဲ့တဲ့ အခိုက်အတန့်ပဲလို့ ပြန်ပြောရနိုင်ပါတယ်။

ဒီဇင်ဘာ နှောင်းပိုင်းကာလမှာတင် ဖလားပြိုင်ပွဲက ပြီးဆုံး သွားပြီလို့ ပြောတာက မဖြစ်နိုင်ဘူးဆိုတာ မှန်ပေမယ့် မန်စီး တီးရဲ့ အစဉ်အလာအရ သိပ်ပြီး ပြောင်းလဲသွာဖို့ မရှိလောက်ပါ ဘူး။

၂၀၂၁ ပြက္ခဒိန်နှစ်အတွင်း ပက်ဂွာဒီယိုလာရဲ့သင်းဟာ ပရီးမီး ယားလိဂ်မှာ ၆ ကြိမ်သာ ရှုံးနိမ့်ခဲ့ပြီး အဲ့ဒီထဲက တစ်ပွဲက မနှစ် က ရာသီကုန်မှာ ဖလားရဖို့ သေချာသွားပြီးနောက်မှ အမှတ်မ လိုတော့တဲ့အချိန် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာဖြစ်သလို အလားတူ ကာလအတွင်း သရေ ၂ ပွဲသာ ရှိခဲ့ပါတယ်။

သူတို့ဟာ မဆုတ်မနစ်ရဲ့ အရှိန်အဟုန်တစ်ခုကို အထိုင် ချထားတာကြောင့် စိန်ခေါ်လာမယ့်အသင်းတွေအနေနဲ့ သူတို့ ကို ယှဉ်ပြိုင်ဖို့တင်ပဲ ပွဲတိုင်းမှာ အမြင့်ဆုံး အဆင့်အတန်းတွေ ပြသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

တချိန်တုန်းက အမှတ်ကွာဟချက် ၆ မှတ်ဆိုတာ ဘာမှ
မည်မည်ရရ မဟုတ်ခဲ့ပါဘူး။ ပရီးမီးယားလိဂ်ဟာ ထိပ်ဆုံးကအသင်းတွေအပေါ် ဒီလောက် ကွာဟချက်နဲ့ ကျော်တက်နိုင်တဲ့ရာသီများစွာ ရှိခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးဟာ ခြေချော်ဖို့ အခွင့်အရေး မရှိ သလောက် ဖြစ်တာကြောင့် အခုချိန်မှာ အမှတ်ကွာဟချက် ၆ မှတ်က လိုက်မီလို့ မရနိုင်လောက်တဲ့ ပမာဏ ဖြစ်သွားပါ တယ်။လက်စတာကို ရှုံးခဲ့တဲ့ လီဗာပူးဟာ ချယ်ဆီးနဲ့ ထိပ်တိုက်တွေ့ ရဦးမယ့် ပွဲမတိုင်ခင် စီးတီးနဲ့ ၁၂ မှတ်အထိ ကွာဟနေပါတယ်။

ပြက္ခဒိန်နှစ်တစ်နှစ် အစမှာ ဒီလောက် ကွာဟထားပြီးတော့မှ ပြန်လိုက်မီခဲ့တဲ့အဖြစ်က ပရီးမီးယားလိဂ်သမိုင်းမှာ ၁၉၉၅-၉၆ ရာသီ တစ်ကြိမ်သာရှိခဲ့ပါတယ်။ ကယ်ဗင်ကီးဂန်းရဲ့ နယူးကာ ဆယ်ဟာ ယူနိုက်တက်ကို၁၂ မှတ် ဖြတ်ထားရာကနေ ရာသီ နှောင်းပိုင်းမှာ တဖြည်းဖြည်း အမှတ်တွေ ဆုံးရှုံးခဲ့ပြီး နောက်ဆုံးမှာ ယူနိုက်တက်က ၄ မှတ်အကွာနဲ့ ဖလားရခဲ့တာဖြစ်ပါတယ်။

၁၉၉၆ နယူးကာဆယ်နဲ့ ၂၀၂၁ မန်စီးတီးဆိုတာ အတော်လေး အင်အားကွာဟသွားပါပြီ။ ဂွာဒီယိုလာဟာ ဘယ်ပွဲမှာမ ဆို ကစားသမား သုံးလေးငါးယောက်ကို အနားပေးရင်တောင် အရည်အသွေးမလျော့သွားတဲ့ အင်အားရှိထားပါတယ်။

သူတို့မှာ နောက်ဆုံး ၃ ပွဲမှာ ၁၇ ဂိုးထိ သွင်းယူခဲ့ပြီး လက်စ တာနဲ့ပွဲမှာ ပထမ ၂၇ မိနစ်မှာတင် ၄ ဂိုး သွင်းယူခဲ့တဲ့ ကြောက် စရာ တိုက်စစ်အင်အားကို ပိုင်ဆိုင်ထားတာပါ။

