သိပ်မကြာခင် ပရီးမီးယားလိဂ်ဂန္တဝင်ဖြစ်လာမယ့်သူကို ပြောပြခဲ့ တဲ့ ကာရေဂါ

၂၉၊ဒီဇင်ဘာ၂ဝ၂၁။
လီဗာပူးလ်နောက်ခံကစားသမားဟောင်း ဂျေမီ ကာရေဂါက အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ သိပ်မကြာမီ ကာလအတွင်း ပရီးမီးယားလိဂ်ဂန္တဝင်ကစားသမားဖြစ်လာ လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။
ယခုရာသီမှာ မြင်တွေ့ခဲ့သမျှထဲက အကောင်းဆုံး
ကစားသမားအကြောင်း စကားပြောဆိုရာမှာ ကာရေဂါကလီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူးကို နှစ်သက်ကြောင်း ပြောကြားပြီး ၎င်းရဲ့ မဲကို ပေးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ဆိုလိုချင်တာက နားထောင်လူတွေအများကြီး က ဆာလားက ကမ္ဘာပေါ်က ဒါမှမဟုတ် ထိပ်တန်လိဂ် ၂ ခု၊ ၃ ခုမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ ပြောခဲ့ကြ တယ်ခင်ဗျား မတူညီတဲ့လိဂ်တွေထဲက တခြားကစားသမား တွေကို ခင်ဗျား ပြောကောင်းပြောနိုင်ပါတယ်။ အမ်ဘာပေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘန်ဇီးမားက ရီးရဲလ်မက်ဒရစ် အတွက် အရမ်းကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဆာလားက ဒီရာသီ ကမ္ဘာ့ ဘောလုံးလောကမှာ အထူးချွန်ဆုံးကစားသမားဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။
မိုဟာမက် ဆာလားဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ပေးထားပြီး အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို ပြသ နေခဲ့တာဖြစ်ပါတယ်။ ကာရေဂါက အီဂျစ်လက်ရွေးစင် တိုက်စစ်မှူးဟာ လီဗာပူးလ်အတွက် ပွဲဦးထွက်ကစားပေးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ရာသီတုန်းက သွင်းယူနိုင်ခဲ့တဲ့ စံချိန်တင် ၄၂ ဂိုး နဲ့ ဂိုးဖန်တီးမှု ၂၂ ကြိမ်တို့ထက် ပိုမိုတဲ့ ဂိုးအရေအတွက်တွေ သွင်းယူပြနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။
ဘလွန်ဒီအော် မရလည်း အကောင်းဆုံးကစားသမားဖြစ်နေဆဲလို့ ပြောခဲ့တဲ့ မိုဗစ်

၂၉၊ ဒီဇင်ဘာ၊ ၂၀၂၁။
အေစီမီလန် ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က ဘ လွန်ဒေါဆုကို ဘယ်တုန်းကမှ မရရှိခဲ့တာကို ဘယ်လိုမှ စိတ် ထဲ မခံစားရဘူးလို့ ပြောကြားခဲ့ပြီး ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုကို မကိုင်မြှောက်နိုင်ခဲ့ပေမယ့်လည်း ၎င်းက အကောင်းဆုံးကစားသမားဖြစ်နေဆဲဖြစ်တယ်လို့ ယုံကြည်နေ တာဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်ရဲ့ ဘလွန်ဒေါအဆင့်သတ်မှတ်ချက်ဟာ ၂၀၁၃ ခုနှစ်တုန်းက အမြင့်မားဆုံးဖြစ်ခဲ့တာဖြစ်ပြီး ၂၅၇ မဲနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စ တာယူနိုက်တက်ကြယ်ပွင့် ရော်နယ်လ်ဒိုက ၁၃၆၅ မဲနဲ့ ၂၀၁၃ ခုနှစ်ရဲ့ ဘလွန်ဒေါဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီက ဒုတိယ၊ ရီဘာရီက တတိယနေရာမှာ အသီးသီး ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ လက်ရှိအချိန်မှာ ဘလွန်ဒေါဆုကို ၇ ကြိမ်နဲ့ အများဆုံး ရရှိထားတဲ့ ကစားသမားအဖြစ် စံချိန်တင်ထားသူ ဖြစ်ပြီး ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ မှာ ၂၀၂၁ ခုနှစ်အတွက် ဘလွန်ဒေါဆုကို စံချိန်တင်ဆွတ်ခူးခဲ့ တာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်က ၎င်းရဲ့ စာအုပ်အသစ်ဖြစ် တဲ့ “Adrenaline: My Untold Stories’ ကို မိတ်ဆက်ပြသတဲ့ပွဲ မှာ ဘလွန်ဒေါဆုကို ရရှိတာက ကောင်းမွန်တဲ့အရာဖြစ်လိမ့် မယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသက် ၄၀ အရွယ် ဆွီဒင်တိုက်စစ်မှူးက ဘောလုံးလောက က ၎င်းရဲ့ အဆင့်အတန်းကို သက်သေပြသ ဖို့အတွက် ကစားသမားတိုင်း လိုချင်နေကြတဲ့ ဘလွန်ဒေါဆုကို ရရှိဖို့ မလိုအပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ “ဘလွန်ဒေါဆုက ကောင်းမွန်တဲ့အရာပါ။ ဒါပေမယ့် ကျွန်တော်က အကောင်းဆုံး ကစားသမားဆိုတာကို သက်သေပြဖို့ အဲဒီဆုကို ရဖို့ မလိုအပ် ပါဘူး”လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါ တယ်။
ကြီးမားတဲ့အောင်မြင်မှုရမယ်လို့ ရော်နယ်လ်ဒို တစ်ကြိုပေးခဲ့တဲ့ ကစားသမား ၅ ဦး ဘာဖြစ်နေကြပြီလဲ

