အားလုံးပဲ မင်္ဂလာပါခင်ဗျ ကျွန်တော်တို့ရဲ့ World Class Football Channel လေးကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျ

(ယခုပွဲစဉ်အပေါ် သုံးသပ်ချက်များ လွဲချော်မှားယွင်းတာများပါခဲ့ရင် အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ
ဘောလုံးချစ်ညီကိုများလည်း ဘယ်အသင်းကတော့ ဘယ်လိုကြောင့်ရှုံးတာ ဘယ်အသင်းကတော့ဘာကြောင့်နိုင်သွားတာ ဆိုတာတွေကို အောက်က ကွန်းမန့် ဘောက်လေးမှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ခင်ဗျ
⚽👇Thanks For Supporting👇⚽

ဒီနေ့တင်ဆက်ပေးမှာကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့ Super Sunday မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ NewCastle အသင်းနှင့် West Ham အသင်း Tottenham Hotspurs အသင်းနှင့် Manchester City အသင်းတို့ ရဲ့ ပွဲစဉ် တွေကို သုံးသပ်ပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျ။

(ပထမဦးဆုံး New Castle အသင်းက West Ham ကို ၂ ဂိုး ၄ ဂိုး နဲ့ ရှံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကို သုံးသပ်ပေးပါသွားပါမယ်)

Newcastle 2 – 4 West Ham

အိမ်ရှင် အသင်းရဲ့ ပွဲထွက်လူစားရင်းကတော့ သူတို့ အသင်းရဲ့ အဓိကကစားသမားတွေကိုပဲ ပွဲထုတ်ခဲ့ပါတယ်။ ၅ – ၃ – ၂ ပုံစံနဲ့ ကစားခဲ့ပီး တိုက်စစ်မှာတော့ အဓိကတိုက်စစ်မှုး ၂ ဦီး ဖြစ်တဲ့ Wilson နဲ့ Maximin တို့ကို တွဲဖက်အသုံးပြုသွားခဲ့ပါတယ်

West Ham အသင်းကတော့ Benrahma ကိုနောက်ချန်အဖြစ်ထားပီး Antonio ကိုတော့ အထောင်တိုက်စစ်မှုးအဖြစ် ကစားစေခဲ့ပီး ၄-၂-၃-၁ ဖြင့်ပွဲထွ က်လာခဲ့ပါတယ်။

နှစ်သင်းလုံးရဲ့ ကွင်းလယ်နဲ့ခံစစ်မှာတော့ အမာခံကစားသမားအများစုကို အသုံးပြုသွားခဲ့ကြပါတယ်။

ပွဲအစ တစ်မိနစ်မှာပဲ West Ham အသင်းက အိမ်ရှင် ကာဆယ် အသင်းရဲ့ ဧရိယာထဲမှာရှုတ်ရှက်ခက်နေတဲ့အနေအထားကနေ ရခဲ့တဲ့ ခေါင်းတိုက်ချက်ဟာ ဂိုးရလုနီးနီးဖြစ်ခဲ့ပေမယ့် ကာဆယ်အသင်းရဲ့ ကွင်းလယ်လူ Almiron က အချိန်မှီရှင်းထုပ်နိုင်ခဲ့လို့သာ အိမ်ရှင် ကာဆယ် အသင်း စောစောစီးစီးဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

၅ မိနစ်အရောက်မှာတော့ ကာဆယ် တိုက်စစ်မှုး Maximin ရဲ့ အလိမ်အခေါက်တွေကနေ ဧရိယာထဲကို ပေးပို့လိုက်ရာကတဆင့် WestHam ဂိုးဧရိယာထဲမှာ အသင့်ရှိနေတဲ့ တိုက်စစ်မှုး Wilson က ခေါင်းတိုက် အဆုံးသတ်နိုင်ခဲ့ပီး အိမ်ရှင် ကာဆယ် အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်ကျော်မှာတော့ West Ham အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်လူ Shelvey ရဲ့ ဖြတ်တင်မှုဟာ အရှိန်လွန်သွားခဲ့လို့ West Ham တို့ ချေပဂိုး ရမယ့် အခွင့်အရေးကို လက်လွတ်ခဲ့ရပါတယ်။