လီဗာပူးဟာ အလားတူ အဆင့်အတန်းထိ ရောက်နိုင်စွမ်းရှိ ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် တည်ငြိမ်မှုမရှိပဲ စီးတီး လောက် လူအင်အား မတောင့်တင်းပါဘူး။ လီဗာပူးက ဒီအမှတ်ကွာဟချက်ကို လိုက်မီနိုင်မှာလား။ သမိုင်းကြောင်းအရတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချိန်တွေက မတူတော့ပါဘူး။ လိဂ်မှာ လူတိုင်းနဲ့ မတူညီတဲ့ ကြွယ်ဝမှုအဆင့်အတန်းရှိတဲ့ အသင်းတစ်သင်းကိုရင်ဆိုင်နေရတာပါ။

ဒါပေမယ့် စီးတီးဟာ ချန်ပီယံလိဂ်မှာ နောက်ပိုင်းအဆင့်တွေ ထိ ရောက်ရှိတဲ့အခါ လိဂ်မှာ အာရုံစူးစိုက်မှု လျော့သွားနိုင်ပြီး ခြေချော်တာတွေ ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ လီဗာပူးအနေနဲ့ အခု ကွာဟချက်ကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ ပွဲတိုင်းမှာ ပြီးပြည့်စုံတဲ့ အနေအထားကို ရောက်ဖို့ လိုအပ်မှာပါ။ နောက်ထပ်တစ်ပွဲ တောင် ထပ်ရှုံးလို့မရပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေ ဘယ်လောက်နည်းနည်း အခွင့်အရေးကတော့ ရှိတာမို့ မျှော်လင့်ချက်တော့ ထားရှိရမှာပါ။

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ဘယ်သူပိုင်ဆိုင်သွားမလဲ

၃၀။ ဒီဇင်ဘာ၊ ၂၁

(၁) ဆာလာ ၁၅ ဂိုး

မနှစ်က ဒုတိယ ရခဲ့တဲ့ ဆာလာဟာ ဒီနှစ်မှာ လိဂ်ဖလား
စိန်ခေါ်နေတဲ့ လီဗာပူးနဲ့အတူ သူ့ရဲ့ ၃ ကြိမ်မြောက် ရွှေဖိနပ်ဆုကို ပစ်မှတ်ထားနေပါတယ်။ လွန်ခဲ့တဲ့ ၄ ရာသီအတွင်း ဆာလာဟာ တစ်ရာသီ ပျမ်းမျှ ၂၄ ဂိုးအောက်လေးသာ ရောက်ခဲ့ ပြီး ဒီနှစ်မှာ အဲ့ဒီ့ မှတ်တမ်းကို ကျော်ဖြတ်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

(၂) ဒီယိုဂို ဂျိုတာ – ၁၀ ဂိုး

မနှစ်က ဂုဗ်က ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီသားဟာ ဖာမီ
နိုနဲ့ မတူညီတဲ့ ဂိုးခြိမ်းခြောက်မှုတွေလုပ်ခဲ့ပြီး ဒဏ်ရာ
နှောင့်ယှက်မှုရှိခဲ့တဲ့ မနှစ်ကထက် ဒီရာသီမှာ ပိုပြီးတော့
တောင် လုပ်ပြနိုင်ဖို့ ယုံကြည်မှု ရှိနေမှာပါ။

(၃) ဗာဒိ – ၉ ဂိုး

လက်စတာရဲ့ ဂန္တဝင်ကစားသမားတစ်ယောက် ဖြစ်နေပြီးသား ဗာဒီဟာ ဂိုးရှေ့မှာ တည်ငြိမ်မှုတွေ သိပ်ပြီး ပျောက်ဆုံးခဲ့ ခြင်းမရှိပဲ ရော်ဂျာရဲ့အသင်းအတွက် တစ်ရာသီလုံး ဂိုးတွေ ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။

(၄) ရာဖင်ညာ- ၈ ဂိုး

မနှစ်က ၆ ဂိုးသွင်း၊ ၉ ဂိုးဖန်တီးပေးခဲ့တဲ့ လိဒ်စ်ကြယ်ပွင့်ဟာယခုရာသီမှာလဲ အလားတူ ခြေစွမ်းကောင်းတွေ ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။

(၅) ဒန်းနစ် – ၈ ဂိုး

ဝက်ဖို့ဒ်ကို ရောက်လာပြီးကတည်းက အောင်မြင်တိုးတက် လာခဲ့တဲ့ နိုင်ဂျီးရီးယားသားဟာ ကလပ်အတွက် ဂိုးတွေ ပုံမှန်သွင်းယူပေးထားပါတယ်။

