မကစားရတာကြာသွားလို့ သရေကျခဲ့တာဆိုတဲ့ မက်ဂွိုင်းယား

၂၉၊ဒီဇင်ဘာ၊ ၂၀၂၁

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်း ယားကတော့ နယူးကာဆယ်နဲ့ ပွဲမှာ ရလဒ်ကောင်း မရယူနိုင်ခဲ့ ခြင်းဟာ ၁၆ ရက်ကြာ ပွဲစဉ်တွေနဲ့ ဝေးကွာခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

နယူးကာဆယ် အသင်းကို နောက်ကနေ လိုက်လံကစားခဲ့ပြီး သရေတစ်မှတ် ရယူခဲ့ရတဲ့ မန်ယူအသင်းဟာ ကိုဗစ်ကူးစက်မှု ဒဏ်တွေကြောင့် ပြီးခဲ့တဲ့ ၁၆ ရက်လုံးလုံး ပွဲကစားခွင့်မရခဲ့ သလို ယခုတစ်ခေါက် နယူးကာဆယ်နဲ့ ပွဲမတိုင်ခင် ၂ ရက် အလိုလောက်မှ စတင်ကာ အသင်းလိုက် လေ့ကျင့်ခန်းဆင်း နိုင်ခဲ့တာလည်း တွေ့ရပါတယ်။

နယူးကာဆယ်ကတော့ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရ ပေမယ့် ပွဲစဉ်ရွှေ့ဆိုင်းခံရခြင်း မရှိခဲ့တာကြောင့် အသင်းလိုက် အနေအထားက မန်ယူအသင်းထက် သာလွန်ကောင်းမွန်ခဲ့ပြီး ဒီဂီယာရဲ့ လက်စွမ်းပြသမှုတွေကြောင့်သာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

မက်ဂွိုင်းယားက “ တကယ်လို့ အခုလို ရာသီဝက်လို အချိန် မျိုးမှာ ၁၆ ရက်လောက် အနားမယူခဲ့ရရင် ကျွန်တော်တို့ အတွက် တော်တော်လေး အကူအညီဖြစ်စေခဲ့မှာပါ၊ ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးကွင်းလည်း ပိတ်ထားခဲ့ရသလို ဒီ ပွဲမှာ ပါဝင်ကစားခဲ့ရတဲ့ ကစားသမားတစ်ဝက်လောက်က လည်း ဗိုင်းရပ်စ်ကူးစက်မှုကနေ ပြန်လည် သက်လာတဲ့သူတွေ ပါ၊ ဒါ့ကြောင့် ကျွန်တော်တို့အတွက် ခက်ခဲခဲ့ရတာပါ၊ က

“ ပြီးခဲ့တဲ့ ၁၆ ရက်လုံးလုံး ကစားခွင့်မရခဲ့တာက ကျွန်တော် တို့အတွက် ထိခိုက်မှုတော်တော်လေး ကြီးမားခဲ့တယ်ဆိုတာ လူတိုင်းသိပါတယ်၊ ဒီလို သရေရလဒ်အတွက်တော့ ကျွန်တော် တို့ ကျေနပ်ရမှာပါပဲ၊ ဒါပေမယ့်လည်း စိတ်ပျက်ခဲ့ရတာတော့

အမှန်ပါပဲ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၇နေရာမှာ ရပ်တည်နေရတဲ့ အသင်းဖြစ်ပြီး ရှေ့လာမယ့် သောကြာနေ့ မှာ ဘန်လေ နဲ့ ဆက်လက် ကစားသွားရမှာ ဖြစ်ပေမယ့် အဝါ ကဒ် ၅ ကဒ်ပြည့်သွားခဲ့တဲ့ အဓိက ကွင်းလယ်လူ ဖာနန်ဒက်စ် ကတော့ ပါဝင်လာနိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

မာစီယဲလ်အတွက် စတင်ကမ်းလှမ်းလိုက်တဲ့ ဆီဗီလာ

၂၉၊ ဒီဇင်ဘာ၊ ၂၀၂၁

လာလီဂါကလပ် ဆီဗီလာအသင်းဟာ မန်ချက်စတာယူနိုက် တက် အသင်းတောင်ပံတိုက်စစ်မှူး မာစီယဲလ်ကို အငှားခေါ် ယူနိုင်ဖို့ တရားဝင် ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။

အစောပိုင်းကတည်းက ဆီဗီလာနဲ့ သတင်းတွေ ထွက်ပေါ်နေ တဲ့ မာစီယဲလ်ဟာ အသင်းမှ ထွက်ခွါလိုနေတဲ့ ဆန္ဒတွေကို နည်းပြဖြစ်သူ ရန်းဂ်နစ်ထံ အသိပေးထားပြီး ဖြစ်သလို ကစားသမားရဲ့ အေးဂျင့်ကိုယ်တိုင်ကလည်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားတာ တွေ့ရပါတယ်။

