မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်လူ ဗန်ဒီဘိခ်နဲ့ ဂိုးသမား ဟန်ဒါဆန်တို့ ၂ ယောက်စလုံးဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း အသင်းမှ ထွက်ခွါသွားဖွယ် ရှိနေ ကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းနည်းပြသစ် ဖြစ်လာခဲ့တဲ့ ရန်းဂ်နစ်ဟာ လာ မယ့်ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း ၎င်းကြိုက်နှစ်သက်တဲ့ ကစားသမားတွေ ခေါ်ယူနိုင်ဖို့အတွက် အသင်းရှိ အချို့သော ကစားသမားတွေကို ရှင်းထုတ်ဖို့ စီစဉ်ရမှာ ဖြစ်တာကြောင့် အသင်းမှ ထွက်ခွါလိုနေတဲ့ ဗန်ဒီဘိခ်နဲ့ ဟန်ဒါဆန်တို့က ထိပ် ဆုံး စာရင်းထဲ ပါဝင်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရာသီကုန် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံး တော့မယ့် ကွင်းလယ်ကစားသမား လင်ဂတ်လည်း ယခု ဇန်နဝါရီအတွင်း ရောင်းထုတ်ခံရဖို့ ရာနှုန်းပြည့် သေချာနေ သလောက်ရှိနေပြီး ဝက်စ်ဟမ်းအသင်းထံ ပြန်လည် ပြောင်းရွှေ့ဖို့ ရှိနေသလို အေစီမီလန် ၊ အဲဗာတန် စတဲ့ အသင်း တွေကလည်း လင်ဂတ်ကို စိတ်ဝင်စားနေကြကြောင်း သတင်းရရှိပါတယ်။


မန်ယူအသင်းနည်းပြဟောင်း ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ရိုနယ်ဒို၊ ဆန်ချို၊ ဗာရန်းတို့အတွက် ငွေသုံးကြမ်းခဲ့ တာကြောင့် ယခုတစ်ခေါက် အသင်းကို ပြန်လည် တည်ဆောက်ရမယ့် ရန်းဂ်နစ်အတွက် အနည်းငယ် အခက် တွေ့နေနိုင်ပြီး ဒေါ့မွန်မှ ဟာလန်းကိုပါ အသင်းထံ အရောက် ခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူအချို့ရဲ့ တောင်းဆိုမှုပါ လက်ခံရရှိထားကြောင်းလည်း သိရပါတယ်။

ယခုတစ်ခေါက် မန်ယူအသင်းနဲ့ လမ်းခွဲဖို့ သတင်းတွေ ထွက် ပေါ်နေတဲ့ ဗန်ဒီဘိခ်ဟာ အေဂျက်အသင်းနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပေမယ့် ယခုရာသီ ပရီးမီးယား လိဂ်မှ တစ်ကြိမ်မှ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်မ ရသေးသလို ဂိုးသမား ဟန်ဒါဆန်လည်း ပရီးမီးယားလိဂ် ပွဲ ထွက်ကစားသမားအဖြစ် ပါဝင်ခွင့်မရသေးတာကြောင့် အသင်း ကနေ ထွက်ခွါဖို့ စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။

Photo Credit

(world class)