(၆) စမစ်ရိုး- ဂိုး

အလားအလာကောင်းတဲ့ ရာသီအစကို ရရှိခဲ့တဲ့ အာဆင်နယ် လူငယ်ကွင်းလယ်လူဟာ လက်စတာကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာလဲဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။

(၇) ဆွန်ယောင်မင် – ၈ ဂိုး

မနှစ်က ၃၇ ပွဲမှာ ၁၇ ဂိုး သွင်းယူခဲ့ပြီး အကောင်းဆုံး
မှတ်တမ်းရရှိခဲ့တဲ့ဆွန်ဟာ နောက်ဆုံး ၅ ရာသီမှာ ၁၀ ဂိုးနဲ့အထက် သွင်းယူခဲ့သလို ဟယ်ရီကိန်းခြေရာနင်းပြီး ရွှေဖိနပ်ဆုကို စိန်ခေါ်ဖို့ ကြိုးစားနိုင်ပါတယ်။

(၈) ခရစ္စတိယာနို ရော်နယ်ဒို – ၇ ဂိုး

မနှစ်က စီးရီးအေ ၃၃ ပွဲမှာ ၂၉ ဂိုးနဲ့ ရွှေဖိနပ်ဆု ရခဲ့တဲ့ ရော်နယ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ သွင်းဂိုးတွေနဲ့အတူ ကလပ်ကို ပရီးမီးယားလိဂ်ဖလား လမ်းကြောင်းပေါ်ရောက်အောင် ကူညီပေးနိုင်တယ်လို့ ပရိသတ်တွေက မျှော်လင့်နေမှာ ဖြစ်ပါတယ်။

(၉) မာနေး – ၇ ဂိုး

၂၀၁၈-၁၉ မှာ ဆာလာ၊ အူဘာမီယန်တို့နဲ့ ပူးတွဲရွှေဖိနပ်ဆုရ ခဲ့တဲ့နောက် မကြာသေးမီက ရာသီတွေမှာ ရုန်းကန်ခဲ့ရတဲ့ မာနေးဟာ အခု ရာသီအစမှာတော့ ပုံစံကောင်းတွေ ပြန်လည်ရရှိခဲ့ပါတယ်။



( ၁၀ ) ဘာနာဒိုဆေးဗား- ၇ ဂိုး

နွေရာသီမှာ မန်စီးတီးကနေ ထွက်ခွာဖို့ ချိတ်ဆက်ခဲ့ပေမယ့် အသင်းမှာ ဆက်နေဖြစ်ခဲ့တဲ့ ဆေးဗားဟာ ဒီရာသီမှာ ပက်ဂွာဒီယိုလာရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါတယ်။

(၁၁) မေဆန်မောင့် – ၇ ဂိုး

တူချယ်လက်အောက် ပုံစံကောင်းတွေ ရရှိနေဆဲဖြစ်ပြီး ချယ်ဆီးရဲ့ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အဓိက ကစားသမားအဖြစ် ဆက်လက် ကူညီပေးနေသူပါ။

(၁၂) စတာလင်- ၇ ဂိုး

မန်စီးတီးအတွက် ဂိုးရှေ့မှာ ကောင်းမွန်တဲ့ စွမ်းဆောင် ရည်တွေ ပြန်လည်ပြသနေတဲ့ တိုက်စစ်မှူးဟာ ပရီးမီးယားလိ ဂ်မှာ ဂိုး ၁၀၀ ပြည့်မြောက်သွားခဲ့ပြီး ဖြစ်ပါတယ်။

(၁၃) အန်တိုနီယို- ၇ ဂိုး

ပြီးခဲ့တဲ့ ၂ ရာသီမှာ ၁၀ ဂိုးနဲ့အထက် သွင်းယူခဲ့တဲ့ ဝက်စ်ဟမ်း တိုက်စစ်မှူးဟာ ဒီရာသီအစမှာ ခြေစမွမ်းကောင်းတွေ ပြသခဲ့ သလို ရာသီကုန်အထိ ဒီခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြမှာပါ။

(၁၄) မူပေး – ၇ ဂိုး

ဘရိုက်တန် တိုက်စစ်မှူးဟာ မနှစ်က ၈ ဂိုးပဲ ရခဲ့ပေမယ့် က ရေဟမ်ပေါ်တာရဲ့ ကစားကွက်မှာ အံဝင်နေတာနဲ့အတူ ဒီ ရာသီမှာ ၁၀ ဂိုးမှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ ယုံကြည်မှုရှိနေမှာပါ။

@worldclassfootballchannel