ယခုတစ်ခေါက်မှာတော့ မာစီယဲလ်ကို ရာသီကုန်အထိ အငှား ခေါ်ယူခွင့်ရဖို့ ဆီဗီလာအသင်းက တရားဝင် စတင်ကမ်းလှမ်း လိုက်တာဖြစ်ပေမယ့် အဆိုပါ အငှားစာချုပ်ပြီးနောက် အပြီးသတ် ဝယ်ယူရမယ့်အချက်အလက်တွေကို ထည့်သွင်း ကမ်းလှမ်းခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

နည်းပြ ရန်းဂ်နစ်ကတော့ ပွဲကစားချိန်ရဖို့ အသင်းပြောင်းချင် နေတဲ့ မာစီယဲလ်ရဲ့ ဆန္ဒကို ခွင့်ပြုပေးနေလိုပေမယ့် မန်ယူ အသင်းဘက်ကတော့ ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာနဲ့သာ ပြောင်းရွှေ့ခွင့်ပြုလိုနေတာကြောင့် ယခုအချိန်အထိ ဆီဗီလာ ရဲ့ ကမ်းလှမ်းမှုကို အကြောင်းပြန်ခြင်း မရှိသေးတာလည်း တွေ့ရပါတယ်။

မာစီယဲလ်ဟာ မန်ယူအသင်းထံမှ လက်ရှိ တစ်ပါတ်လုပ်ခ ပေါင် ၂သိန်းနဲ့အတူ နောက်ထပ် ၂ နှစ်ခွဲအထိ သက်တမ်း ကျန် ရှိနေသေးတာကြောင့် မန်ယူအသင်းဘက်ကလည်း ပေါင် သန်းအထိ ပေးချေခဲ့ရတဲ့ မာစီယဲလ်ကို စိတ်ကြိုက်ဈေးနဲ့ ၅၈ ရောင်းချခွင့်ရဖို့ အချိန်များစွာ ကျန်ရှိနေသေးပြီး အပြီးသတ် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာမယ့် အသင်းကိုသာ ဦးစားပေး ရွေးချယ်သွားဖို့ ပြင်ဆင်ထားကြတာ ဖြစ်ပါတယ်။

ယခုရာသီ အဝါကတ် ၅ ကတ်ပြည့်သွားလို့ ဘန်လေနဲ့ပွဲကို လွဲ တော့မယ့် ယူနိုက်တက်ကြယ်ပွင့်

၂၈၊ ဒီဇင်ဘာ၊ ၂၀၂၁။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့လာမယ့်ပွဲစဉ်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်ကို ပါဝင်ကစားပေးနိုင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ကြာသပတေးနေ့ညမှာ ရှောင် ဒိုက်ချ်ရဲ့ ဘန်လေအသင်းနဲ့ ပရီး မီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ လက်ခံ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ နယူးကာဆယ်လ်အသင်းနဲ့ စိတ်ပျက်ဖွယ် တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ တနင်္လာနေ့ည ပွဲစဉ်အတွင်း ၂၀၂၁-၂၀၂၂ ရာသီရဲ့ အဝါကတ် ၅ ကတ်မြောက်ကို ပြသခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟာ ဒုတိယပိုင်းမှာ ကွင်းလယ်ဒိုင် ခရိတ်ဂျ် ပေါ်ဆန်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စောဒကတက်ခဲ့တာကြောင့် အဝါ ကတ်ပြား ပြသပြီး သတိပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ပရီးမီး ယားလိဂ်ရဲ့ စည်းမျဉ်းစည်းကမ်းစာအုပ်မှာ ဖော်ပြထားချက် အရ ရာသီရဲ့ ပထမဆုံး ၁၉ ပွဲအတွင်း အဝါကတ်ပြား ၅ ကြိမ် ပြသခံရတဲ့ ကစားသမားအနေနဲ့ တစ်ပွဲပယ် ပြစ်ဒဏ် ကျခံရ မယ်လို့ သိရပါတယ်။

အဲဒါကြောင့် ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက် စ်ဟာ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အရေးကြီးတဲ့ပွဲစဉ်မှာ ပါဝင်ကစားပေး နိုင်တော့မှာမဟုတ်ဘဲ ၎င်းရဲ့နေရာမှာ နယူးကာဆယ်လ်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခြင်းမခံခဲ့ရတဲ့ ဗန်ဒီ ဘိ ခ်က ပါဝင်ကစားပေးသွားဖွယ် ရှိနေပါတယ်။

@worldclassfootballchannel