
၂၇၊ ဒီဇင်ဘာ၂၀၂၁
လက်စတာအသင်းကို ကနဦး အစောပိုင်း ၄ ဂိုးပြတ်
ဦးဆောင်ထားနေချိန်မှာ ပြိုင်ဘက်ရဲ့ ၃ ဂိုးဆက်တိုက် ချေပခြင်း ခံခဲ့ရတဲ့ မန်စီးတီး အသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ ယခုပွဲဟာ အတော်လေး အန္တရယ်များလွန်းခဲ့ကြောင်းပွဲအပြီး ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
လက်စတာနဲ့ ကစားခဲ့ရတဲ့ ယခုပွဲစဉ်ဟာ ၂ သင်းပေါင်း သွင်း ဂိုး ၉ ဂိုးအထိ အပြန်အလှန်သွင်းယူနိုင်ခဲ့ကြပြီး မန်စီးတီး အသင်းက ပထမပိုင်း ၂၅ မိနစ်အတွင်းမှာတင် သွင်းဂိုး ၄ ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမယ့် လက်စတာကလည်း ဒုတိယပိုင်း မှာ ဆယ်မိနစ်အတွင်း ချေပဂိုး ၃ ဂိုး လိုက်လံသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းအတွက် လာပေါ်တေးနဲ့ စတား လင်းတို့က သွင်းဂိုး ၂ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ယခု လို ၆-၃ ရလဒ်နဲ့ ပွဲကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး အမှတ်ပေး ဖယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေနိုင်ခဲ့တာ ဖြစ်ပါ တယ်။
ယခုပွဲနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ ဒီပွဲက ဘောက်ဆင်ဒေး ပွဲစဉ်ပါပဲ၊ ဒီပွဲက တော်တော်လေးကို ကြည့်ကောင်းခဲ့တဲ့ ပွဲ 63: ဖြစ်မှာပါ၊ ကျွန်တော်တို့ဆီမှာ သွင်းဂိုးတွေ သွင်းယူနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်၊ အဲ့ဒီ အရည်အသွေး တွေ မရှိရင် ဘယ်လောက်ပဲ နည်းစနစ်ကောင်းတဲ့ နည်းပြဖြစ် နေပါစေကောင်းကောင်း ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး၊

ဒီပွဲနဲ့ ပတ်သက်ပြီး ပြောရရင် တကယ့်ကို ထိတ်လန့်ဖို့ ကောင်းခဲ့ပါ တယ်၊ ကျွန်တော်တို့ ၄ ဂိုးပြတ် ဦးဆောင်ထားနိုင်တာတောင်မှ သူတို့ရဲ့ တိုက်စစ်ဆင်မှုတွေနဲ့ အလူးအလဲခံခဲ့ရတာပါ၊ သူတို့ဆီ မှာလည်း ကစားသမားကောင်းတွေ ရှိကြပါတယ်၊ အထူးသဖြင့် တန်ပြန်တိုက်စစ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားကြပါ တယ် ” ဆိုပြီး ဝန်ခံပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
