( Andres Pereira ကို Flamengo နဲ့ Man Utd တို့သဘောတူညီမှုရခဲ့ပါပီ )

အသက် ၂၅ နှစ်အရွယ်တိုက်စစ်ကစားသမားလေး Andres Pereira u အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်မီကလပ်မှထွက်ခွာနိုင်တဲ့ Red Devil ကစားသမားများထဲမှတစ်ဦးအဖြစ်ပါဝင်လာခဲ့ပါပီ။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၁-၂၂ ဘောလုံးရာသီအတွက် Andreas Pereira ကို Flamengo နဲ့သဘောတူညီမှုရရှိခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိဘရာဇီးလ်သားနှင့်မန်ယူအသင်းတို့အကြားသဘောတူညီမှုတစ်ခုရရှိခဲ့ကြောင်း Goal News ကဖော်ပြခဲ့ပီး နောက်နှစ်ကမ္ဘာ့ဖ လားမတိုင်မီ ပွဲထွက်ကစားခွင့်ပိုမိုရရှိနိုင်ဖို့ ကစားကိုတိုင်ကလည်း အသင်းပြောင်းရွှေ့ချင်နေတယ်လို့လည်းသိရှိခဲ့ပါတယ်။
Pereira ဟာအင်္ဂါနေ့ကအိုးလ်ထရက်ဖို့ဒ်မှာယူနိုက်တက်အသင်းရဲ့ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့လူစာရင်းမှာပါဝင်လာခဲ့ခြင်းမရှိတာကိုကြည့်ခြင်းအားဖြင့် ဒီနွေရာသီမှာသူ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးသွားဖွယ်ရှိနေပါတယ်။

( အခြေအနေကဘာလဲ? )
Pereira သည် ပြီးခဲ့သည့်ရာသီကလာဇီယိုတွင်အငှားဖြင့်ကစားခဲ့သော်လည်းအီတလီအသင်းက သူ့ကိုအပြီးသတ်ခေါ်ယူရန်ယူရို ၂၁ သန်း (ဒေါ်လာ ၂၉ သန်းပေးချေရမည်ကို မလိုလားခဲ့တာကြောင့် ယခုနှစ်ရာသီမတိုင်ခင်မှာတော့ မန်ချက်စတာသို့ပြန်လာခဲ့ပါတယ်။
ဘရာဇီးသားလေးက Ole Gunnar Solskjaer ၏အသင်းအတွက်သာကစားပေးချင်ခဲ့ပေမယ့် ပွဲထွက်ခွင့်နည်းပါးနေတဲ့သူ့အတွက် Brentford နှင့်ကစားခဲ့တဲ့ ပွဲမှာတော့ သူကစားသမားဘဝရဲ့ အကောင်းဆုံးဂိုးများထဲမှတစ်ခုကိုသွင်းယူပေးခဲ့ပီး အကောင်းမွန်ဆုံးခြေစွမ်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။

သို့ပေမယ့်လည်း ပွဲထွက်ခွင့် ပိုမိုလိုအပ်နေတဲ့ Pereira အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာက သူ့အတွက် ဘရာဇီးလ် လက်ရွေးစင်အသင်းနှင့်အတူ လာမယ့် Fifa World Cup 2022 မှာ ပါဝင်ခွင့်ရခြင်တာကြောင့်ပဲဖြစ်ပါတယ်။
ရာသီအဖွင့်ပွဲစဥ် လိဒ်အသင်းကို ၅-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ ပွဲမှာလည်း အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပီး ယူနိုက်တတ်ကလည်း သူ့ကို ရောင်းချဖို့ အလိုရှိနေတာပဲဖြစ်ပါတယ်။
GoalNews ရဲ့ဖော်ပြချက်အရ Flamengo သည်ချေးငွေယူရို ၈၅၀၀၀၀ (ပေါင် ၁ သန်း) နှင့်သူ၏လုပ်ခ ၆၀% ကိုကနဦးပေးချေပါလိမ့်မယ်၊ သို့ပေမယ့် သူ့ကို ယခုနှစ်ဘောလုံးရာသီကုန်မှ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်မယ် ဆိုတဲ့အချက်ပါဝင်နေခဲ့ပါတယ်။
Pereira သည်ယခုဘောလုံးရာသီ အပြောင်းအရွှေ့တံခါးမပိတ်မှီ လာမယ့်တစ်ပတ်ထဲမှာ အပြီးသတ်ပြောင်းရွှေ့နိုင်ဖွယ်ရှိနေပါတယ်။
( ဘာတွေပြောခဲ့ပြီးပြီလဲ? )
Flamengo ဘောလုံးအသင်း ဒု-ဥက္ကဋ္ဌ Marcos Braz သည်ယခုသီတင်းပတ်အစောပိုင်းက Pereira ကိုသူတို့ စိတ်ဝင်စားနေတယ်ဆိုတာကို အ တည်ပြုပြောကြားခဲ့ပါတယ်။
“ ငါတို့မှာ သူ့ကိုလေ့လာဖို့ ၂၈ ရက်အထိအချိန်ရှိခဲ့ပါတယ်။ ” သူကဥရောပမှာအကြီးမားဆုံးကလပ်အသင်းကြီးတစ်ခုက ကစားသမားတစ်ယောက်ပါ၊ သူ့ကိုခေါ်ယူဖို့ သဘောတူညီချက်နဲ့ပဲ ငါတို့အောင်မြင်နိုင်မလားဆိုတာကို ကြည့်ဖို့ ငါတို့ကြိုးစားရပါလိမ့်မယ် ” ဟူ၍ Braz က TNT Sports သို့ပြောကြားခဲ့သည်။
“ အခုညှိနှိုင်းမှုတွေလုပ်နေပါတယ်အထူးသဖြင့်သူ့လို အဆင့်အတန်းမြင့်တဲ့ ဒီလိုကစားသမားမျိုးကိုရဖို့တော်တော်ကြိုးစားပီးရှာဖွေခွင့်ရတဲ့အတွက် လည်း ကျွန်တော်တို့ပျော်ရွှင်ရပါတယ်။ ” ဆိုပီး Goal News မှာဖော်ပြသွားခဲ့ပါတယ်။
#satanfc
#worldcalssfootball
#goalnews
……We Are Satan……
⚽Thanks for Supporting ⚽
