
အီတလီနဲ့တွေ့ရင် ရော်နယ်ဒို ခံစားသွားရလိမ့်မယ်-ဘိုနူချီ
၂၈၊ ဒီဇင်ဘာ၊ ၂၁
ပေါ်တူဂီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်မှာ အီတလီ နဲ့ တွေ့ရင် ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ ခံစားသွားရလိမ့် မယ်လို့ ဂျူဗင်တပ် အသင်းဖော်ဟောင်း ဘိုနူချီက ပြောဆိုခဲ့ပါ တယ်။
အဇူရီတွေဟာ အရင်ဆုံး မြောက်မက်ဆီဒိုးနီးယားနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပေါ်တူဂီက တူရကီနဲ့ တွေ့ရမှာပါ။
အဲ့ဒါပြီးရင် အနိုင်ရရှိတဲ့ အသင်း ၂ သင်းက ကမ္ဘာ့ဖလားဝင် ခွင့်တစ်နေရာအတွက် ပလေးအော့ဖ် ထပ်စားရမှာဖြစ်လို့ အီ တလီနဲ့ ပေါ်တူဂီတို့ထဲက အနည်းဆုံး တစ်သင်းကတော့ ကာ တာ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။
“ကျွန်တော် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ စကားပြောဖြစ်ခဲ့ပါ တယ်ဖြစ်နိုင်ဖွယ်ရှိတဲ့ ပေါ်တူဂီနဲ့ အီတလီပွဲအကြောင်း ကျွန်တော်တို့ ဟာသပြောခဲ့ကြပါသေးတယ်။ ဘာတွေဖြစ်လာ မလဲဆိုတာတော့ ကွင်းထဲမှာ တွေ့ရမှာပေါ့။ ထိပ်တိုက်တွေ့တဲ့ အခါ ခရစ္စတီယာနိုလဲ အကျုံးခံရမယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ကွင်းထဲမှာ ဘာလုပ်မလဲဆိုတဲ့အပေါ် အာရုံစိုက် ထားဖို့လိုတယ်။ ပြီးတော့ မတ်လမှာ ကျွန်တော်တို့ ထပ်တွေ့ရ မှာပါ။ ကျွန်တော်တို့ ပွဲကောင်း ၂ ပွဲ ကစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ဘိုနူချီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အီတလီနဲ့ ပေါ်တူဂီတို့ဟာ ပလေးအော့ဖ်အဆင့် ကစားဖို့ ထက် ပိုမြင့်တဲ့ နေရာကို မျှော်လင့်ထားခဲ့တာနဲ့အတူ ဒီနေရာ ကို ရောက်နေရတာက စိတ်ပျက်စရာတော့ ကောင်းပါတယ်။
ယူရို ၂၀၂၀ ဖလားပိုင်ရှင် အဇူရီတွေအတွက်တော့ တုန်လှုပ် စရာ အနေထားတစ်ခု ဖြစ်ပြီး အီတလီက ပေါ်တူဂီနဲ့ တွေ့ရ တော့မယ်လို့ သေချာပေါက် ပြောလို့မရသေးပေမယ့်လဲ ၎င်း တို့နှစ်သင်းဟာ မြောက်မက်ဆီဒိုးနီးယားနဲ့ တူရကီတို့ကိုတော့ အသီးသီး အနိုင်ရရှိဖို့ ရေပန်းစားနေမှာ ဖြစ်ပါတယ်။
မန်ယူကနေ ထွက်ချင်နေပေမယ့် မာရှယ် ကမ်းလှမ်းမှုမရသေး

၂၈၊ ဒီဇင်ဘာ၊ ၂၁
