
၂၇၊ ဒီဇင်ဘာ၊ ၂၀၂၁
ယနေ့မနက် အစောပိုင်းက ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲ စဉ်တွေမှာတော့ ချဲလ်ဆီးက ဗီလာကို အဝေးကွင်းမှာ ၁-၃ နဲ့ အနိုင်ရရှိခဲ့ပြီး ဘရိုက်တန်ကလည်း ဘရတ်ဖို့ဒ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ဒါ့အပြင် အခြားအသင်းကြီးတွေ ဖြစ်ကြတဲ့ အာဆင်နယ်ကလည်း နော့ဝှစ်ချ်ကို ဝ-၅ နဲ့ လည်းကောင်း၊ စပါးကလည်း ပဲလေ့စ်ကို ၃-၀ နဲ့လည်းကောင်း ၊ မန်စီးတီးကလည်း လက်စတာကို ၆-၃ နဲ့ လည်းကောင်း အသီးသီး နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြတာ တွေ့ ရပါတယ်။
အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ နော့ဝှစ်ချ် အသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲအတွင်း အသင်းကွင်း လယ်ပိုင်းကို စိုးမိုးထိမ်းချုပ်နိုင်ခဲ့တဲ့ အိုဒီဂတ်ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ် အသင်းဟာ ယခုပွဲကို ကစားနိုင်ခဲ့ပေ မယ့် ၎င်းတို့အသင်းမှာ ကစားသမား ၃ ဦးကျော် ဗိုင်းရပ်စ် ကူး စက်ခံထားရတာကြောင့် ရှေ့လာမယ့် ဝုဗ်နဲ့ ပွဲကို ရွှေ့ဆိုင်း ခံထားရကြောင်း သတင်းရရှိပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ တူချယ်ကတော့ ဗီလာအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ကစားပေးပြီး သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ လူကာကူရဲ့ ပြန်လည် ကြံ့ခိုင်မှုရှိလာတဲ့ အနေအထားအပေါ် အားရကျေနပ်နေပြီး ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ရိုးမားအသင်းဟာ အာဆင်နယ် အသင်းရဲ့ လူငယ်ကွင်းလယ် ကစားသမားလေး မိတ်လန်း နီးလက်စ်ကို ကနဦး ၆ လအငှား စာချုပ်နဲ့ ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း သတင်းရရှိ ပါတယ်။
ယခုနောက်ဆုံး ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ မန်ယူ အသင်းဟာ ယခုလာမယ့် ဇန်နဝါရီမှာ မာစီယဲလ်ကို အသင်း ပြောင်းရွှေ့ဖို့ ခွင့်ပြုပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ချဲလ်ဆီး အသင်းတောင်ပံတိုက်စစ်ကစားသမား ပူလီဆစ် ကတော့ လက်ရှိ ပရီးမီးယားလိဂ် ကစားသမားတွေအနက်လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလတ်ချ်ကသာ အကောင်းဆုံး ဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
လူစားလဲခွင့် ၅ ကြိမ်ရဖို့ တောင်းဆိုလိုက်တဲ့ တူချယ်

၂၇၊ ၊ ဒီဇင်ဘာ၊ ၊ ၂၀၂၁
ချဲလ်ဆီး အသင်းနည်းပြ တူချယ်ကတော့ လက်တလော ဆိုး ဆိုးဝါးဝါး ကြုံတွေ့နေရတဲ့ ကိုဗစ် ကပ်ရောဂါကြောင့် လူစား လဲမှု ၅ ကြိမ်အထိ ပြုလုပ်ပေးဖို့ ပရီးမီးယားလိဂ် တာဝန်ရှိသူ
