
လာမယ့်ရက်သတ္တပတ်အနည်းငယ်မှာ မန်ယူအတွက်အဓိကသော့ချက်ဖြစ်လာပါလိမ့်မယ်၊ ပရိတ်တွေတစ်ချို့ကဆိုးလ်ရှားရဲ့စွမ်းဆောင်ရည်ကိုသံသယရှိနေကြပေမယ့် မန်ယူနိုက်တတ် အသင်းကတော့ သူ့ကိုမှန်ကန်တဲ့လူလို့ ယခုချိန်ထိကိုယုံကြည်နေဆဲပါ။
Ole Gunnar Solskjaer အပေါ်မန်ချက်စတာယူနိုက်တက်၏ရပ်တည်ချက်အပေါ်သံသယတစ်စုံတစ်ရာရှိခဲ့ပါက ကလပ်သည် နော်ဝေးလူမျိုးအား သူရဲ့တာဝန်များကို ဖြေလျှော့ပေးရန်လည်း အစီအစဉ်မရှိကြောင်းကို နားလည်ရန်အတွက် မင်းတို့အနေနဲ့ လက်ထောက်နည်းပြဖြစ်တဲ့Mike Phelan ကို စာချုပ်သစ်ချုပ်ဆိုမှုကိုကြည့်ရန်သာလိုအပ်ပါတယ်။

Solskjaer ရဲ့ နည်းပြအဖွဲ့ဝင်များဖြစ်တဲ့ Michael Carrick နှင့် Kieran McKenna တို့နှစ်ဦးစလုံးကလည်း အသင်းရဲ့လက်ရှိဖွဲ့စည်းတည်ဆောက်ပုံတွေ နည်းစနစ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ထောက်ပြပြောဆိုဖို့ရန်အတွက်သာဖြစ်ပါတယ်။လာမယ့် ဒီဇင်ဘာလမှာတော့ Jose Mourinho ရာထူးမှထုတ်ပယ်ခံရပြီး OleSolskjaer ကိုအစားထိုးခန့်အပ်ခဲ့ခြင်းရဲ့ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ ဆိုးရှားအနေနဲ့ ပရီးမီးယားလိဂ်အခြားမန်နေဂျာတွေထက်မဆိုအကြောင်းအမျိုးမျိုးကြောင့်ထုတ်ပယ်ခြင်းခံရဖို့ပိုပြီးတော့လည်း ဖြစ်နိုင်ခြေရှိနေပါတယ်။ဒါပေမယ့်လည်း လက်ရှိအချိန်ထိတော့သူဒီမှာရှိနေဆဲဖြစ်ပါတယ်။

Solskjaer အနေနဲ့ကတော့ သူ့ကိုယ်သူနှင့်ယူနိုက်တက်ရဲ့ အစောပိုင်းရာသီတာထွက်လာခဲ့တဲ့ပုံစံတွေကိုကာကွယ်ရန်လိုအပ်နေပါတယ် ။ သူရဲ့ အသင်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အဲဗာတန်အသင်းနှင့်သရေကျပြီးနောက်မှာတော့ သူကယူနိုက်တက်အားရှေ့ဆက်ရန်မှန်ကန်သောသူဖြစ်ရဲ့လားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ် “ ဒါဟာဗုဒ္ဓဟူးနေ့ညက (ချန်ပီယံလိဂ်မှာဗီလာရီးရဲကို ၂-၁ ဂိုးနဲ့အပြီးမေးခဲ့တဲ့မေးခွန်း) ပါ။ ငါတို့ဒီအဖွဲ့ထဲကအကောင်းဆုံးတွေရလိမ့်မယ်လို့ငါအရမ်းယုံကြည်တယ် “ဟုသူကပြန်ပြောခဲ့ပါတယ်။

