ဒီညစောင့်ကြည့်ရမယ့် ပွဲကောင်းနှစ်ပွဲ
ဘယ်အသင်းက အနိုင်ရသွားမလဲ ?
⚽ Man U 3 Vs 1 Newcastle ⚽

▶️ရော်နယ်ဒို ဦးဆောင်လာနိုင်ခြေရှိတဲ့ တိုက်စစ်ကို သုံးပွဲကစားပြီးတဲ့ အချိန်မှာ ၁ မှတ်သာ ရယူနိုင်သေးတဲ့ ကာဆယ်တို့ တောင့်မခံနိုင်မှာသေချာပါတယ်။

▶️နောက်ဆုံး တွေ့ဆုံတဲ့ ငါးပွဲမှာ ယူနိုက်တတ်က လေးကြိမ်နိုင်ပြီး ကာဆယ် က တစ်ပွဲသာအနိုင်ရထားတာကို ကြည့်ပြီး သုံးသပ်ရရင် သေချာပါတယ် ဒီည ယူနိုက်တတ်တို့ အနိုင်ပြတ်သားသွားမှာပါ

▶️ဖရက်နဲ့ တွန်မနေး မပါနိုင်တဲ့ ကွင်းလယ်ကြောင့် ယူနိုက်တတ်တို့ ထင်သလောက်အလုပ်ဖြစ်ပါ့မလား ဆိုပေမယ့်လည်း ပြီးခဲ့တဲ့ သုံးပွဲလုံးမှာ ခြေစွာနေတဲ့
သစ်စိမ်းသားလေး ကြောင့်တော့ ယူနိုက်တတ် ဖန်တွေ မျက်နာငယ်ရမှာမဟုတ်ပါဘူး ။
▶️တိုက်စစ်မှာတော့ ဆန်ချိုဘယ်ဝန်းမှာ ပွဲထွက်လာမှာပါ။
ကာဗာနီနဲ့ ရော်နယ်ဒို နှစ်ဦးရှိနေပေမယ့် ဦးဆိုးလ်ကတော့
ရော်ကြီးကို ပွဲထွက်လာနိုင်ခြေရှိတယ်လို့ ဆိုထားတယ်ဗျ။
ဘယ်သူပဲပွဲထွက်ထွက်ပါ ဒီည ယူနိုက်တတ် အနိုင်ပြတ်သွားလိမ့်မယ် အနိမ့်ဆုံး ၃-၁ ⚽

▶️ကာဆယ်အသင်းအနေနဲ့ကတော့ ဒီညအတွက် ဂိုးရဖို့တောင်ရုန်းကန်ရနိုင်ဖွယ်ရှိပေမယ့် အသင်းကရှုံးနိမ့်ပေမယ့်လည်း ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားကြတဲ့ တိုက်စစ်မှုး စိန့် မက်ဆီမန် ကွင်းလယ်အင်ဂျင် လောင်းစဖက်ဖ် နှင့် အယ်လ်မီရွန် တို့ရဲ့ မောင်းနှင်အားကိုတော့ စောင့်ကြည့်ရပါမယ် ဒီသုံးယောက်က ရှေ့ပွဲတွေမှာ ခြေစွမ်း ပြနိုင်ခဲ့ပေမယ့်လည်း တည်ငြိမ်မှုမရှိတဲ့နောက်တန်းခံစစ်ရဲ့ဆိုးဝါးမှုတွေကြောင့်ပဲ ကာဆယ်အသင်းကတော့ ရှုံးပွဲဆက်နေခဲ့ရပါတယ်။

▶️ကနေ့ပွဲမှာလည်း ကာဆယ်တို့ ယူနိုက်တတ်တို့ရဲ့ တိုက်စစ်ကို တောင့်ခံနိုင်မလား ဆိုတာကိုတော့ ကျွန်တော်တို့ အတူတူစောင့်ကြည့်ကြရအောင်🤘
⚽ Leicester 2 – 2 Man City ⚽

⚠️ ယနေ့ညရဲ့ ပွဲကြီးပွဲကောင်းစစ်စစ် ⚠️
▶️ဘာကြောင့်လဲဆိုတော့ စီးတီးတို့ လက်စတာကို ငယ်နိုင်လို့သတ်မှတ်ရမယ့် ကာလကိုကျော်လွန်သွားခဲ့ပါပြီ။နောက်ဆုံး ငါးပွဲမှာ စီးတီးက အသာရထားတယ်ဆိုပေမယ့် အသည်းအသန်ရုံးကန်ခဲ့ရတာတွေချည်းပါပဲ။