၂၉၊ ဒီဇင်ဘာ၂၀၂၁။
ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ အဓိကပြိုင်ဘက် လီယွန်နယ် မက်ဆီရဲ့ ဘလွန်ဒေါ ၇ ဆု ကို လိုက်မီဖို့ မဖြစ်နိုင်တော့ပေမယ့်လည်း ဘောလုံးသမိုင်းမှာ ဘယ်သူမှ ယှဉ်ပြိုင်လို့ မရနိုင်တဲ့ အမွေအနှစ်တွေ ချန်ထားရစ် ခဲ့ပြီဆိုတာ သေချာပါတယ်။
ဒါပေမယ့်လည်း အမြဲတမ်း ပရိသတ်တွေကြားမှာ အားကစား လောကရဲ့ နောက်ထပ်ကြီးမားတဲ့ ကြယ်ပွင့်တွေက ဘယ်သူ ဖြစ်မလဲဆိုတာ ငြင်းခုံမှုတွေက ရှိနေတာဖြစ်ပြီး ၂၀၁၅ ခုနှစ် တုန်းက ရော်နယ်လ်ဒိုကိုယ်တိုင် ကြီးမားတဲ့အောင်မြင်မှုတွေ ရနိုင်တဲ့ အလားအလာများစွာရှိတဲ့ ကစားသမားတွေက ဘယ် သူတွေလဲလို့ မေးမြန်းခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းကအာလင်း ဟာလန်းနဲ့ အမ်ဘာပေတို့ မပေါ်သေးတာကြောင့်ရော်နယ်လ်ဒိုက ၎င်းရဲ့ မျက်စိထဲမြင်တဲ့ ပါရမီရှင် ကစားသမား၅ ဦးကိုပဲ ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။
“ခင်ဗျား အလားအလာတွေ့ရှိတဲ့ ကစားသမားအများကြီးကို မြင်မှာပါ။ ကျွန်တော်ကတော့ ဥပမာအနေနဲ့ မက်ဒရစ်က မာတင် အိုဒီဂွါဒ်လို့ ပြောရလိမ့်မယ်။ သူက အသက် ၁၆ နှစ်ပဲရှိ သေးပြီး အရမ်းငယ်ရွယ်သေးပေမယ့် သူက အရမ်းကောင်းတဲ့ ကစားသမားဆိုတာ ခင်ဗျား မြင်နိုင်ပါတယ်။ အီဒင် ဟာဇက် ကလည်း နောက်ထပ် ဥပမာတစ်ခုဖြစ်ပြီး မန်ချက်စတာယူနို က်တက်ရဲ့ ကျောနံပါတ် ၇ မန်းဖစ် ဒီပိုင်းကလည်း ကစားသမားကောင်းပါပဲ။ ပြီးတော့ ပေါ့ဂ်ဘာနဲ့ နေမာ ဖြစ် ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုအနေနဲ့ အဲဒီစကားတွေကို ပြောခဲ့တာဟာ ၇နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး အဲဒီကစားသမားတွေ ဒီနေ့မှာဘာတွေဖြစ်နေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အီဒင် ဟာဇက်

