တစ်ခေတ်တစ်ခါတုန်းက ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်မက်ဒရစ်စတဲ့ ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ဖူးပြီးတော့ ရီးယဲလ်အသင်းနဲ့ပါ ဥရောပ ချန်ပီယံလိဂ်ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့ဖူးတဲ့ ကစားသမားဟောင်းကြီး ဇီရောဘတ်တိုဟာ အခုဆိုရင်တော့ သူရဲ့ခန္ဓာကိုယ်အချိုးအစား အပြောင်းအလဲတွေ ကြောင့် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ရပါ ပြီ။

၁၉၉၈ခုနှစ်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ဇီရောဘတ်တိုဟာ ဘယ်နောက်ခံလူအဖြစ်နဲ့ရော ကွင်းလယ်ကစားသမား အဖြစ်နဲ့ပါ ပါဝင်ကစားနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်သလို လူကောင် အရမ်းမထွားလှတဲ့ ဘောလုံးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တခြားသော ဘရာဇီးလ် ဘောလုံးသမားတွေလို ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်ပိုင်း ခန္ဓာကိုယ် ပုံပျက်ပန်းပျက် ကျသွားခဲ့ခြင်း မရှိတဲ့အပြင် Body Building ဘက်ကို ဇောက်ချဆောင်ရွက်ခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့် သူရဲ့ခန္ဓာကိုယ်ဟာ မယုံကြည်နိုင်လောက်အောင်ကို ပြောင်းလဲသွားခဲ့ရပါတယ်။

လက်ရှိမှာ ဘရာဇီးလ်ကလပ် ပါလ်မီးရပ်စ်အသင်းအတွက် နည်းစနစ်အကြံပေးတစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွှက်နေ တဲ့ ဇီရောဘတ်တိုဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ကာယဗလ မောင်တစ်ဦးလို ခန္ဓာကိုယ်မျိုး ပြောင်းလဲသွားကြောင်းကို သူရဲ့လူမှုကွန်ယက်ပေါ်ကနေ ဖော်ပြသွားခဲ့ပါသေးတယ်။ ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်အသင်း တွေရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ ဇီရောဘတ်တိုဟာ ချန်ပီယံလိဂ်ဖလား လာလီဂါဖလား ဘွန်ဒစ်လီဂါဖလားတို့ လို အဓိကဆုဖလားတွေ ပိုင်ဆိုင်နိုင်ခဲ့သလို ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့လည်း ကိုပါအမေရိကဖလားနဲ့ ကွန်ဖ ရက်ဒေးရှင်းဖလားတွေကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။

ကစားသမားဘဝအတွင်း ကလပ်အသင်းများစွာ အတွက် ပွဲပေါင်း (၈၄၀)အထိ ပါဝင်ကစားထားပေးခဲ့တဲ့ ဇီ ရောဘတ်တိုဟာ ၂၀၁ရခုနှစ်မှာပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကတည်းက ခန္ဓာကိုယ် ကြံခိုင်တောင့်တင်းလာအောင် စတင်လုပ်ဆောင် ခဲ့သလို ကိုဗစ်ကာလအတွင်း Lockdown ကာ လူတွေအနေနဲ့ နေအိမ်မှာနေရင်း ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ဖြစ်လာစေဖို့အတွက် သူရဲ့နေအိမ် ပန်းခြံအတွင်း လေ့ကျင့်ခန်း ဗီဒီယိုတွေ ရိုက်ကူးကာ သူရဲ့ အင်စတာဂရမ် ပေါ်ကနေ ပြန်လည်ဝေမျှမှုတွေပါ လုပ်ဆောင်ခဲ့ပါသေး တယ်။

@worldclassfootballchannel