
ချဲလိဆီးအသင်းရဲ့ ခံစစ်မှုး ရူဒီဂါအား ဘိုင်ယန်မြူးနစ်အသင်း၏ စိတ်ဝင်စားခြင်းခံနေရသော်လည်း ချယ်လ်ဆီးတွင်သာ ပျော်ရွှင်နေစဲဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့၊

Goal.com မှ မကြာသေးမီက တင်ဆက်ခဲ့သော သတင်းများအရ ဘိုင်ယန်မြူးနစ်သည် ၂၀၂၂ မှာ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့နှင့် ပတ်သက်ပီး ရူဒီဂါရဲ့ကိုယ်စားလှယ်များနှင့် ပဏာမဆွေးနွေးမှုများကို စတင်လုပ်ဆောင်ခဲ့တယ်လို့လည်းဖော်ပြနေကြပါတယ်။
အသက် (၂၈) နှစ်အရွယ် ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့်ကစားသမားရူဒီဂါဟာဆိုရင် ချယ်ဆီးအသင်းနှင့် လက်ရှိစာချုပ်သက်တမ်းမှာ နောက်နှစ်ဇွန်လကုန်မှာသက်တမ်းကုန် ဆုံးမည်ဖြစ်ပြီးတော့ ဇန်နဝါရီမှာတော့ ဘိုင်ယန်မြူးနစ်နှင့် စာချုပ်အကြို ညှိနှိုင်းရန် လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်လိမ့်မည်ဖြစ်သော်လည်း သူရဲ့အနာဂတ်နှင့် ပတ်သက်ပီးတော့ အသေချာအလေးနက် စဉ်းစားနေဟန်ရှိနေပါတယ်လို့လည်းထပ်မံဖော်ပြခဲ့ပါတယ်။

ရူဒီဂါတစ်ယောက် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆက်သွယ်မှုတွေကချောမောနေပါသော်လည်းသူကစတန်းဖို့ဒ်ဘရစ်ခ်ျမှာပဲအတော်ပင်စိတ်ကျေနပ်နေပြီးသူ၏နောက်ထပ်အပြောင်းအရွှေ့ကိုမစဉ်းစားသေးကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်။
“ ဟုတ်ပါတယ်၊ ဘိုင်ယန်မြူးနစ်အသင်းရဲ့စိတ်ဝင်စားမှုအတွက် ငါဂုဏ်ယူမိပါတယ်၊ ဒါပေမယ့် ငါရဲ့လုပ်ရပ် မှန်ကန်တယ်ဆိုတာကိုသက်သေပြပါမယ်”ဟု သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ရူဒီဂါကပြောကြားခဲ့ပါတယ်။“ဒါပေမယ့် ယခုအချိန်မှာတော့ ငါ့ကိုယ်ငါအနှောင့်အယှက်မဖြစ်စေချင်ပါဘူး”

“ကျွန်တော့်ကလပ်နှင့်အတူ ကောင်းကောင်းကစားနိုင်ဖို့ကျွန်တော့်မှာတာဝန်ရှိတယ်။ ပွဲတိုင်းမှာကိုယ့်ကိုယ်ကိုသက်သေပြနိုင်ရပါမယ်။”

“ငါအခုရောက်နေတဲ့ချဲလ်ဆီးမှာငါနေလို့ကောင်းတယ်၊ အဲဒါက ငါ့အတွက် အတော်လေးကို အဆင်ပြေပါတယ်”

ဘိုင်ယန်နည်းပြ Julian Nagelsmann က Rudiger အား “ပြတ်သားသောကစားသမား” ဟုချီးကျူးသော်လည်း Rudiger အပေါ် ဘိုင်ယန်အသင်းရဲ့ အားကစားဒါရိုက်တာ Hasan Salihamidzicက အဆိုပါသတင်းတွေကို လက်မခံပဲ
ပယ်ချခဲ့ပါတယ်။
#goal.com
#worldclassfootballchannel
#akio