တွေထံ တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက လူစားလဲမှု ၅ ကြိမ်အထိ ခွင့်ပြုခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ဟာ အဆိုပါ အစီအစဉ်ကို ယခုရာသီအစပိုင်း မှာ ဖျတ်သိမ်းခဲ့ဖူးပေမယ့် ယခုလို အခြေအနေ ပြန်လည်ဆိုးဝါး လာချိန်မှာတော့ ပြန်လည် စတင်သွားဖွယ် ရှိနေပြီး တူချယ်က လည်း အဆိုပါ အစီအစဉ်ကို ထပ်မံထောက်ခံလိုက်တာ ဖြစ်ပါ တယ်။
ပရီးမီးယားလိဂ် တာဝန်ရှိသူတွေအနေနဲ့ အဆိုပါ လူစားလဲ ခွင့် ၅ ကြိမ်အစီအစဉ်ကို ပြန်လည် ကျင့်သုံးလိုနေပေမယ့် လူစားလဲလှယ်ဖို့ ကစားသမားအင်အား နည်းပါးနေတဲ့ အသင်း ငယ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် ယခုရာသီမှာ ပြန်လည် ကျင့်သုံးဖို့ တွန့်ဆုတ်နေရတာ ဖြစ်ပြီး အကယ်၍ အခြေအနေ ဆိုးဝါးလာပါက အဆိုပါ အစီအစဉ်ကို ပြန်လည် ကျင့်သုံးသွား ရမှာ ဖြစ်ပါတယ်။
တူချယ်က “ ကျွန်တော်တို့လည်း အခြားသူတွေအတိုင်း ရင်ဆိုင်ကြုံတွေ့နေရတာပါ၊ ကျွန်တော်တို့လည်း စိုးရိမ်မှု ကိုယ်စီနဲ့ပါ၊ ကျွန်တော်တို့က ဘောလုံးသမားတွေ၊ နည်းပြတွေ လောက်ပဲ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ဖခင်တွေ ဖြစ်ကြ သလို မိသားစုကိုယ်စီ ရှိကြသူတွေပါ၊ ကျွန်တော်တို့ယောက် တိုင်း စိုးရိမ်မှုတွေ မြင့်တက်နေကြပေမယ့် အလုပ်တွေ ဆက် လုပ်နေကြရဦးမှာပါ၊ ဒါ့ကြောင့် ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကို လူစားလဲခွင့် ၅ ကြိမ် အထိ ပြန်ခွင့်ပြုပေးစေ လိုပါတယ်၊ အဲ့ဒါကသာ ကျွန်တော်တို့ရဲ့ ကစားသမားတွေ၊ မိသားစုဝင်တွေကို ကာကွယ်ပေးနိုင်ခြင်းပါ ” ဆိုပြီး ပြောဆို သွားခဲ့တာ ဖြစ်ပါတယ်။
လေ့ကျင့်ရေးအစီစဉ်မှာ အသင်းသားတွေ ပင်ပန်းနေကြတယ်ဆို တဲ့ ဒီဂီယာ

၂၇၊ ဒီဇင်ဘာ၊ ၂၀၂၁
မန်ချက်စတာယူနိုက်တက် အသင်းဂိုးသမား ဒီဂီယာကတော့ လက်ရှိနည်းပြသစ် ရန်းဂ်နစ်ရဲ့ နည်းစနစ်သစ်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းနေရတဲ့အတွက် အသင်းသားများ အတော် လေး ပင်ပန်းနေရကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ပြိုင်ဘက်အသင်းတွေကို ဖိအားပေး တိုက်စစ်ဆင်မှုအသားပေးကစားတက်တဲ့ရန်းဂ်နစ်ရဲ့ နည်းစနစ်တွေနဲ့ပတ်သက်ပြီး ဟိုးအရင်အချိန်ကတည်းက သတိပေး သုံးသပ်မှုတွေ ရှိခဲ့သလို ယခုအချိန်မှာတော့ ကိုယ်တိုင် ကြုံတွေ့ နေရတဲ့ဒီဂီယာက စတင် ဖွင့်ဟလာခဲ့တာ တွေ့ရပါတယ်။
ဆိုးလ်ရှားလက်ထက် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ယူ အသင်းဟာ လက်ရှိနည်းပြသစ် ရန်းဂ်နှစ်လက်အောက်မှာ တော့ ကစားကွက်ပိုင်းဆိုင်ရာမှာ ပိုမိုတိုးတက်လာခဲ့ပေမယ့် အသင်းသားတွေကတော့ ဆိုးလ်ရှားလက်ထက်တုန်းကထက် ပိုမို ပြင်းထန်တဲ့ လေ့ကျင့်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒီဂီယာက “ အသင်းကတော့ လုံလုံခြုံခြုံနဲ့ ပြန်လည် လေ့ကျင့်ခန်းဆင်းနေနိုင်ကြပါပြီ၊ အသင်းဖော်တွေနဲ့အတူ ပြန် တွေ့ရတဲ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်၊ ကျွန်တော်တို့ အခုဆိုရင် လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေကြပါပြီ၊ ဒါပေမယ့် လေ့ကျင့်ခန်းအစီအစဉ်တိုင်းအတွက် တော်တော်လေးကို အာရုံစိုက်ထုတ်နေရပါတယ်၊ ရန်းဂ်နစ်ရဲ့ နည်းစနစ်တွေက တကယ့်ကို ပြင်းပြင်းထန်ထန် နဲ့ကို အာရုံစိုက်ထုတ်နေရပါတယ်၊ အချိန်တိုင်းလိုလို ကျွန်တော်တို့ အနေနဲ့ ရာနှုန်းပြည့် ကစားနိုင် မှ တော်ရုံကျမှာပါ၊ အသင်းသားတွေအနေနဲ့လည်း လေ့ကျင့်ခန်း အစီအစဉ်တိုင်း စွမ်းအင်ရှိသမျှ ထုတ်သုံးနေရပါ တယ်၊ ဒါ့ကြောင့်လည်း ကျွန်တော်တို့ ပွဲစဉ်တွေမှာ ပုံစံကောင်း တွေ ပြသလာနေနိုင်တာပါ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါ တယ်။
လက်ရှိ ရာသီ ပုံမှန်လက်စွမ်းထက် ပိုမိုတဲ့ စွမ်းဆောင်မှုတွေ ပြသလာနေတဲ့ ဒီဂီယာကြောင့်လည်း မန်ယူအသင်း ယခုလို ရလဒ်ကောင်းတွေ ဆက်တိုက် ရယူလာနိုင်ခဲ့တာဖြစ်ပြီး အခြားဆက်စပ် သတင်းတွေအရ နံပါတ် ၂ ဂိုးသမား ဟန်ဒါ ဆန်ရဲ့ အငှားထွက်ခွါမှု အနေအထားတွေကိုတောင် လာမယ့် ဇန်နဝါရီအတွင်း မြင်တွေ့လာရဖွယ် ရှိနေကြောင်း သိရှိရပါ တယ်။
ဇန်နဝါရီမှာ လှုပ်ရှားမယ်ဆိုတဲ့ အာတီတာ

၂၇၊ ဒီဇင်ဘာ၊ ၂၀၂၁
ထိပ်ဆုံး ၄ သင်းအနေနဲ့ ရာသီကုန်အထိ ရပ်တည်သွားနိုင်ဖို့ မျှော်လင့်နေတဲ့ အာဆင်နယ် အသင်းနည်းပြ အာတီတာ ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း အင်အား ဖြည့်တင်းမှု အချို့ ပြုလုပ်သွားနိုင်ဖွယ် ရှိနေကြောင်း ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။
ပြိုင်ဘက်အသင်းတွေ ပွဲစဉ်တွေ ရွှေ့ဆိုင်းနေရမှုကြောင့် အခွင့်အရေးရရှိကာ အဆင့် ၄ အတွင်း ဝင်ရောက်နေတဲ့ အာ ဆင်နယ် အသင်းဟာ လူငယ်ကစားသမားတွေနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်လည်တက်လှမ်းလာနိုင်ခဲ့ပေမယ့် ရာသီကုန်အထိ ပုံစံကောင်းဆက်လက်ထိမ်းသိမ်းလိုနေတာ ကြောင့် အသင်းအတွက် နောက်ထပ် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အာတီတာက “ အကယ်၍ ဒီလို ကာလအတွင်း မဖြစ်နိုင် လောက်တဲ့ ကစားသမားမျိုး ခေါ်ယူလိုနေတယ်ဆိုပြီး ခင်ဗျား တို့ ပြောနေကြတယ်ဆိုပါစို့ ၊ မတော်တဆ အဲ့ဒီအတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် ပိုမကောင်းဘူးလား၊ ကျွန်တော်တို့လည်း ပဲ အသင်းအတွက် လိုအပ်နေတဲ့ အင်အားဖြည့်တင်းမှုတွေ အတွက် အလုပ်လုပ်နေကြပါတယ်၊ အဲ့ဒီအတွက် လိုအပ်တဲ့ ဖြေရှင်းနည်းတွေကိုလည်း ရှာဖွေနေကြပါတယ် ၊ ”