အန်သိုနီ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာ ချင်ကြောင်း ရက်ဖ်ရန်းနစ်ကို ပြောပြခဲ့ပေမယ့် သူ့အတွက် ကမ်းလှမ်းမှုတော့ မရရှိသေးပါဘူး။
ပြင်သစ်သားဟာ ကစားချိန်ပိုရဖို့ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာချင်နေတာဖြစ်ပြီး သူ ထွက်ချင်ရတဲ့အကြောင်းကို ရန်း နစ်က နားလည်ပေမယ့် သူ့ဆန္ဒပြည့်မလားဆိုတာကို အတည်ပြုခဲ့ခြင်း မရှိတာဖြစ်ပါတယ်။
၎င်းကို စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရတဲ့ ကလပ်အသင်း များစွာထဲမှာ ဆီဗီလာလဲ အပါအဝင် ဖြစ်ပေမယ့် ယူနိုက် တက်အနေနဲ့ တိုက်စစ်ကစားသမားအတွက် ဘာကမ်းလှမ်းမှုမှ မရသေးတာပါ။
မာရှယ်ရဲ့အေးဂျင့်ဖြစ်သူ လမ်ဘိုလေက ကစားသမားဖြစ်သူ ဟာ အသင်းကနေ ထွက်ခွာချင်တဲ့အကြောင်း လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ပြောပြခဲ့တာ ဖြစ်ပါတယ်။
မာရှယ်ဟာ သူ့ရဲ့ စိတ်ဆန္ဒကို ယာယီနည်းပြထံ ပြောပြခဲ့တာ နဲ့အတူ ဒီအကြောင်းကို အခု ရန်းနစ်က အတည်ပြုခဲ့တာပါ။
“ကျွန်တော်တို့ အကြာကြီး စကားပြောဖြစ်ခဲ့ပါတယ်။ သူက ယူနိုက်တက်မှာ ၇ နှစ်ကြာ ရှိနေခဲ့ပြီးတော့ အပြောင်းအလဲ လုပ်ဖို့ အချိန်ကျပြီလို့ ထင်တဲ့အကြောင်း ကျွန်တော့်ကို ရှင်းပြ ခဲ့ပါတယ်။ ဒါကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ကျွန်တော် သူ့အတွေးတွေကို နားလည်တယ်။ ဒါပေမယ့် တဖက်မှာလဲ ကလပ်ရဲ့ အခြေအနေကို ကြည့်ဖို့အရေးကြီး တယ်။ ကျွန်တော်တို့မှာ ကိုဗစ်အချိန်တွေရှိတယ်။ ပြိုင်ပွဲသုံးခု ရှိနေပြီး ဒီပြိုင်ပွဲတွေမှာ ကျွန်တော်ဟာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ထားရှိထားဆဲဖြစ်ပြီး တတ်နိုင်သလောက် အောင်မြင်ချင်ပါတယ်။ ဘယ်အပြောင်းအရွှေ့မဆို ကစားသမားရဲ့ စိတ်ဝင်စားမှုတစ်ခုထဲနဲ့ မရပါဘူး။ ကလပ်ရဲ့ စိတ်ဝင်စားမှုလဲ ရှိသင့်တယ်။ ကျွန်တော်သိသလောက်တော့ တခြားကလပ်တွေဆီက ကမ်းလှမ်းမှုတွေ မရှိခဲ့ဘူး။ ဒါကြောင့် ကမ်းလှမ်းမှုမရသေးသရွေ့ မာရှယ်က အသင်းမှာ ဆက်နေ သွားမှာပါ”လို့ ရန်းနစ်က ရှင်းပြခဲ့တာပဲ ဖြစ်ပါတယ်
အာဆင်နယ်ရဲ့ စာချုပ်ကမ်းလှမ်းမှုကို ငြင်းခဲ့တဲ့ လာကာဇက်

၂၇၊ ဒီဇင်ဘာ၊ ၂၁