၂၀၁၉ ခုနှစ် ဇွန်လမှာ ဘယ်လ်ဂျီယမ်တောင်ပံကြယ်ပွင့် အီ ဒင် ဟာဇက်ဟာ ချဲလ်ဆီးကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပါ တယ်။ ဒဏ်ရာပြဿနာတွေခြေစွမ်းတည်ငြိမ်မှု ရရှိဖို့ရုန်းကန်နေရတာတွေကြောင့် ဟာဇက်ဟာ ဘာနေဗျူးမှာ ရှိနေခဲ့တဲ့ ၂ ရာသီခွဲအတွင်း လာလီဂါပွဲစဉ် ၄၂ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး လာလီဂါသွင်းဂိုး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ အသက် ၃၀ အရွယ်
တောင်ပံကစားသမားအနေနဲ့ အသင်းပြောင်းရွှေ့သွားမယ်ဆိုရင်တောင် စိတ်ပျက်ကြမှာ မဟုတ်တော့ပါဘူး။
မာတင် အိုဒီဂတ်

ရော်နယ်လ်ဒို ရွေးချယ်ပေးခဲ့တဲ့ နောက်ထပ်ကစားသမားဖြစ် တဲ့ မာတင် အိုဒီဂွါဒ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ခက်ခဲကြမ်းကမ်း တဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီမှာ အာဆင် နယ်ကို ပြောင်းရွှေ့ပြီးကတည်းက တောက်ပနေခဲ့တာဖြစ်ပါ တယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာနေတယ် ဆိုတာ ငြင်းစရာမရှိဘဲ နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ မြောက်လန်ဒန်မှာ အဓိက ကစားသမားအဖြစ် တစ်နေရာ အခိုင်အမာ ရရှိထားပြီးလည်း ဖြစ်ပါတယ်။ ယခုရာသီ အာဆင် နယ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲပါဝင်ကစားပေးထား တာက ရီးရဲလ်မက်ဒရစ်မှာ ရှိနေခဲ့တဲ့ ၅ ရာသီလုံးမှာ ကစားခဲ့ရ တဲ့ပွဲအရေအတွက်နဲ့ယှဉ်ရင် ၂ ဆ ကျော်ပိုမိုများပြားနေတာ ဖြစ်ပါတယ်။
မန်းဖစ် ဒီပိုင်း

မန်းဖစ် ဒီပိုင်းနဲ့ပတ်သက်ပြီး ရော်နယ်လ်ဒို ဟောကိန်း ထုတ် ခဲ့တဲ့အချိန်တုန်းက အိုးထရက်ဖို့ဒ်မှာ ဒတ်ချ်တောင်ပံ ကစားသမားနဲ့ပတ်သက်ပြီး ကြီးမားတဲ့ မျှော်မှန်းချက်တွေရှိခဲ့ မယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ထင်သလို ဖြစ်မလာခဲ့ဘဲ မန်းဖစ် ဒီပိုင်းဟာ မန်ချက်စတာယူနိုက်တက်အတွက် ၅၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၈ ဂိုးသွင်းယူပေးခဲ့ပြီးနောက် အသင်းနဲ့ လမ်းခွဲသွားခဲ့ပါတယ်။ ဒတ်ချ်ကွင်းလယ်ကစားသမားဟာ လိုင် ယွန်အသင်းကို ပြောင်းရွှေ့ပြီး ၎င်းရဲ့ ကစားသမားဘဝကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ လိုင်ယွန်ကြယ်ပွင့်ဟောင်းဟာ လာ လီဂါ ၁၅ ပွဲမှာ ၈ ဂိုးသွင်းယူထားတာက မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒို ခန့်မှန်းထားတဲ့အတိုင်းတော့ ဖြစ်မလာခဲ့ဘူးလို့ ပြောရမှာဖြစ်ပါတယ်။
ပေါလ် ပေါ့ဂ်ဘာ