▶️လက်စတာက နှစ်ပွဲနိုင်ပြီး စီးတီးက သုံးပွဲနိုင်ထားတယ်ဆိုပေမယ့်လည်း တစ်ကယ်တမ်း တိုက်စစ်အစွမ်းပြခဲ့တာက လက်စတာ ၂၀၂၀ စက်တင်ဘာတုန်းက စီးတီးကွင်းမှာ လက်စတာတို့ ၂-၅ နဲ့ အနိုင်ယူခဲ့တဲ့ပွဲကတော့ တစ်ကယ့်ကိုမှ အမှတ်ရဆုံးပွဲပါပဲ။ထားပါတော့ဒါတွေ၊
အနီးကပ်ဆုံးအနေနဲ့ ယခုရာသီ ကွန်မြူနတီ ဖလားပွဲမှာ ပူပူနွေနွေးအရှုံးပေးထားရတဲ့ စီးတီးတို့ လက်စတာရဲ့ ကင်းပါဝါ မှာ လက်စားချေဖို့ လွယ်ကူပါ့မလား
▶️ဂွာဒီယိုလာရဲ့ အသင်းမှာ ဂိုး အီဒါဆင် စတုန်း ရုဘန်ဒီယက်စ် ကန်ဆယ်လို နဲ့ ကိုင်လီတဝါ်လ်ကာ တို့နဲ့ လူစုံလာမယ် ဖာရန် တောရက်စ် ရဲ့ တောက်ပလာမှု ဒီဘရိုင်း နဲ့ ဆေးလ်ဗား တို့ ပြန်လာတဲ့ကွင်းလယ် ဂရီးလရှ် စတာလင် တို့ရဲ့ ဘယ်ညာ တစ်စုံက တစ်ကယ်မှ တောင့်တင်းတဲ့ အသင်းရဲ့ ဖွဲ့စည်းပုံပါပဲ ။

▶️လက်စတာ ဂိုး ရှမိုက်ကယ် နောက်တန်းတွေကတော့ရီကာဒိုပါရဲယား ဂျွန်နီအီဗန်စ် ဆိုယွန်ချူ နှင့် သောမက်စ် တို့ ပါဝင်ပြီး ကွင်းလယ်မှာတော့ ဒီရာသီမှာ အတွဲအဖက်မျှတနေတဲ့ အန်ဒီဒီ နဲ့ တယ်လီမန့်စ် ဒိနှစ်ယောက်ကတော့ လက်စတာရဲ့ မောင်းနှင်အားတွေဖြစ်တာနဲ့ အညီ
စီးတီးကို ဒုက္ခအပေးနိုင်ဆုံးကစားသမားက တိုက်စစ်မှုး ဂျင်မီ ဗာဒီ ပြီးရင် လူငယ်ကွင်းလယ်ဗိုလ်ချုပ် တယ်လီမန့် ပါပဲ။

▶️ဒီညလည်း သူကပဲ ဆက်လက်ပြီး စီးတီးကို တိုင်ပတ်အောင်လုပ်ဦးမှာပါ၊ တိုက်စစ်မှာတော့ အယ်ဘရိုက်တန် နဲ့ ဘားနက်စ် ဘယ်ညာ ကစားပါမယ် ဂျိမ်းမက်ဒီဆင် ကတော့ နောက်ချန်အနေနဲ့ ကစားစေပြီး ဂျင်မီ ဗာဒီကိုတော့ အထောင်တိုက်စစ်မှုးအဖြစ်ထားမှာပဲဖြစ်ပါတယ်။
▶️ပီးခဲ့တဲ့သုံးပွဲမှာ တစ်ပွဲရှုံး နှစ်ပွဲနိုင် ၆ မှတ်စီ ရယူထားကြတဲ့ လက်စတာ နှင့် စီးတီး တို့ရဲ့ ပွဲစဉ်ကတော့ တစ်ကယ်ကိုမှ ရင်ခုန်ဖို့ကောင်းမှာသေချာပါတယ်
▶️စီးတီးနဲ့ ဆုံတိုင်း ဒုက္ခပေးနေကြဖြစ်တဲ့ ဂျင်မီဗာဒီနဲ့ တယ်လီမန့်စ် တို့ကတော့ ဒီညအတွက် သေချာပေါက်စောင့်ကြည့်ရမယ့်ကစားသမားစာရင်းထဲမှာ ရှိနေပါတယ်။

▶️စီးတီးအသင်းရဲ့ ဖာရန်တောရက်စ် လေးကိုလည်းမေ့ထားလို့မရပါဘူး ဒီရာသီမှာထူးထုးခြား ခြေစွမ်းပြနေတဲ့ သူနောက်တစ်ယောက်ကျန်နေသေးတယ်ဗျ
ကွင်းလယ်ကစားသမား ဂန်ဒိုဂန်ပါ
ရှေ့လယ်နောက် နေရာစုံနဲ့ ကို ဂန်ဒိုဂန်က စီးတီးတို့အတွက် ပေးဆပ်လွန်းနေတာမို့ သူ့ကိုလည်းမေ့ထားလို့မရပါဘူး။

⚠️နောက်ဆုံးအချက်⚠️
လက်စတာရဲ့ ကွင်းလယ်နဲ့ တိုက်စစ်က ဂန်ဒိုဂန် (ဒီဘရိုင်း or ဘနာဒိုဆေးလ်) ရိုဒရီ တို့ ဦးဆောင်လာမယ့် ကွင်းလွယ်ကစားအားထက် မကျော်လွန်နိုင်ရင်တောင်မှ စီးတီးကို အကြီးအကျယ် ဒုက္ခပေးနိုင်စွမ်းရှိနေတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် ယခုပွဲစဉ်ကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်လို့ကောင်းမယ့်ပွဲတစ်ပွဲဖြစ်လာမှာ အသေအချာပဲမို့ အတူတူစောင့်ကြည့်လိုက်ကြရအောင် 🤘
