၁၊ ဖေဖော်ဝါရီ၊ ၂၀၂၂

အဲဗာတန် အသင်းကို အငှားပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်တဲ့ မန်ယူအသင်းကွင်းလယ်လူ ဗန်ဒီဘိခ်ကတော့ လမ်းပတ်ကြောင့် အဲဗာတန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

လက်ရှိရာသီ မန်ယူအသင်းရဲ့ ပုံမှန်ပွဲထွက်စာရင်းထဲ ပါဝင်ခြင်းမရှိ ဖြစ်နေတဲ့ ဗန်ဒီဘိခ်ဟာ ယခုအပြောင်းအရွှေ့မတိုင်ခင်က ပဲလေ့စ် အသင်းထံ ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များပြားခဲ့ပေမယ့် နောက်ဆုံးမှာတော့ အဲဗာတန် အသင်းကို သာ ရွေးချယ်သွားခဲ့တာ ပဲဖြစ်ပါတယ်။

မန်ယူအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ၂၀၂၀ စက်တင်ဘာလ နောက်ပိုင်းကတည်းက ၁၉ ပွဲသာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရသလို လက်ရှိရာသီမှာလည်း တစ်ကြိမ်မှ ပရီးမီး ယားလိဂ်မှာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့် မရခဲ့တာ ကြောင့် ယခုအပြောင်းအရွှေ့က ၎င်းအတွက် အသင့်တော်ဆုံး အနေအထားမှာ ရှိနေခဲ့တာ တွေ့ရပါတယ်။

ဗန်ဒီဘိခ်က “ လမ်းပတ်နဲ့ ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှု တွေ ပြုလုပ်ခဲ့ပါတယ်၊ နောက်ပြီး သူနဲ့ ကျွန်တော်တို့ ၂ ယောက်စလုံးက ဘောလုံးနဲ့ ပတ်သက်တဲ့ အယူအဆတွေ ထပ်တူညီကြသလို ကျွန်တော်ဒီကို ပြောင်းလာဖို့အတွက် သူက အတော်လေးကို အရေးပါခဲ့ပါတယ်၊ သူနဲ့ ကျွန်တော်နဲ့က ကစားပုံခြင်း တူညီတဲ့ ကွင်းလယ်လူတွေ ဖြစ်တာကြောင့် သူ့ဆီကနေ ကျွန်တော် များစွာ သင်ယူနိုင်လိမ့်မယ် လို့လည်း ကျွယုံကြည်ထားပါတယ်၊ နောက်တစ်ခုက အဲဗာတန်ကို ကူညီပေးနိုင်ဖို့ ကျွန်တော် ဆန္ဒရှိပါတယ် ” ဆို ပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကွင်း လယ်လူအဖြစ် ရပ်တည်နေတဲ့ လမ်းပတ်ဟာ ချဲလ်ဆီးအသင်း ကို တာဝန်ယူခဲ့စဉ်တုန်းက ဗန်ဒီဘိခ်ပါဝင်ကစားနေတဲ့ အေဂျက် အသင်းကို သွားရောက်ရင်ဆိုင်ခဲ့ဖူးသလို အဆိုပါ အချိန် ကတည်းက ဗန်ဒီဘိခ်ကို စိတ်ဝင်စားခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

#skysport

#worldclassfootballchannel