
ဒီဇင်ဘာ၊ ၂၀၂၁ ၊ ၂၆
မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန် တိုက်စစ်မှူး ဟာ လန်းကို ခေါ်ယူဖို့ ယူရို ၇၅ သန်း ပေးချေဖို့ အဆင်သင့် ဖြစ်နေ ပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၁၉ ဂိုး သွင်းယူခဲ့တဲ့ နော်ဝေသား ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်တစ်ခုဖြစ်ပြီး ရက်ဖ်ရန်းနစ်က သူ့ ကို အိုးလ်ထရက်ဖို့ဒ်ထံ ခေါ်ယူဖို့ကြိုးစားနေတာပါ။
ဒေါ့မွန်နဲ့ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅ သန်းဟာ၂၀၂၂ အသက်ဝင်လာမှာဖြစ်တာကြောင့် ကလပ်များစွာက ဒါကို အသုံးချပြီး သူ့ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါ တယ်။
ဥရောပ ထိပ်တန်းကလပ် များစွာက သူ့ကို ရရှိဖို့ ပြိုင်ဆိုင်နေ ကြတာနဲ့အတူ စိတ်ဝင်စားနေတဲ့ သူတွေအားလုံးအတွက် ဟာ လန်းကို ရရှိဖို့က လွယ်လွယ်ကူကူနဲ့ ဖြစ်မြောက်မှာ မဟုတ်ပါ ဘူး။
ယူနိုက်တက်ဟာ ရေရှည်မှာ ပုံမှန်ဂိုးသွင်းမယ့် ကစားသမားတစ်ယောက်ကို အလိုရှိနေတာဖစ်ပြီး နောက်ရာသီမတိုင်ခင် တိုက်စစ်မှူးအသစ်တစ်ယောက် ခေါ်ယူချင်နေတာကြောင့် ဟာလန်းထက် ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိနိုင်တော့ပါဘူး။
လိဒ်စ်မှာ မေးဖွားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ကမ္ဘာ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ် တိုက်စစ်မှူးတစ်ယောက်ဖြစ်တာကြောင့် ကလပ်များစွာကို သူ့ကို ခေါ်ယူဖို့ စိတ်ားထက်သန်နေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက ဒေါ့မွန်ကို ရောက်ရှိလာပြီး ကတည်းက ရက်ဘူး ဆဲဘက် တိုက်စစ်မှူးဟောင်းဟာ ၇၅ ပွဲ မှာ ၇၆ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ကွင်းလယ်ခံစစ် ကစားသမား တစ်ယောက် ခေါ်ယူဖို့လဲ စဉ်းစားထားတာဖြစ်ပြီး မာဆေး ကွင်းလယ်လူ ဘူဘာကာ ကာမာရာကို ပစ်မှတ်ထားနေပါ တယ်။
၎င်းဟာ ဥရောပမှာ အဆင့်သတ်မှတ်ချက် အမြင့်မားဆုံး ခံစစ်အားသန်တဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး ရာသီကုန် မှာ စာချုပ်သက်တမ်းကုန်တော့မှာပါ။
ဒါကြောင့် ကလပ်များစွာက သူ့ကို ချိတ်ဆက်နေပြီး ဇန်နဝါရီ မှာ လျှော့ဈေးနဲ့ ခေါ်ယူဖို့ မျှော်လင့်နေတာကြောင့် ယူနိုက် တက်အနေနဲ့ သူ့ကို စာချုပ်ချုပ်နိုင်ဖို့အတွက အေစီမီလန် အပါအဝင် တခြားအသင်းတွေနဲ့ ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်
