စပါးအသင်းက ကိန်းအတွက် ဆုံးဖြတ်ချက်ချမှတ်လိုက်တဲ့အပေါ် စီးတီးကဘာလို့များ စိုးရိမ်ဖို့မလိုအပ်တော့တာလဲ????

Pacos de Ferreira နဲ့ UEFA Conference League play-off ပွဲစဉ်အတွက် Harry Kane ကိုစပါးအသင်းမှာထည့်သွင်းခဲ့ပါတယ်။

Harry Kane သည်မန်ချက်စတာစီးတီးအားအနိုင်ရရှိခဲ့တဲ့  Tottenham အသင်းရဲ့ လူစာရင်းမှာမပါဝင်ခဲ့ခြင်းကြောင့် ကိန်း တစ်ယောက် အပြောင်းအရွှေ့နှင့်ပတ်သတ်ပီး မေးခွန်းများစွာရဲ့ဝန်းရံခြင်းကိုခံခဲ့ရပါတယ်။

စပါးက ကိန်းကို စီးတီးသို့ ရောင်းရန်မထိုက်တန်ဘူးဟု သတ်မှတ်ခဲ့ပီး ကိန်းကို စီးတီးသို့ပြောင်းရွေ့စေချင်နေတဲ့ မီဒီယာတွေအားလုံးရဲ့ ပြောဆိုဝေဖန်မှုတွေကို စပါးအသင်းကလစ်လျှုရှုပစ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်သည်ရာသီအကြိုပွဲစဉ်တွေမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့ပဲ တစ်ယောက်ထဲအထီးကျန်နေခဲ့ခြင်းဖြစ်ပီး သူရဲ့လုပ်ရပ်ကြောင့်ပဲ စပါးအသင်းက အသင်းဖော်များနှင့်သာလေ့ကျင့်ရေးစတင်ဆင်းခိုင်းစေခဲ့ပါတယ်။

ဒါပေမယ့်အခုသူကဒီအပတ် Pacos de Ferreira နဲ့ UEFA Conference League play-off အတွက်တော့တင်ဟမ်ရဲ့လူစာရင်းမှာထည့်သွင်းခံရပါပီ။

Kane ၏ယခုနှစ် ဘောလုံးရာသီ ပထမဆုံးပွဲထွက်လာမှုကိုမြင်နိုင်မှာဖြစ်ပီး UEFA ပြိုင်ပွဲ၌ ပါဝင်လာခြင်းသည် သူ့ကိုယခုနှစ်ရာသီ၌အခြားကလပ်အသင်းသို့ရောင်းချလိုခြင်းမပြုနိုင်တော့ဟူ၍သတ်မှတ်နိုင်သလိုဖြစ်ခဲ့ပီး  ကိန်းကိုအရမ်းမျော်လင့်နေကြတဲ့ စီးတီးပရိသတ်များအကြားစိုးရိမ်မှုများကိုဖြစ်ပေါ်စေခဲ့ပါတယ်။

#sth

#skysportnews

⚽Thanks for supporting ⚽