ရော်နယ်လ်ဒို အင်တာဗျူးဖြေတဲ့အချိန်တုန်းက ဂျူဗင်တပ် ကစားသမားဖြစ်နေပေမယ့်လည်း ပြင်သစ်ကွင်းလယ် ကြယ်ပွင့်ဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၀၅ သန်းနဲ့ အိုးထရက်ဖို့ဒ်ကို ပြန်လည် ပြောင်းရွှေ့ခဲ့ပါ တယ်။ အဲဒီအချိန်ကနေ လက်ရှိအချိန်အထိ ၆ နှစ်နီးပါး အိုးထ ရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ ကာလအတွင်း ၎င်းရဲ့ အလွန်ထက်မြက် တဲ့ စွမ်းရည်အချို့ ကို ပြသခဲ့တယ်ဆိုပေမယ့်လည်း ယူနိုက် တက်အတွက် တသမတ်တည်း ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ပေါ့ဂ်ဘာရဲ့ အနာဂတ်ဟာ အိုးထရက်ဖို့ဒ်မှာ မရှိတော့ တာက သေချာနေပါတယ်။
နေမာ

အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်ဟာ လွန်ခဲ့တဲ့ ၇ နှစ်ကျော်လောက်ကတည်းက ထိပ်တန်းအဆင့်မှာ ၎င်းရဲ့ ကြီးမားတဲ့ အရည်အချင်းကို ပြသနေခဲ့သူဖြစ်ပါတယ်။ ပထမ ဆုံး ဘာစီလိုနာအတွက် ပြသခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်း မှာလည်း ဆက်လက်ပြသနေခဲ့သူဖြစ်ပြီး နေမာအနေနဲ့ ဆု ဖလားတွေ အများအပြားရရှိခဲ့တယ်ဆိုပေမယ့်လည်း ဘလွန် ဒေါအဆင့်သတ်မှတ်ချက်မှာ အကောင်းဆုံးရပ်တည်နိုင်ခဲ့တာ ကတော့ တတိယနေရာ(၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်)သာ ဖြစ်ခဲ့ တာဖြစ်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးရဲ့ ခြေစွမ်း ဟာ သံသယရှိစရာမဟုတ်ပေမယ့်လည်း ရော်နယ်လ်ဒို ဟောကိန်းထုတ်ခဲ့တဲ့ အလားအလာအတိုင်းတော့ ဖြစ်မြောက် လာခြင်းမရှိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ကစားသမားတစ်ဦး လို့ ဆိုရမှာပါ။
ရာသီကုန်အထိ အနားယူရနိုင်ခြေရှိနေတဲ့ ချီဝဲလ်

၂၉၊ ဒီဇင်ဘာ၊ ၂၀၂၁
ချဲလ်ဆီးအသင်းနောက်ခံအစွန်လူ ဘင်ချီဝဲလ်ဟာ ၎င်းရဲ့ ဒူး အရွတ်ကြောစုတ်ပြဲဒဏ်ရာ ခွဲစိတ်ကုသဖို့ လိုအပ်နေတာ ကြောင့် ရာသီကုန်အထိ အနားယူရနိုင်ခြေရှိနေကြောင်းသတင်းရရှိပါတယ်။
ဂျူဗင်တပ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်က ရရှိခဲ့တဲ့ အဆိုပါ ဒဏ်ရာဟာ လက်ရှိ စစ်ဆေးခဲ့တဲ့ ရလဒ်တွေအရ မဖြစ်မနေ ခွဲစိတ်ကုသဖို့ လိုအပ်နေတာကြောင့် ချီဝဲလ်တစ်ယောက် ကာလရှည် အနားယူရဖို့ အကြောင်းဖန်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိရာသီအစပိုင်းကတည်းက စိတ်ပိုင်းဆိုင်ရာ၊ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ ချီဝဲလ်ဟာ မကြာသေးခင် ကမှ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့တာဖြစ်ပေမယ့် ယခုလို နောက်ထပ် ဒဏ်ရာထပ်မံရရှိခဲ့တာကြောင့် ချဲလ်ဆီး အသင်းအတွက်လည်း ထိုးနှက်ချက် တစ်ခုဖြစ်လာစေခဲ့တာ တွေ့ရပါတယ်။
ချီဝဲလ်ဟာ ဂျူဗင်တပ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲပြီးကတည်းက ၎င်းရဲ့ ဒဏ်ရာကို ဓါတ်မှန်ရိုက်ကူးခဲ့ပေမယ့် ခွဲစိတ်ခြင်းပြုမပြု ဖို့ကိုတော့ အစောပိုင်းတုန်းက သတင်းထုတ်ပြန်နိုင်ခဲ့ခြင်း 6 ရှိပဲ ယခုကျမှသာ ကစားသမားရဲ့ အခြေအနေကြောင့် အသင်း ဘက်က ခွဲစိတ်ပေးဖို့ မဖြစ်မနေ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။
ချီဝဲလ်ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲကတည်းက ဆောက်ဂိတ်ရဲ့ မျက်နှာသာ ပျောက်ဆုံးခဲ့ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုတွေ ခံစားနေရသူ တစ်ယောက်ဖြစ်ပြီး ယခုလို ဒဏ်ရာ ပြဿနာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်တဲ့ အတွက် လာမယ့် ကာတာ ကမ္ဘာ့ဖလားမှာ ထပ်မံပါဝင်ခွင့်ရ ဖို့ ရာခိုင်နှုန်း နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။
ဗန်ပါဆီအတွက် အကောင်းဆုံး အသင်းဖော် ၆ ဦး

