ကော်တင်ဟို ကို နံပါတ် ၁၀ ပေးသင့်ရဲ့လား
အခုလိုသတင်းတွေထွက်ပေါ်လာခဲ့တာနဲ့ပတ်သတ်ပီးတော့ တစ်ခုရှင်းပြလိုတာက ကော်တင်ဟိုကို နံပါတ် ၁၀ ပေးဖို့ ရည်ရွည်ချက်ကရှင်းပါတယ်ဗျ ပထမအချက်က စပိန်နိုင်ငံရဲ့ ဘောလုံးစည်းမျဉ်းဥပဒေအရ အသင်းလူစာရင်း အယောက်သုံးဆယ်စာ အဲ့သုံးဆယ်မှာ နံပါတ် တစ် ကနေ သုံးဆယ်ထိပဲ ဖြစ်ရမယ် ပီးတော့ နံပါတ်အကြီးကြီးတွေဝတ်ဆင်လို့မရတဲ့ဥပဒေရှိနေခဲ့ပါတယ် နောက်ပီးတော့ နံပါတ်ပိုင်တွေရှင်တွေ ဘယ်လောက်ပဲ နာမည်ကြီးခဲ့ ကျော်ကြားခဲ့ပါစေ အခြား ဥရောပလိဂ်တွေလို အနားပေးလို့မရတဲ့ ဥပဒေကလည်း ရှိနေပါတယ်။
ဒါကြောင့်ပဲ အဂွေရိုရောက်လာပေမယ့် အဂွေရိုက မက်ဆီ ချာတိတ်တုန်းက ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၉ ကို ကိုပဲ ဝတ်ဆင်မှာဖြစ်ပီး ကော်တင်ဟိုကတော့ လက်ရှိမှာ ကျောနံပါတ် ၁၄ ကို ဝတ်တင်ကစားနေသူတစ်ယောက်ဖြစ်ပေမယ့် လစ်လပ်သွားတဲ့ နံပါတ် ၁၀ Role နေရာကို ဖြည့်တဲ့သဘောနဲ့ သူ့ကို နံပါတ် ၁၀ ပေးသွားဖွယ်ရှိနေပါတယ်။ နောက်တစ်ခုရှိတာက ဒီကျောနံပါတ်ပိုင်ရှင်တိုင်းက ဘာစီလိုနာအသင်းရဲ့ ရော်နယ်ဒင်ဟို လူးဝစ်ဂါဆီယာ မက်ဆီ တို့လို တစ်ကယ့် ဒိတ်ဒိတ်ကျဲ ကစားသမားတွေ ဝတ်ဆင်ခဲ့တာဖြစ်ပီး ကော်တင်ဟိုကို နံပါတ် ၁၀ ပေးဖွယ်ရှိတယ်ဆိုတော့ နဲနဲတော့ အံ့အားသင့်ခဲ့ပါတယ်။
တစ်ချိန်လုံး ဒဏ်ရာပြသနာတွေပဲလုံးပန်းနေရတဲ့သူတစ်ယောက် ဒါပေမယ့်လည်းကောင်းပါတယ် နံပါတ်တစ်ဆယ်ပေးလိုက်ရင် အနားပေးရာလည်းရောက်တာပေါ့
ကဲပေးသင့်မသင့်လေး ငြင်းခုန်ပေးကြပါဦးဗျ
#worldclassfootball
#satnafc