မကြာပါဘူး ၁၈မိနစ်အရောက်မှာတော့ တောင်ပံကစားသမား Bowen ရဲ့ ပေးပို့မှုကနေတဆင့် Cresswell ကပိတ်သွင်းနိုင်ခဲ့ပါတယ် အဆိုပါဂိုးကို စည်းကြပ်ဒိုင်က လူကျွံဘော သတ်မှတ်ပေးခဲ့ပေမယ့် Var ရဲ့စည်းမျဥ်းအသစ်ကြောင့်ပဲ West Ham တို့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ West ham အသင်းရဲ့အားထားရတဲ့ တောင်ပံကစားသမား Bowen ရဲ့ တကိုတော် အစွမ်းနဲ့ ထိုးဖောက်ပီး ကန်သွင်းခဲ့ပေမယ့် ကာဆယ်အသင်းရဲ့ ဂိုးသမား Woodmen ကာကွယ်နိုင်ခဲ့လို့သာ အိမ်ရှင်တို့ ကံကောင်းခဲ့ရပါတယ်။

၂၃မိနစ်မှာတော့ ကာဆယ်တို့တိုက်စစ် ဆင်လာရင်း ရလာတဲ့ အခွင့်အရေးကို တိုက်စစ်မှုး Wilson က နောက်ပေါက်နဲ့ ကန်သွင်းခဲ့ပေမယ့် ထိချက်ပျော့ပီး ဂိုးသမားဆီ တည့်တည့် ဖြစ်သွားခဲ့လို့ အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။

၂၅မိနစ်မှာတော့ အိမ်ရှင်အသင်းရဲ့ ကွင်းလယ်ကစားသမား Almiron ရဲ့ ကန်ချက်ဟာ West Ham နောက်ခံလူနဲ့ထိပီး ဘားတန်းထိထွက်သွားခဲ့လို့ အိမ်ရှင်တို့ ထပ်မံပီး နစ်နာခဲ့ရပြန်ပါတယ်။

ပွဲချိန်မိနစ် ၄၀ အရောက်မှာတော့ အိမ်ရှင် ကာဆယ်တို့ တိုက်စစ်စတင်လာရာကနေ ကာဆယ် နောက်ခံဘယ်အစွန်လူ Ritchie က WestHam အသင်းရဲ့ ညာထောင့်ကနေ ဖြတ်တင်ပေးလိုက်တာကို ဧရိယာထဲမှာ အသင့်လိုက်ပါလာတဲ့ နောက်ခံ ညာအစွန်လူ Marphy က ခေါင်းတိုက်ရင်း အဆုံးသတ်နိုင်ခဲ့ပီး အိမ်ရှင်ကာဆယ်အတွက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးရပီးနောက်မှာတော့ West Ham တို့ ပြန်လည်တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် ပထမပိုင်းမှာတော့ အိမ်ရှင် ကာဆယ်က ၂-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

👇ဒုတိယပိုင်း👇

ပွဲစပီး ၅၃ မိနစ်အရောက်မှာတော့ West Ham အသင်းရဲ့ တိုက်စစ်မှုး Antonio ရဲ့ ဖြတ်တင်ပေးမှုကနေတဆင့် ကာဆယ် ဧရိယာထဲ အသင့်ရှိ‌နေတဲ့ နောက်ချန်တိုက်စစ်မှုး Benrahma ကခေါင်းတိုက်ပီးအဆုံးသတ်နိုင်ခဲ့လို့ အိမ်ရှင် ကာဆယ် အသင်းရဲ့ ဦးဆောင်ထားခြင်းကို ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

ချေပဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရပြီးနောက် အိမ်ရှင်ကာဆယ်အသင်း ဆက်တိုက်ဆိုသလို တိုက်စစ်မြှင့်ဖိအားပေးခဲ့ပေမယ့် Westham ရဲ့ ဂိုးသမား Fabianski လက်စွမ်းပြခဲ့မှုကြောင့် အိမ်ရှင်တို့ ပြန်လည်ဦးဆောင်ခွင့်တွေနဲ့ လွဲချော်ခဲ့ရပါတယ်။

ပွဲချိန် ၆၃မိနစ်မှာတော့ WestHam တို့ ပင်နယ်တီ ရရှိခဲ့ပါတယ် ဒီပြစ်ဒဏ်ဘောကို တိုက်စစ်မှုး Antonio ကန်သွင်းခဲ့ပေမယ့် ကာဆယ်ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပီး ပြန်အန်ထွက်လာတဲ့ အနေအထားကို ထပ်ဆင့်ပြေးဝင်ပိတ်သွင်းပေးခဲ့တာကတော့ ကွင်းလယ်ခံစစ်ကစားသမား Soucek ပဲဖြစ်ခဲ့ပီး West Ham တို့က ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။

West Ham အသင်းက ဦးဆောင်ဂိုးရပီး ၃ မိနစ်အကြာမှာပဲ တန်ပြန်တိုက်စစ်ကနေ Benrahma ဖန်တီးပေးပို့မှုကနေတဆင့် ပင်နယ်တီ လွဲချော်ခဲ့တဲ့ တိုက်စစ်မှုး Antonio တစ်ယောက် ကာဆယ်အသင်းရဲ့ ၁၆ကိုက်လောက်အကွာကနေ အနိုင်သေချာစေမယ့် ဂိုးကို အပြင်းကန်သွင်းယူခဲ့ပါတယ်။

Castle အသင်းက West Ham အသင်းကို ဦးဆောင်ဂိုးတွေ ဆက်တိုက်ဆိုသလိုပေးခဲ့ရပြီး နောက်မှာတာ့ ပြန်လည် ခြေပနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကနေ့မှာ WestHam အသင်းနည်းပြ ဒေးဗစ်မိုရက်စ် မောင်းနှင်လာတဲ့ ကွင်းလယ်စုဖွဲ့မှုအား ကောင်းလွန်းခဲ့တာကြောင့်ရယ် နောက်တန်းနဲ့ ဂိုးသမား Fabianskiရဲ့ တည်ငြိမ်တဲ့ လက်စွမ်းတွေကြောင့်နဲ့ပဲ အိမ်ရှင် နယူးကာဆယ် အသင်းတို့ရဲ့ Castle ကြီးတစ်ခုလုံးကို Hammer တွေနဲ့ ထုချ ဖျက်ဆီး ခြင်းကိုခံခဲ့ရပါတယ်။

နှစ်သင်းလုံးတိုက်စစ်အသားပေးဟန်တွေနဲ့ တကယ်ကိုမှ အကြိတ်အနယ်ရှိခဲ့တာမို့ ဘောလုံးချစ်ပရိတ်တို့လည်း ယခုပွဲကို နှစ်သက်မယ်လို့မျော်လင့်ပါတယ်။

( Tottenham purs 1 vs 0 Man City )

ထင်ထားတဲ့အတိုင်းပဲ ဆွန် တို့ ကိန်းနေရာကို ဝင်ယူလိုက်ပါပီဆိုတာကို 💪🇰🇷

စပါးအသင်း နှင့် မန်စီးတီး အသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင် စပါးအသင်းက တိုက်စစ်မှုး ဆွန်ဟောင်မင် ရဲ့ ပွဲချိန် ၅၅ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးထဲသော ဂိုးနဲ့ပဲ အနိုင်ရလဒ်ကို ယူဆောင်သွားနိုင်ခဲ့ပါတယ်။