၂၉၊ ဒီဇင်ဘာ၊ ၂၀၂၁
မန်ယူ၊ အာဆင်နယ် အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဗန်ပါ ဆီကတော့ ၎င်းကစားသမားဘ၀ တစ်လျှောက် တွဲကစားဖူးခဲ့ တဲ့ အသင်းဖော်တွေအနက် အကောင်းဆုံး ၆ ယောက်ကို ရွေးချယ်ပေးသွားခဲ့ပြီး မန်ယူအသင်းမှ ထွက်ခွါဖြစ်ခဲ့ရပုံကိုပါ ပရိသတ်တွေထံ ပြန်လည် ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ ကစားသမားဘဝအစပိုင်းကို
အကောင်းဆုံး ဖြတ်သန်းခဲ့ရတဲ့ ဗန်ပါဆီဟာ မန်ယူအသင်းထံပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ကာ အသက်၃၅ နှစ်အရွယ်မှာပဲ ကစားသမားဘဝမှ အနားယူခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ ယခုတစ်ခေါက် BBC နဲ့ ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းတစ်ခုမှာ တော့ ဗန်ပါဆီက “ တွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေအနက် အကောင်းဆုံးတွေကို ရွေးထုတ်ပြရဖို့က ကျွန်တော့်အတွက် ခက်ခဲပါတယ်ရွေးပြရမယ်ဆိုရင်တော့ ဘားကမ့်၊ အွန်နရီရွို င်ယန်ဂစ်၊ ပေါလ်စခိုး၊ ရွန်းနီ၊ နစ်တယ်ရွိုင်း စတဲ့ အသင်းဖော် ဟောင်းတွေကိုပဲ ရွေးပြရမှာပါ၊ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်
ဗန်ပါဆီဟာ မန်ယူအသင်းတိုက်စစ်မှူးဟောင်း နစ်တယ်ရွိုင်း နဲ့ ကလပ်အသင်းမှာ တွဲမကစားခဲ့ရဖူးပေမယ့် လက်ရွေးစင် အသင်းဟော်လန်အတွက်တော့ အတူတွဲဖက် ကစားခွင့် ရခဲ့ဖူး သူတစ်ယောက်ဖြစ်ပြီး ၎င်းတို့တွဲဖက်ကစားခဲ့တဲ့ ၁၇၂ ပွဲ အတွင်း သွင်းဂိုး ၈၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ကြတာလည်း တွေ့ ရပါတယ်။
ဒါ့အပြင် ၎င်းရဲ့ အကြိုက်ဆုံး နောက်ခံအတွဲအဖက်ကိုတော့ မန်ယူအသင်းနောက်ခံလူဟောင်းတွေဖြစ်ကြတဲ့ ဖာဒီနန်နဲ့ ဗီဒ စ်တို့ရဲ့ အတွဲအဖက်ကို ရွေးချယ်ပေးသွားခဲ့တာ ဖြစ်ပြီး ရွန်းနီနဲ့ အွန်နရီတို့ကတော့ တိုက်စစ်ပိုင်းမှာ တွဲကစားခွင့်ရခဲ့တာ ကြောင့် ပိုမိုကြိုက်နှစ်သက်ခဲ့ရတာ ဖြစ်ပါတယ်။
ယခုတစ်ခေါက် အင်တာဗျူးအစီအစဉ်အတွင်း ဗန်ပါဆီတစ် ယောက် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်အကျန်မှာ တင် အသင်းမှ ထွက်ခဲ့ရပုံကို ပြန်လည် ရှင်းပြခဲ့ပြီး အဓိက အကြောင်းအရင်းကတော့ အဆိုပါ အချိန်က အသင်းနည်းပြ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဗန်ဟားရဲ့ တွန်းအားပေးမှု ကြောင့် ယခုလို အခြားအသင်းထံ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့တာ တွေ့ရပါတယ်။