အာဆင်နယ်ရဲ့ နောက်ဆုံး စာချုပ်သစ်ကမ်းလှမ်းမှုကို လာ ကာဇက် ငြင်းပယ်ခဲ့တာဟာ ဇန်နဝါရီမတိုင်ခင် အာတီတာ အတွက် အဓိက အကျပ်ရိုက်စရာတစ်ခု ဖြစ်စေပါတယ်။
ပြင်သစ်သားဟာ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်မှာဖြစ် တာကြောင့် ရာသီကုန်မှာ ဖရီးအေးဂျင့်အနေနဲ့ အမ်းမရိတ်စ်ကို စွန့်ခွာသွားတော့မှာပါ။
လာကာဇက်ဟာ မကြာသေးမီက လတွေအတွင်း ပုံစံကောင်း တွေ ပြသထားခဲ့ပြီး အသင်းမှာ အသင်းခေါင်းဆောင်ရာထူးက နေ ဖြုတ်ချခံခဲ့ရတဲ့ အူဘာမီယန်ရဲ့ နေရာကို ရယူခဲ့တာ ဖြစ်ပါ တယ်။
သူဟာ ဦးဆောင်သူနေရာတစ်ခုမှာ ဆက်လက်ရှင်သန်ခဲ့ တယ်လို့ အာတီတာက ပြောဆိုခဲ့တာနဲ့အတူ အသက် ၃၀ အရွယ် ကစားသမားဟာ ယာယီအနေနဲ့ ကပ္ပတိန်လက်ပတ်ကို ဝတ်ဆင်ခဲ့ရတာပါ။
အူဘာမီယန်ရဲ့ အနာဂတ်က မရေမရာ ဖြစ်နေတာနဲ့အတူ
အာဆင်နယ်ဟာ မြောက်လန်ဒန်မှာ လာကာဇက်ကို ဆက်ရှိ နေစေဖို့ အသည်းအသန် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် တိုက်စစ်မှူးကတော့ တခြားနေရာတစ်ခုမှာ ရေရှည်စာချုပ်ချုပ်ဖို့ မျှော်လင့်နေတာနဲ့အတူ အာဆင်နယ်ရဲ့တစ်နှစ် သက်တမ်းတိုး ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။
နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားတော့မှာ ဖြစ်ပေမယ့် အာတီတာက လာကာဇက်ကို အသင်ခေါင်းဆောင်အဖြစ် ဆက်ပေးထားချင်နေတာပါ။
အနာဂတ်မှာ လာကာဇက်က အသင်းခေါင်းဆောင်လက်ပတ် ကို ဆက်လက်ရယူနိုင်လားလို မေးမြန်းခဲ့ရာ အာတီတာက “သူက ဂုဏ်ယူပြီးတော့ စိတ်အားထက်သန်စွာနဲ့ အသင်း ခေါင်းဆောင်နေရာကို တာဝန်ယူခဲ့ပါတယ်။ သူရဲ ကစားပုံနဲ့ ပတ်သက်ပြီး ကျွန်တော် တကယ်ကို ကျေနပ်ပါတယ်။ သူက ခေါင်းဆောင်နေရာနဲ့ လိုက်ဖက်တယ်။ ဒါပေမယ့် အဝတ်လဲ ခန်းထဲမှာ အမြဲတမ်း သူက အဲ့ဒီလိုပုံစံပါပဲတခြားကစးသမား တွေကို သူဘယ်လောက် ကူညီချင်စိတ်ရှိလဲဆိုတာ မြင်နိုင်ပါ တယ်။ ဒါက သူ့ရဲ့ ပင်ကိုယ်စိတ်ပဲ။ သူက တကိုယ်ကောင်း ဆန်တဲ့ ကစားသမားမဟုတ်ဘူး။ ကျန်တဲ့လူတွေကို ပိုကောင်း အောင် ကူညီပေးနိုင်ရင် ပျော်နေတတ်တဲ့လူပါ။ အဝတ်လဲခန်း ထဲမှာလဲ သူ့ပုံစံက အဲ့ဒီအတိုင်းပါပဲ”လို့ အာတီတာက ပြောဆို ခဲ့တာ ဖြစ်ပါတယ်။