“ ဒီလထဲမှာအများကြီးဖြစ်ခဲ့တယ်၊ Raphael Varane Jadon Sancho နဲ့ Cristiano Ronaldoတို့ကငါတိုဩဂုတ်လနဲ့စက်တင်ဘာလကတည်းက အသင်းအတွက်အသင့်ရှိနေခဲ့ပါတယ်။“ ငါတို့မှာလုပ်စရာတွေအများကြီးရှိတယ်၊ တိုးတက်ဖို့လိုတယ်၊ အဲဒါကိုငါတို့သိတယ်၊ ဒါပေမယ့် ဒီကစားသမားအုပ်စုနဲ့ နည်းပြအဖွဲ့ကိုငါအပြည့်အဝယုံကြည်ထားတယ်။ ဒါကြောင့်အတိုဆုံးအဖြေက “ဟုတ်ပါတယ်။”
ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မျိုးမှာပဲ Maurcio Pochettino အား သူရဲ့ နေရာမှာ အစားထိုးရန်နှင့် ယူနိုက်တက်ရဲ့ညံ့ဖျင်းတဲ့ ရာသီအစကိုချေဖျက်ရန်အတွက်လည်း ဖိအားပေးခံခဲ့ရဖူးပါတယ် ၊ ဒါပေမယ့် Solskjaer ကသူ့အသင်းကိုအနိုင်ယူပေးနိုင်ဖို့အတွက် မကြာခဏဆိုသလို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရင်းကျော်လွှားခဲ့ရတာလည်းဖြစ်ပါတယ်။

နောက်ထပ်လာမယ့် ပွဲစဥ◌်တွေက သူ့အတွက် အခြားဥပမာတစ်ခုအနေနဲ့ပေးခြင်ပေးနိုင်ပါသည်။ ယူနိုက်တက်ဟာမနှစ်က ဒီလိုအချိန်မျိုးမှာတော့ ပိုကောင်းတဲ့အနေအထားမှာရှိနေပြီးခုနစ်ပွဲကစားအပြီးမှာ လေးမှတ်ပိုရထားခဲ့ပါတယ် ။ ဒါပေမယ့်အခုတကယ့်စမ်းသပ်မှုကလာနေပါပြီ။ လက်စတာအဝေးကွင်း၊ အိမ်ကွင်းမှာလီဗာပူး၊ တော့တင်ဟမ်အဝေးကွင်းနဲ့အိမ်ကွင်းမန်ချက်စတာစီးတီးတို့ဟာသူတို့ရဲ့နောက်လာမယ့်လိဂ်ပွဲစဉ်လေးပွဲဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ဖိအားတွေအဆမတန်မြင့်တက်လာမှာဖြစ်ပြီးတော့ အနိုင်ရခဲ့ပါက မေးခွန်းထုပ်နေကြတဲ့ခေါင်းစည်းတွေ စကားလုံးတွေက သူ့အပေါ် ဖြည်းဖြည်းချင်းပြန်လည်ပြောင်းလဲလာပါလိမ့်မယ်။

“ ဆိုးလ်ရှားကကောင်းကောင်းလုပ်ဆောင်နေတယ်လို့ထင်ပါတယ်။ သူကအေးဆေးတည်ငြိမ်ပြီးအသင်းနဲ့သူလုပ်နိုင်တဲ့အရာတွေကိုအာရုံစိုက်ပြီးလုပ်ဆောင်နေတာပါ။ သူကစာနယ်ဇင်းနဲ့ သူ့အကြောင်း လူတွေရေးတာကိုသိပ်ဂရုမစိုက်ပါဘူး” ဟုလီဗာပူးလ်ကစားသမားဟောင်းက Goal သို့ပြောကြားခဲ့ပါတယ်။
“ တစ်ပတ်မှာသူကသမိုင်းမှာအဆိုးရွားဆုံးမန်နေဂျာဖြစ်ပြီး နောက်တစ်ပတ်မှာတော့သူကအရမ်းကိုကြီးကျယ်တဲ့စာရင်းဝင်ပြီးပြန်လည်ကောင်မွန်းလာတတ်ပါတယ်။ သူကဒီနည်းလမ်းအသုံးချနေလားလို့တောင်ထင်မှတ်ရပါတယ်။ ပြီးတော့ဒါက ခက်ခဲတဲ့အလုပ်လည်းဖြစ်ပါတယ်၊ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးသော အသင်းကို စီမံနေရတာလည်းဖြစ်ပါတယ်။ တစ်ကယ်ဆို သူကဖိအားအများကြီးအောက်မှာအမြဲရှိနေရတဲ့သူပါ။ သူတို့တစ်ခုခုကိုအနိုင်ရဖို့လိုအပ်နေပါတယ်၊ ဒါပေမယ့် မန်ယူနိုက်တတ်တို့ လိဂ်ဖလားကနေ မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားခဲ့ရလို့တော စိတ်ပျက်မိပါတယ်။ ”

#worldclassfootballchannel #sth #goalnews
