ယခုဘောလုံးရာသီမှာတော့ ၂၀၂၀ခုနှစ် စက်တင်ဘာအပြောင်းအရွေ့မှာဝယ်ယူထားခဲ့တဲ့ ဝုဖ်ဗာဟန်တန် အသင်းကနေ ယူရို ၄၃သန်းနဲ့ ဝယ်ယူထားခဲ့တဲ့ တိုက်စစ်မှုလေး Degio Jota တစ်ယောက် ယခုဘောလုံးရာသီမှာတော့ ခြေစမ်းပွဲတွေမှာရော EPL ပွဲစဉ်၁ မှာရော ခြေစွမ်းပြခဲ့ပီး နည်းပြကြီး ကလော့ကို နည်းနည်းတော့ အာရုံနှောက်လိုက်ပါပီ ။
ဘာလို့လဲဆိုတော့ ပီးခဲ့တဲ့တစ်ရာသီလုံး ဒဏ်ရာပြသနာတွေကြောင့် ခြေစွမ်းတွေကြဆင်းပီးရုန်းကန်ခဲ့ရတဲ့ ဖာမီနို ၊ ဆာလတ်နဲ့ မာနေးတို့အကြားက ဆက်ဆံရေးဟာ တဖြည်းဖြည်းယိုယွင်းခဲ့တဲ့အကြောင်းအရင်းတွေကြောင့် သူတို့နှစ်တို့နှစ်ဦးလုံးရုန်းကန်ခဲ့ရတာတွေ နောက်ပီးတော့ ဆာလတ် ကိုတိုင် ဒဏ်ရာပြသနာတွေကြောင့် ရုန်းကန်ခဲ့ရချိန်တွေ အဲ့ဒိနှစ်မှာတော့ နည်းပြကြီး ကလော့အတွက် တော်တော့ကို တိုက်စစ်ပြသနာမှာခေါင်းစားခဲ့ရပါတယ် ရွေးချယ်စရာသိပ်မရှိခဲ့ပဲ မာနေး အော်ရီဂီ ရှကီရီ ဂျိုတာ တို့ကို အလျင်းသင့်သလိုအသုံးပြုခဲ့ရပါတယ် နောက်ခံလူတွေဖြစ်ကြတဲ့ ဗန်ဒိုက် နှင့် ဂိုမက်စ် တို့နှစ်ဦးစလုံးကလည်း ဒဏ်ရာပြသနာတွေကြောင့် တစ်ရာသီလုံးနားခဲ့ရပီး ကလော့အတွက်တော့ အဆိုးဝါးဆုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။
ကဲလာပါပီ Come Back Liverpool
ယခုနှစ်မှာတော့ ဘယ်သူ့ကို ရွေးမလဲခေါင်းစဉ်နဲ့အညီကလော့တစ်ယောက် ဘယ်သူ့ကိုရွေးချယ်မှာလဲ ဂျိုတာ အသင်းနဲ့ အံကိုက်ဖြစ်လာပီး မာနေး ဆာလတ် ဖာမီနို သုံးဦးစလုံးနဲ့ တွဲဖက်အသုံးပြုလို့ရနေတဲ့ အနေအထားကို ရောက်လာတဲ့အတွင် နည်းပြကြီး ကျဉ်းထဲကျပ်ထဲကို ရောက်နေပါပီ။
တကယ်လဲ လေးယောက်စလုံး ယခုနှစ်မှာတော့ ဒဏ်ရာပြသနာမရှိ တစ်သင်းလုံးကလည်း Restart ချထားတဲ့ အသင်းလိုပါပဲ နောဝှခ်ျ နဲ့ပွဲကို ကြည့်လိုက်ရင် မြင်နိုင်ပါလိမ့်မယ်။
တကယ့်လီဗာပူးလ် အစစ်အမှန်ပြန်လာခဲ့တဲ့အတွက် လီဗာပူး ပရိတ်သတ်တွေကတော့ အရမ်းကိုကျေနပ်ပီးပျော်ရွှင်နေကြပါလိမ့်မယ်။
ဒါပေမယ့် နည်းပြကြီးကလော့ စိတ်တိုင်းကြဝယ်ယူခဲ့တဲ့ ဂျပန်ကစားသမားလေး မီနာမီနို ကတော့ ယခုချိန်ထိ အသင်းနဲ့အံမဝင်နိုင်သေးဘူးလို့ပဲ သတ်မှတ်ရမလားပဲဗျ ဆောက်သမ်ပတန်အသင်းကို အငှားသွားရောက်ကစားရာကနေ ယခုနှစ် ဇွန်လမှာတော့ ပြန်လည်ရောက်ရှိလာခဲ့ပီး လီဗာပူး အသင်းနဲ့ ခရီးဆက်နိုင်ပါဦးမလား ပြန်လည်ရောင်းချခြင်း ဒါမှမဟုတ် အငှားပဲပြန်ချဦးမလား အသင်းမှာပဲ ပြန်ထားတော့မလားဆိုတာကိုတော့ ဆက်လက်ပီးစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။
နည်းပြကြီးကတော့ “ကျွန်တော်တို့မှာ တစ်ကယ်ကိုအရည်အသွေးပြည့်ဝတဲ့ တိုက်စစ်ကစားသမားလေးယောက် ရှိနေပါပီ ဘယ်သူ့ကိုရွေးချယ်ရမလဲဆိုတာကိုတော့ ကျွန်တော်မပြောလိုပါဘူး ယခုနှစ်ဘောလုံးရာသီ သူတို့လေးယောက်လုံးအတွက်တော့ ကျွန်တော်အရမ်းကို အားရကျေနပ်နေပါတယ်ဆိုပီး ပြောကြားသွားခဲ့ပါတယ်”။
သေချာတာတစ်ခုက ကျွန်တော့်အမြင် ဖာမီနိုကခြေမမှန်တဲ့အတွက် နေရာပျောက်နိုင်လောက်တယ် ![]()
Thanks for Supporting ![]()

