၃ဇန်နဝါရီ၂၂

ကာဗာနီဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်နေတာနဲ့အတူ နည်းပြ ရက်ဖ်ရန်းနစ်က ကလပ်ဟာ သူ့ ကို အသင်းမှာ ဆက်နေစေချင်တယ်လို့ အသိပေးခဲ့ပါတယ်။

အီတလီနဲ့ စပိန်က အသင်းတွေ အပါအဝင် ကာဗာနီကို စိတ်ဝင်စားနေတဲ့ကလပ်များစွာ ရှိနေပေမယ့် အိုးလ်ထရက်ဖို့ဒ် မှာ ၄၉ ပွဲကစား၊ ၁၉ ဂိုး သွင်းယူခဲ့တဲ့ အသုံးဝင်တဲ့ ကစားသမားကို ရန်းနစ်က လက်မလွှတ်ချင်နေတာ ဖြစ်ပါ တယ်။

ကာဗာနီအတွက် သူ့ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရန်းနစ် “ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဆွေးနွေးမှုတချို့ လုပ်ခဲ့ပါတယ်။ ကစားသမားနဲ့ အများဆုံး ပြောဖြစ်ခဲ့တာပါ။ ပထမဆုံးနေ့ကတည်းက သူဟာ အတော် လေးကို အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်း ကျွန်တော် ပြောပြခဲ့ပါတယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုနဲ့ အလုပ်ကြိုးစားမှုက အံ့ဩစရာကြောင်းပါတယ်။ ကျွန်တော် သူ့ကို ရာသီကုန်အထိ ဆက်နေစေဖို့ အသည်းအသန် အလိုရှိ တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဒါကို သူသိတယ်ကျွန်တော် သူ့ကို ဘယ်လောက် လေးစားပြီး၊ ဘယ်လောက် အထင်ကြီး တယ်ဆိုတာ သူ ကောင်းကောင်းသိပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

အသင်းမှာ ကစားချိန်ရဖို့ ရုန်းကန်နေရတဲ့ နောက်ထပ် ကစားသမားတစ်ယောက်က ဗန်ဒီဘိခ်ဖြစ်ပြီး ရန်းနစ်ကတော့ အသင်းမှာ သူ့အတွက် နေရာတစ်နေရာရှိတယ်လို့ ယုံကြည် စေခဲ့တာပါ။

@worldclassfootballchannel