PSG နဲ့ UCLဖလားယူဖို့ မျှော်လင့်နေတဲ့ အမ်ဘာပေ

၂၉၊ ဒီဇင်ဘာ၊ ၂၁

အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ မျှော်လင့်နေသလို ရာသီကုန်မတိုင်ခင်အထိ ကလပ်မှာ ဆက်နေသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

သူဟာ နွေရာသီအတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် စပိန်ဘီလူးတွေဟာ ပီအက်စ်ဂျီကို ရောင်းချပေးဖို့ မဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဒရစ်ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်တော့မယ့်အသက် ၂၃ နှစ်အရွယ် ကစးသမားကို နောက်ထပ်တစ်ကြိမ်ကမ်းလှမ်းသွားဖို့ မျှော်လင့်ရပါတယ်။

အမ်ဘာပေဟာ စပိန်မြို့တော်ကို ပြောင်းရွှေ့ချင်ခဲ့တယ်လို့ မ ကြာသေးမီက ဝန်ခံခဲ့ပေမယ့် ဇန်နဝါရီမှာ အပြောင်းအရွှေ့ လုပ်ဖို့ကိုတော့ ငြင်းပယ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့အတူ လက်ကျန် ရာသီကို ဖြတ်သန်းဖို့ သန္နိဌာန် ချထားတာ ဖြစ်ပါတယ်

“ကျွန်တော် ချန်ပီယံလိဂ်၊ လိဂ်ဖလားနဲ့ ပြည်တွင်းဖလားတွေ အောင်မြင်ဖို့ ရှိသမျှ အရာအားလုံး ပေးဆပ်သွားမှာပါ။ ပရိသတ်တွေအတွက် သူတို့နဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှု ပေးချင် ပါတယ်ကျွန်တော် အသင်းကနေ ထွက်ခွာချင်ခဲ့တယ်လို့ ပြောခဲ့တာက ရိုးရိုးသားသား ဝန်ခံခဲ့တာပါ။ ကျွန်တော် ဒီမှာ ဆက်နေရတာကိုလဲ ပျော်ပါတယ်ဒါက ကျွန်တော့်မြို့ပါပဲ။ ကျွန်တော်က ပြင်သစ်သားပါ။ ဒီရာသီမှာ ကလပ်နဲ့အတူ အရာ အားလုံး အောင်မြင်ချင်ပါတယ်။ ပါရီက ကျွန်တော့်မြို့ပါ။ ကျွန်တော်မွေးခဲ့တဲ့နေရာကြီးပျင်းခဲ့တဲ့နေရာပါ။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ရှိနေပြီး ပီအက်စ်ဂျီအတွက် ကစားပေး ရတာက အံ့ဩစရာကောင်းတဲ့ ခံစားချက်ပါပဲ”လို့ အမ်ဘာပေ က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မာရှယ်အတွက် ဆီဗီလာရဲ့ ကမ်းလှမ်းမှုကို မန်ယူပယ်ချ

၂၉၊ ဒီဇင်ဘာ၊ ၂၁

မန်ချက်စတာ ယူနိုက်တက်ဟာ မာရှယ်ကို အငှားခေါ်ယူဖို့ ဆီဗီလာရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာဒီရာသီ ပရီးမီးယား လိဂ်မှာ ၂ ပွဲသာ ပွဲထွက်ခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်မှာ ၆ နှစ်ခွဲ ကာလကို အဆုံးသတ်လိုက်ချင်ပြီဆိုတဲ့အကြောင်း နည်းပြ ရန်းနစ်ထံ ပြောပြခဲ့တာပါ။

လာလီဂါကလပ်က သူ့အပေါ် စိတ်ဝင်စားမှုကို အရှိန်မြှင့်လာတာနဲ့အတူ မာရှယ်အနေနဲ့ ဇန်နဝါရီမှာ သူ့ဆုတောင်းတွေပြည့်ဝနိုင်ဖွယ်ရှိပါတယ်။

ဆီဗီလာဟာ ရာသီကုန်ထိ အငှားခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး အဲ့ ဒီ့ထဲမှာ အပြီးသတ် ဝယ်ယူခွင့်တော့ မပါဝင်နေပါဘူး။

မာရှယ်ဟာ မန်ချက်စတာကို စွန့်ခွာချင်နေပြီး စပိန်ကို ပြောင်းရွှေ့ဖို့ ပိုအလိုရှိနေတယ်လို့ အေးဂျင့်ဖြစ်သူက အသိပေး ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဆီဗီလာရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပါ။

အဲ့ဒီ့ကမ်းလှမ်းမှုဟာ တိုက်စစ်မှူးရဲ့လစာတစ်ဝက်စာသာ ရှိပြီး သရဲနီတွေကတော့ လစာအပြည့်နဲ့ အငှားပြောင်းရွှေ့ကြေးကို ထည့်သွင်းမှသာ စဉ်းစားပေးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ သူတို့တောင်းဆိုတဲ့အတိုင်း မပေးဘူးဆိုရင် ၂၀၂၄ မှာမှ စာချုပ်သက်တမ်းကုန်မယ့် ကစားသမားကို ဇန်နဝါရီမှာ အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေ တာလဲ ဖြစ်ပါတယ်