👇ပြန်သုံးသပ်ရမယ်ဆိုရင်👇

အိမ်ရှင်စပါးအသင်းက ၄-၂-၃-၁ နဲ့ Lucus Alli Bergwijn တို့နဲ့ တိုက်စစ်ကိုစုဖွဲ့ကာ ဆွန် ကို အထောင် တိုက်စစ်မှုး အဖြစ်ကစားစေပီး ကိန်းမရှိ လည်း ဖြစ်ပါတယ် ဆိုတာကို သက်သေပြသွားခဲ့သလိုပါပဲ

အရင်ကတော့ ကိန်း နှင့် ဆွန် ဟာ ခွဲမရနိုင်တဲ့ အတွဲအဖက်ဖြစ်ခဲ့ပေမယ့် ကိန်းတယောက်အပြောင်းအရွှေ့ကြောင့်ပဲ လူစာရင်းကနေ ချပ်လှန်ခံခဲ့ ရပီး ဆွန် ကိုတိုင်ကလည်း ကိန်းတယောက် အသင်းကနေထွက်ခွာချင်နေတဲ့အပေါ် အသင်းရဲ့ အထက်မှာ မည်သူမျှရှိမနေပါဘူး ဆိုပီး ကိန်းကို ဝေ ဖန်ခဲ့ပါသေးတယ်။

ယခုအခါမှာတော့ ဆွန်ဟာ ကိန်းရဲ့ နေ့ရက်တွေကို အသုံးတော်ခံတော့မလားဆိုတာကို လိုက်မေးနေစရာတောင်လိုမယ်မထင်တော့ပါဘူး။
ယခုစပါးပရိတ်သတ်တွေရဲ့ အချစ်တော်ဟာ ကိုရီးယားသားလေး ဆွန် ဖြစ်လာခဲ့ရပါပြီ။

မန်စီးတီး အသင်းကို ကြည့်မယ်ဆိုရင် ၄-၃-၃ နဲ့ ပွဲထွက်လာခဲ့ပီး ယခုနွေအပြောင်းအရွှေ့မှာပဲ ပူပူနွေးနွေးအသစ်ခေါ်ယူထားတဲ့ Grelish ကို ကွင်းလယ် ဘယ်ဝန်းမှာကစားစေပီး Fernandinho Gundogan တို့နဲ့တွဲဖက်စေခဲ့ပါတယ် တိုက်စစ်ကိုကြည့်ရင်လည်း Sterling / Ferran Torres / Mahrez တို့နဲ့ တကယ့် Fast Touch ပုံစံမျိုးကို အသုံးပြုသွားခဲ့ပါတယ်။ ဝါရင့် ကွင်းလယ်လူ De Bruyne ကတော့ ပွဲချိန် ၇၉ ရောက်မှ လူစားဝင်ရောက်ကစားခဲ့ပါတယ်။

ပွဲအစ ၃ မိနစ်မှာတော့ စီးတီးတို့ စပါး ဧရိယာ ထိပ်မှာ ပြစ်ဒဏ်ဘောရခဲ့ပါတယ် ကွင်းလယ်လူ ဂန်ဒိုဂန် ကန်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းပေါ် ကနေကျော်သွားခဲ့လို့ ဦးဆောင်ဂိုးရနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးလိုက်ရပါတယ်

နောက်ထပ်တစ်မိနစ်အကြာမှာပဲ စီးတီး တို့ ရတဲ့ ကော်နာဘောကနေတဆင့် Fernandinho ခေါင်းတိုက် အဆုံးသတ်ခဲ့ပေမယ့် ဂိုးဘားတန်းပေါ် ကနေကပ်ထွက်သွားလို့ ထပ်မံနစ်နာခဲ့ရပြန်ပါတယ်။

