( ၅ ) မီနာမီနို

ဂျပန်ကွင်းလယ်လူဟာ ကလော့ပ်ရဲ့ အထိမခံ ကစားသမား တစ်ယောက် မဟုတ်ပေမယ့်လဲ လိုအပ်တဲ့ အချိန်တိုင်း အမြဲတမ်း ယုံကြည်အားကိုးရတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ လက်စတာနဲ့ပွဲက သူ့ရဲ့ ၉၅ မိနစ် ချေပ ဂိုးဟာ လီဗာပူးကို ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ရောက် ရှိစေဖို့ အဓိက ကူညီပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ဇန်နဝါရီမှာ ပေါင် ၇.၆၅ သန်းနဲ့ ဆဲဘက်ကနေ ရောက်လာခဲ့တဲ့ မီနာမီနိုဟာ နောက်လာမယ့် ရာသီတွေမှာ က လော့ပ်ရဲ့အသင်းအတွက် သူ့ရဲ့ ထိုက်တန်မှုကို ပြသဖို့ အချိန် တွေအများကြီး ရှိပါသေးတယ်။

(၄) စတားရစ်ချ်

၂၀၁၃ ဇန်နဝါရီမှာ ချယ်ဆီးကနေ ပေါင် ၁၃.၅ သန်းနဲ့ ခေါ် ယူခဲ့တဲ့ စတားရစ်ချ်ဟာ လီဗာပူးအတွက် ပထမဆုံး လိဂ်ပွဲ တွေမှာ ၁၀ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ပထမဆုံး ရာသီအပြည့်မှာလဲ သူဟာ ၂၂ ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ပေးခဲ့ပြီး အရေးပါတဲ့ ကစားသမားအဖြစ် သက်သေပြခဲ့တာ ဖြစ်ပါတယ်အဲ့ဒီရာသီမှာ လီဗာပူးဟာ ၂မှတ်ထဲနဲ့ လိဂ်ဖလားကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

(၃) ကော်တင်ညို

၂၀၁၁ မှာ အင်တာကနေ ပေါင် ၁၁.၇ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘရာဇီးသားဟာ ဂိုးဖန်တီးမှု၊ အရည်အသွေး၊ မှော်ဆန်မှု အရာအားလုံး ရှိခဲ့တာပါ။

လီဗာပူးအတွက် စုစုပေါင်း ၂၀၁ ပွဲ ကစားပေးခဲ့ပြီး ၅၄ ဂိုး သွင်း၄၆ ဂိုး ဖန်တီးပေးခဲ့တဲ့ ကော်တင်ညိုဟာ ၂၀၁၈ မှာ ဘာစီလိုနာထံ ပေါင် ၁၄၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အန်ဖီးကလပ်အတွက် အမြတ်အစွန်းများစွာ ရှာဖွေပေးခဲ့တာလဲ ဖြစ်ပါတယ်။

(၂) ဗန်ဒိုက်

ပေါင် ၇၅ သန်းတန် ကစားသမားဟာ လီဗာပူးရဲ့ ဗဟို တိုက်စစ်မှာ လွှမ်းမိုးထားခဲ့ပြီးတော့ နောက်ဆုံး ၃ ရာသီတွင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေမှာ အဓိက ကျခဲ့သူ ဖြစ်ပါတယ်။ မနှစ်က ဒူးဒဏ်ရာကြောင့် ပွဲအများစုကို လွဲချော်ခဲ့ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ ခံစစ်မှူးဟာ ဒီရာသီမှာလဲ လီဗာပူးကို ပြိုင်ပွဲအားလုံးမှာ ဦးဆောင်ထားနိုင်ဖို့ ပံ့ပိုးပေးထားတာပါ။

(၁) လူးဝစ် ဆွာရက်ဇ်

၂၀၁၁ ဇန်နဝါရီမှာ ပေါင် ၂၃.၈၅ သန်းနဲ့ သူ ရောက်ရှိလာခဲ့ ချိန်ဟာ ကာရိုး ရောက်လာချိန်နဲ့ တိုက်နေတာကြောင့် မ ထင်ရှားခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကြမ်းဆုံးနဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးတစ် ယောက် ဖြစ်လာခဲ့ပြီး အန်ဖီးမှာ နောက်ဆုံးရာသီအတွင်း လိဂ် ၃၁ ဂိုးနဲ့ ဖန်တီးမှု ၂၆ ကြိမ် ပြုလုပ်ပေးခဲ့တာပါ။

သူနဲ့ စတားရစ်ချ်တို့တွဲဖက်ပြီး ၂၀၁၄ မှာ လီဗာပူးရဲ့ ပထမ ဆုံး ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုနဲ့ အနီးစပ်ဆုံးဖြစ်စေခဲ့ ပါသေးတယ်အဲ့ဒီနောက် နွေရာသီမှာ ပေါင် ၇၅ သန်းနဲ့ ဘာစီ လိုနာထံ ပြောင်းရွှေ့ခဲ့ပေမယ့် သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်အဖြစ် အမှတ်ရစရာ ဖြစ်နေဆဲပါ။

@worldclassfootballchannel