၂၀၁၅ ပေါင် ၃၆ သန်းနဲ့ဗန်ဟား ခေါ်ယူခဲ့တဲ့ မာရှယ်ဟာ ကလပ်ရဲ့ အမြဲတမ်းနည်းပြ သုံးယောက်လုံး လက်အောက်မှာ တည်ငြိမ်မှုရဖို့ ရုန်းကန်ခဲ့ရပြီး လမ်းပျောက်နေခဲ့တာပါ။

၎င်းဟာ ဆိုးရှာရဲ့ ပထမဆုံး ရာသီအပြည့်မှာတော့ တောက်ပ ခဲ့ပြီး ပြိုင်ပွဲစုံ ၂၃ ဂိုး သွင်းယူခဲ့သလို ပြင်သစ်လက်ရွေးစင် အသင်းမှာ နေရာပြန်ရခဲ့ပါတယ်။

ဒါပေမယ့် အခု ယာယီနည်းပြ ရန်းနစ်က သူ့ကို ပယ်ထားတာ ဖြစ်သလို နယူးကာဆယ်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာလဲ လူ စာရင်းကနေ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်

ဒီခြေစွမ်းနဲ့ စီးတီးကို လိုက်မီဖို့မစဉ်းစားနဲ့လို့ လီဗာပူးကို ကလော့ပ်ဝေဖန်

၂၉ဒီဇင်ဘာ၊ ၂၁

လက်စတာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး လီဗာပူးအနေနဲ့ အဆင့်အတန်း ကျဆင်းသွားမယ်ဆိုရင် မန်စီးတီးကို လိုက်မီဖို့ အကြောင်း မေ့လိုက်လို့ရတယ်လို့ နည်းပြ ယာဂန်ကလော့ပ် ဝန်ခံခဲ့ပါတယ်။

လွတ်ခ်မန်းရဲ့ အနိုင်ဂိုးဟာ အမှတ်ပေးဇယား ဒုတိယနေရာ က လီဗာပူးကို ဖလားပြိုင်ပွဲမှာ မန်စီးတီးနဲ့ ၆ မှတ်အထိ ကွာ ဟသွားစေခဲ့တာပါ။

မိုဆာလာရဲ့ ပထမပိုင်း ပင်နယ်တီကို ကက်စ်ပါ ရှမိုက်ကယ်ကာကွယ်သွားခဲ့ပြီး ဒုတိယပိုင်းမှာ မာနေးကလဲ အခွင့်အရေးကောင်းကြီးကို လွဲချော်ခဲ့တာနဲ့အတူ ဖြုန်းတီးလွန်းတဲ့
ဧည့်သည်အသင်းဟာ ဒီရာသီ ဒုတိယအကြိမ်မြောက် ရှုံးပွဲကိုကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒါဟာ ၎င်းတို့ရဲ့ ၁၀ ပွဲဆက် မရှုံးတဲ့မှတ်တမ်းကို ရပ်တန့်သွား စေခဲ့ပြီး တနင်္ဂနွေနေ့မှာ တတိယနေရာက ချယ်ဆီးနဲ့ ကစားရ တဲ့အချိန်ကျရင် စီးတီးနဲ့ ၁၂ မှတ်အထိတောင် ကွာဟသွားနိုင် တဲ့ အခြေအနေ ရှိနေတာလဲ ဖြစ်ပါတယ်။

ကလော့ပ်က “ချယ်ဆီးနဲ့ ကျွန်တော်တို့တွေ ထိပ်တိုက်တွေ့ဖို့ ရှိသေးတယ်။ စီးတီးကို အသာစီးနဲ့ ဦးဆောင်ခွင့်ပေးဖို့ ကျွန်တော်တို့ရဲ့ အစီအစဉ်မဟုတ်ခဲ့ပါဘူး။ ဒီညကလိုမျိုး ကျွန်တော်တို့ ဆက်ကစားမယ်ဆိုရင် မန်စီးတီးကို လိုက်မီဖို့ အကြောင်း မစဉ်းစားနိုင်တော့ဘူး။ ကျွန်တော်တို့ရဲ့ ပုံစံ အစစ်အမှန်တိုင်းကစားပြီး ပွဲတွေကို အနိုင်ယူနိုင်ရင်တော့ ဘယ်နှမှတ်လောက် ရနိုင်မလဲဆိုတာ မြင်တွေ့ ရနိုင်ပါတယ်။ ဒီ ညအတွက်တော့ ကျွန်တော့်မှာ ဖြေရှင်းချက်ပေးစရမရှိပါဘူး။ အသင်းရဲ့ပြဿနာကို ရှာဖွေဖို့က ကျွန်တော့်ရဲ့ အဓိက စိုးရိမ် စရာပါ။ စီးတီးအကြောင်း စိုးရိမ်နေရမှာမဟုတ်ပါဘူး။