“ အသင်းတာဝန်ရှိသူတွေကတော့ အမြဲတစေ ထောက်ပံ့ဖို့ အသင့်ရှိနေကြပါတယ်၊ ဒါပေမယ့်လည်း ဘောလုံးဆိုတာက ပိုက်ဆံနဲ့ တည်ဆောက်ရတာမျိုး မဟုတ်ပဲ တစ်ဆင့်ချင်း တည်ဆောက်ရတာမျိုး ဖြစ်တဲ့အတွက် အဓိက လိုရင်း ပြောရ ရင် အခုလောလောဆယ် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အကောင်းဆုံး အသင်းတစ်သင်းဖြစ်ဖို့အတွက် ကြိုးစားနေဖို့ပါ ပဲ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ လာမယ့် ပွဲကျပ်ကာလတွေအတွင်း အသင်းရှိ ကစားသမားအချို့ကို အာဖရိကဖလားပြိုင်ပွဲအတွက် စေလွှတ်ရဖွယ် ရှိနေပေမယ့် အဆိုပါ ကစားသမားတွေရဲ့ ကာလတို လစ်လပ်မှုတွေကိုတော့ အာရုံစိုက်ဖြည့်ဆည်းသွား မှာ မဟုတ်ပဲ အသင်းအတွက် ကာလရှည် လိုအပ်နိုင်တဲ့ ကစားသမားမျိုးကိုသာ ခေါ်ယူသွားမှာ ဖြစ်ကြောင်း အာတီ တာက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။
ရူဒီဂါကို မျှော်လင့်နေကြတဲ့ ရီးရဲလ်အသင်းသားများ

၂၇၊ ဒီဇင်ဘာ၊ ၂၀၂၁
ရီးရဲလ်မက်ဒရစ် အသင်းသားအများစုဟာ ချဲလ်ဆီးအသင်း နောက်ခံလူ ရူဒီဂါနဲ့ အတူတွဲဖက် ကစားဖို့အတွက် မျှော်လင့် စောင့်ဆိုင်းနေကြကြောင်း သတင်းရရှိပါတယ်။
ချဲလ်ဆီးအသင်းနဲ့ ရာသီကုန် လမ်းခွဲဖို့ နီးစပ်နေတဲ့ အဆိုပါ ဝါရင့်နောက်ခံလူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှာ ဖြစ်တာကြောင့် အသင်းတိုင်းလိုလို မျက်စိကျနေတာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကတော့ မန်ယူအသင်းနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ဖူးခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် အဆိုပါ အသက် ၂၈ နှစ်သားလိုချင်နေတဲ့ တစ်ပါတ် ပေါင် ၃ သိန်း ဝန်းကျင်ဆိုတဲ့ လစာမျိုးကို ချဲလ်ဆီးအသင်းက ပေးချေဖို့ ဆန္ဒမရှိဖြစ်နေတာကြောင့် လုပ်အားနှုန်းမြင့် တက်နေတဲ့ ရူဒီဂါတစ်ယောက် လက်ရှိ ကလပ်ကို စွန့်ခွါလိုနေ တာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီအတွင်းမှာတင် ပြည်ပအသင်း တစ်သင်းနဲ့ ကြိုတင် သဘောတူညီမှု ရယူခွင့် ပိုင်ဆိုင်ထားသူ လည်း ဖြစ်ပါတယ်။
ရူဒီဂါဟာ လက်ရှိ ရီးရဲလ်နဲ့အတူ ပူးပေါင်းနေတဲ့ ချဲလ်ဆီး ကစားသမားဟောင်း ဟာဇက်ကော်တိုးရစ် စတဲ့ ကစားသမားတွေအပြင် ဘိုင်ယန်နောက်ခံလူဟောင်း အလာ ဘာနဲ့လည်း ရင်းနှီးမှု ရှိသူဖြစ်ကာ အသင်းရဲ့ လက်ရှိ လစ်လပ် နေတဲ့ ရာမို့စ်ရဲ့ နေရာကို ကောင်းကောင်း အစားထိုးနိုင်မယ့်သူ အဖြစ် အသင်းသား အများစုက ယုံကြည်ထားတာကြောင့် ရီးရဲ လ်က ရူဒီဂါကို ခေါ်ယူနိုင်ဖို့ ပြန်လည် အရေးသာလာနေခဲ့တာ တွေ့ရပါတယ်။
ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်လက်ထက်တုန်းက ပွဲ ထွက်ခွင့် ကန့်သက်ခံခဲ့ရတဲ့ ရူဒီဂါဟာ တူချယ်လက်အောက်မှာ တော့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြန်လည် ရရှိနေပြီး ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုမှာ အဓိက ပါဝင်ပတ်သက်ခဲ့သလို ယခုရာသီမှာလည်း မကစားရတဲ့ ပွဲမရှိ သလောက်ကို ဖြစ်နေတဲ့ အနေအထားမျိုး ပိုင်ဆိုင်ထားတာ ကြောင့် အသင်းထံ စိတ်ကြိုက်လစာမျိုး တောင်းဆိုထားတာ ဖြစ်ပါတယ်။