တရစပ်တိုက်စစ်ဆင်ရာကနေ စီးတီးတို့ နောက်ထပ်အပိုင်အခွင့်အရေးရပေမယ့် Jao Cancelo ကန်သွင်းခဲ့ရာမှာတော့ လွဲချော်ခဲ့ရပြန်ပါတယ်။ ပွဲချိန် ၂၃ မိနစ်မှာ အိမ်ရှင် စပါး အသင်းက စီးတီးဂိုးဧရိယာထိပ် ကိုက် ၃၀ လောက်ကနေပြတ်ဒဏ်ဘောရရှိခဲ့ပါတယ် Son ဖြတ်တင်ပေးလိုက် တာကို Bergwijn ခေါင်းတိုက်ရာကနေ ဂိုးသမားနဲ့ထိပီး ပြန်ထွက်လာတာကို Lucus ကပြန်ပိတ်သွင်းခဲ့ပေမယ့် စီးတီး ကွင်းလယ်လူ Gandoun ကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်အတွက် အဖွင့်ဂိုးနဲ့ ဝေးခဲ့ရပါတယ်

ဆက်တိုက်ဆိုသလိုပဲ ပွဲချိန် ၂၇ မိနစ်မှာ အိမ်ရှင်စပါးအသင်းကဖိအားပြန်ပေးရင်းရလာတဲ့ အခွင့်အရေးကို ထပ်မံအသုံးမချနိုင်ဖြစ်ခဲ့ရပြန်ပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာတော့ စီးတီး အသင်း ရဲ့ Sterling ထိုးဖောက်တိုက်စစ် ဆင်လာရာကနေ Cancelo ထပ်မံပိတ်သွင်းခဲ့ပေမယ့် လွဲချော်ပြန်ခဲ့ပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာတော့ စပါးအသင်း တန်ပြန်တိုက်စစ်က‌နေတဆင့် စီးတီး ဧရိယာထိပ်ကနေ Son ကန်သွင်းခဲ့ပေမယ့် ဂိုးဘားဘေးကနေ ကပ်ထွက်သွားခဲ့လို့ အိမ်ရှင်တို့ ထပ်မံနစ်နာခဲ့ရပြန်ပါတယ်။ နှစ်သင်းလုံး အပြန်အလှန်တိုက်စစ်ဆင်ရင်းနဲ့ပဲ ဂိုးမရှိ သရေ နဲ့ ပထမပိုင်း ပီးဆုံးခဲ့ပါတယ်။ ၂

👇ဒုတိယပိုင်း👇

ပွဲစပီး ၅၅ မိနစ်အရောက်မှာတော့ စပါးအသင်းတိုက်ဆင်လာရာကနေ တိုက်စစ်မှုး Son က စီးတီး ဧရိဘာ ထိပ် ၁၉ ကိုက် လောက်ကနေ စီးတီးဂိုးသမား အီဒါဆန်ရဲ့ ညာဘက်ထောင့်ကို မြေလှိမ့်ဘော ကန်သွင်းယူရင်း အိမ်ရှင်အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာတော့ နှစ်သင်းစလုံးအပြန်အလှန်တိုက်စစ်ဆင်ကစားရင်း ဘယ်သူ့ဘယ်သူမှ ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိတော့ပဲ ပွဲအပီး မှာတော့ အိမ်ရှင် စပါး အသင်းက Son ရဲ့ တစ်လုံးတည်းသော သွင်းဂိုးပဲနဲ့ နည်းပြ ပတ်ဂွာဒီယိုလာရဲ့ စီးတီးတွေကို အနိုင်ယူလိုက်ရင်း မန်ချက်စတာရဲ့ ကောင်းကင်ဟာ အနီရောင်တွေပဲ ဖြစ်တယ်ဆိုတာ ကိုထပ်လောင်းပြောကြားပေးလိုက်သလိုမျိုး ဖြစ်ခဲ့ရပါတယ်

⚽Thanks for Supporting ⚽

World Class Football Channel