ဒါကကျွန်တော်တို့ရဲ့ ပုံစံ အစစ်အမှန်မဟုတ်ခဲ့ဘူး။ ကျွန်တော်တို့ အဆင်ပြေပြေ စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ ဟန်ချက်ညီမှု ပျောက်ဆုံးခဲ့ပြီး ဒါကို ဘယ်တော့မှ ပြန်ရှာမတွေ့ခဲ့ဘူး။ ကျွန်တော်တို့ ဒုတိယပိုင်းမှာ ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် တချို့အကြောင်းတွေကြောင့် အဆင်မပြေခဲ့ဘူး။

သူတို့ ဂိုးရသွားတဲ့အချိန် ကျွန်တော်တို့ ဖိအားအောက် ရောက်ခဲ့ရတယ်ကျွန်တော်တို့က သူတို့ကို ဖိအားပေးခဲ့တာ မှန်ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘူး။ လက်စ တာက အနိုင် ၃ မှတ်နဲ့ ထိုက်တန်ပါတယ်”လို့ မှတ်ချက်ပေးခဲ့ တာ ဖြစ်ပါတယ်။

နောက်ဆုံးရ ညဦးပိုင်းသတင်းတိုများ

၂၉၊ ဒီဇင်ဘာ၊ ၂၀၂၁

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ လက်စတာနဲ့ လီဗာပူး လ်တို့ရဲ့ ပွဲစဉ်မှာတော့ လက်စတာအသင်းက လူစားဝင် ကစားသမား လွတ်ခ်မန်းရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့အတူ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပြီး လီဗာပူးလ်ကတော့ အစောပိုင်း တုန်းက ရရှိခဲ့တဲ့ ပင်နယ်တီအခွင့်အရေးကို ဆာလတ်ချ်တစ် ယောက် အသုံးမချနိုင်ခဲ့တာကြောင့် ယခုလို ၁-၀ နဲ့ အရှုံးပေး လိုက်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားပွဲစဉ်တွေမှာ ပဲလေ့စ်က နော့ဝှစ်ချ်ကို ၃ ဂိုး ပြတ် အနိုင်ရခဲ့သလို ဝက်စ်ဟမ်းကလည် ဝက်ဖို့ဒ်ကို ၁-၄ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ကြပြီး ဆောက်သမ်တန်နဲ့ စပါးတို့ ကတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ကြကြောင်း သိရပါ တယ်။

လက်စတာအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ၎င်းတို့အနေနဲ့ ယခုပွဲ မှာ အတော်လေး ဆိုးရွားတဲ့ ခြေစွမ်းတွေ ပြသခဲ့ကြကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
လာမယ့် ၃၁ ရက်နေ့ ကစားဖို့ စီစဉ်ထားတဲ့ အဲဗာတန် ကာဆယ်တို့ရဲ့ ပွဲကိုနဲ့ဗိုင်းရပ်စ် ကူးစက်မှုအခြေအနေကြောင့် ဆက်လက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိပါတယ်။ စပါးအသင်းနည်းပြ ကွန်တီကတော့ မနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ ၁၀ယောက်ကျန် အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်ကို အနိုင်မရခဲ့တဲ့အတွက် အတော်

လေး စိတ်ပျက်ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပေတစ်ယောက် လာ မယ့် ဇန်နဝါရီအတွင်း ရီးရဲလ်ထံ ပြောင်းရွှေ့ဖြစ်ဖွယ် မရှိသေးပဲ အချိန်ထပ်မံစောင့်ဆိုင်းသွားဖို့ ရှိနေကြောင်း သတင်းများအရ သိရပါတယ်။

ပေါ်တိုအသင်းကို ၃ ဂိုးပြတ် အရေးနိမ်ခဲ့ပြီးနောက်မှာတော့အသက် ၆၇ နှစ်အရွယ် ဘင်ဖီကာ နည်းပြ ဂျော့ဂျ် ဂျီးဆပ်တစ်ယောက် အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့နိုင်ခဲ့ပြီ ဖြစ်တဲ့ ဖာရန်တော ရက်စ်ကတော့ ယခုအပြောင်းအရွှေ့ဟာ ၎င်းဘဝအတွက် အကြီးမားဆုံး ခြေလှမ်းတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းနဲ့ ကစားဖို့ စီစဉ်ထားတဲ့ နာပိုလီအသင်း ဟာ အသင်းရဲ့ အဓိက ကစားသမား လိုဇာနိုကို ဗိုင်းရပ်စ် ကူး စက်ခံထားရမှုကြောင့် အသုံးပြုနိုင်မှာ မဟုတ်ကြောင်း သတင်းရရှိပါတယ်။

ဒါ့အပြင် နာပိုလီအသင်းရဲ့ တိုက်စစ်မှူး လိုရန်ဇီလည်း ယခု လာမယ့် နွေရာသီအတွင်း မေဂျာလိဂ်ကလပ် တိုရန်တိုအက်ဖ် စိ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

@worldclassfootballchannel