“Kane ကိုခေါ်ယူဖို့ ပြီးမြောက်အောင် လုပ်ဆောင် တော့မယ့် ဂွာဒီယိုလာ”
ဂွာဒီယိုလာတယောက် တော့တင်ဟမ်ဟော့စပါးရဲ့ တိုက်စစ်မှုးကို ဘာကြောင့်အရမ်းလိုအပ်နေလဲဆိုတာကို ယမန်နေ့ညက စပါးနဲ့ပွဲမှာပဲ မန်စီးတီးအသင်းကပြသခဲ့ပါတယ်
စီးတီးအသင်း အဖွင့်ပွဲစဉ်မှာ စပါးအသင်းကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ဂိုးပေါက်ပျောက်ဆုံးခြင်းရဲ့ ခြိမ်းခြောက်ခြင်းနှင့်ရင်ဆိုင်ခဲ့ရပီပဲဖြစ်ပါတယ်။
Pep Guardiola က မနေ့ညကပွဲမှာ သူ၏နည်းစနစ်ပိုင်းကို အရူးအမူးဖြစ်စေခဲ့ပြီး သူ့ရဲ့ မန်ချက်စတာစီးတီးအသင်းက Tottenham ပြန်လည်ချေပ နိုင်ရန် အရေးတကြီးလိုအပ်ခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး။

ဒါပေမယ့်မင်း သူ့ဘက်ဘာတွေမှားယွင်းခဲ့လဲဆိုတာကိုမြင်နိုင်ဖို့ ကမ္ဘာ့ဘောလုံးလောကရဲ့ အဆန်းသစ်ဆုံးနည်းပြဖြစ်ဖို့မလိုပါဘူး။ မနေ့ညကကစားပွဲမှာ တကယ်ကိုပဲ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရမှာပါ။
မန်စီးတီးသည် တိုက်စစ်မှုးတစ်ဦး အသည်းအသန် လိုအပ်နေပြီး သူရဲ့ ပြဿနာများအတွက်အဖြေကတော့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အမြင့်ပျံငှက်တကောင်ဖြစ်နေတဲ့ ဟာရီကိန်း ကိုရည်ညွှန်းခဲ့ပါတယ်။

စပါးအသင်းကဟယ်ရိကိန်းမပါဘဲ သူတို့ရှင်သန်နိုင်တယ်ဆိုပီး ပြသနိုင်ခဲ့ချိန်မှာ မန်စီးတီးကသူတို့ဘာကြောင့်သူ့ကိုတကယ်လိုချင်တာလဲ၊ ဘာကြောင့် သူ့ကို လိုအပ်တာလဲ ဆိုတာကို ထောက်ပြဝေဖန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာ ဂွါဒီယိုလာရဲ့ စီးတီး အသင်းက ထိပ်တန်းတိုက်စစ်မှုး စစ်စစ်တောင် မပါဝင်ခဲ့ပါဘဲ အမှတ်ပေးဖလားကို အခိုင်အမာရရှိခဲ့ပေမယ့် ယခုနှစ်ရာသီမှာတော့ မနှစ်တုန်းကလိုမျိုး ဖြစ်လာနိုင်မယ်မထင်မိတော့ပါဘူး။

သူတို့ရဲ့ အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီး၊ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ
ရာသီအဖွင့် ပထမအကျော့ပွဲစဉ် အစောပိုင်းမှာပဲ ဂိုးပြတ်နိုင်ပွဲများနှင့်အတူ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းနေရာ အသီးသီးမှာ ရောက်ရှိခဲ့ကြပါပီ
ဒါပေမယ့်လည်း ပတ်ဂွာဒီယိုလာရဲ့ စီးတီးအသင်းကတော့ ရာသီအဖွင့်မှာပဲ ရှုံးပွဲကြုံခဲ့ရပီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပီး တာထွက်မလှဖြစ်ခဲ့ရပါတယ်။

တစ်ကယ်တမ်းကြရင် စီးတီးဟာ အခြားပြိုင်ဘက်တွေထက်ပိုပြီးတော့ ပွဲကျပ်ခဲ့ပီး ရှုံးနိမ့်မှုဒဏ်ကိုလည်းစောစောစီးစီးခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာ တစ်ယောက်က သူတို့ဒီနှစ်မှာ ရင်ဆိုင်နေရတဲ့ တိုက်စစ်ပြသာနာကို ကောင်းကောင်းကြီး ထုတ်ဖော်ပြသွားနိုင်ခဲ့ပါတယ်။
စီးတီးနည်းပြ ဂွာဒီယိုလာ ကိုယ်တိုင်ကလည်း စက်တင်ဘာလအစ အပြောင်းအရွှေ့ဈေးကွက်မပိတ်မိ Kaneကို အပီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့် နေတယ်လို့ သိရပါတယ်။
ဘောလုံးချစ် ညီကိုများရဲ့ ထင်မြင်ချက်တွေကရော စီးတီး အသင်း ကိန်းကို အမှန်တကယ်ပဲ လိုအပ်ရဲ့လား စပါးအသင်းကလည်း ကိန်းမရှိတော့ တဲ့တိုက်စစ်က ရေရှည်သွားနိုင်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာ ကို ဝင်ရောက် ဆွေးနွေး သွားလို့ရနိုင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျ။
#sth
⚽Thanks for Supporting ⚽
