
📢မနေညကယှပြိုင်ကစားခဲ့တဲ့ ဘရာဇီး အာဂျင်တီးနား ပွဲစဉ်ရဲ့ ကိုဗစ် ပြသနာကြောင့် ပွဲစဉ်ကို ရပ်ဆိုင်းပီး FIFA မှ ကြေငြာချက်ထုပ်ပြန်ဆိုတဲ့ သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။
▶️ယနေ့မနက် ၁:၃၀ မှာယှဉ်ပြိုင်ကစားမယ့် ဘရာဇီး အာဂျင်တီးနား ပွဲစဉ်ကတော့ အာဂျင်တီးနား ကစားသမားလေးဦးရဲ့ ကိုဗစ်ဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုတွေကြောင့်ပဲ ပွဲစဉ်ကိုရပ်ဆိုင်းခဲ့ရပါတယ်။

▶️”ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့အဓိကအမှုဆောင် FIFA ဟာ ယနေ့မနက်ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘရာဇီးလ် အာဂျင်တီးနား အသင်းတို့ရဲ့ Corinthians Arena ကွင်းမှာ Covid စီမံချက်တွေကို လိုက်နာမှု မရှိတဲ့ ကစားတွေနှင့် ပတ်သတ်ပြီး FIFA က သူတို့ရဲ့တိတ်တဆိတ်ရှိနေမှုကို အဆုံးသတ်ခဲ့ပါပြီ။

▶️ဘရာဇီးနှင့်အာဂျင်တီးနားအသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဆိုင်းငံ့ထားပြီးနောက်မှာတော့ ဖီဖာကတရားဝင်ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
▶️Corinthians Arena မှာကျင်းပမည့် ပြိုင်ပွဲကို စတင်ပီး မိနစ်ပိုင်းအတွင်းမှာပဲ ကျန်းမာရေးအာဏာပိုင်များရောက်ရှိလာပြီး Covid-19 စည်းမျဉ်းကိုချိုးဖောက်ခဲ့တဲ့ အာဂျင်တီးနားကစားသမားသုံး ဦးအားအပြင်းအထန်ပြစ်တင်ပြောဆိုခဲ့ပါတယ်။
▶️တောင်အမေရိကဘောလုံးအဖွဲ့ချုပ် CONMEBOL ကတော့ ပွဲအားရပ်နားစေပြီးနောက်မှာတော့ ကွင်းအတွင်းမှ ပရိတ်သတ်များကိုတော့ တစ်နာရီ ဝန်းကျင်ခန့်ကြာပြီးမှ ကွင်းပြင်ပသို့ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ပါတယ်။
Fifa ကဘာတွေပြောခဲ့လဲ ?

▶️၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ CONMEBOL (တောင်အမေရိဇုန်) ခြေစစ်ပွဲအတွက်ဘ ရာဇီးနဲ့အာဂျင်တီးနား အသင်းရဲ့ ပွဲစဉ် မရပ်နားခင်တုန်းက မြင်ကွင်းတွေကို ဖီဖာမှ နောင် တရမိကြောင်းသူတို့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။
▶️”ပထမဆုံးအနေနှင့် ပွဲစဉ်ရဲ့ တရားဝင်အစီရင်ခံစာတွေကို ဖီဖာဆီသို့ ပေးပို့ပြီးပါပြီ။ ဒီအချ က်အလက်တွေကို သက်ဆိုင်ရာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက ခွဲခြမ်းစိတ်ဖြာပြီးတော့ ဆုံးဖြတ်ချက်ကို အချိန်နှင့်တပြေးညီဆုံးဖြတ်ပေးပါလိမ့်မယ်။ “လို့ Fifa တာဝန်ရှိသူတစ် ဦးကပြောဆိုခဲ့ပါတယ်။
ဘယ်ကစားသမားတွေပါဝင်ခဲ့လဲ?




▶️အက်စတွန်ဗီလာကစားသမားနှစ် ဦး Emiliano Buend၌ ( နှင့် Emi Martinez စပါးအသင်း Giovani lo Celso နှင့် Cristian Romero တို့ ဟာ ယခုဖြစ်စဥ်မှာ ပါဝင်ခဲ့ပြီး ကိုဗစ် စဉ်း မျဉ်း နှင့် ပတ်သတ်ပီး အင်္ဂလန်မှ ဘရာဇီးသို့ခရီးသွားရန် စာရွက်စာတမ်းများ လိမ်လည် ခဲ့တယ်ဟုလည်း ပြောဆိုစွပ်စွဲခံခဲ့ရပါတယ်။
▶️အာဂျင်တီးနားနည်းပြလိယွန်နယ်စကာလိုနိသည် မာတီနက်ဇ်၊ Lo Celso နှင့်ရိုမီယိုတို့ကို စတင် စစ်ဆေးရန်ဆုံးဖြတ်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံ ရဲ့ ကျန်းမာရေးအရာရှိများကလည်း သိသိသာသာကြားဝင်ဆောင်ရွက်ပေးမယ်လို့လည်းဖော်ပြထားပါတယ်။
▶️ဘရာဇီးအစိုးရကတော့ မူလကစွပ်စွဲခံရတဲ့ ကစားသမားလေးဦးကို မဖြစ်မနေသိးသန့်ခွဲ ထားရန်နှင့် ပြည်နှင်ဒဏ်ပေးရန် အကြံပြုခဲ့သော်လည်း စကာလိုနီနှင့်သူရဲ့ အဖွဲ့ကတော့ ထိန်းသိမ်းမှုတွေကြောင့်ပဲ ပြန်လည်ထွက်ခွာခဲ့ရပါတယ်။
နောက်တစ်ခုကဘာလဲ?
▶️အာဂျင်တီးနားကစားသမားတွေရဲ့ quarantine လုပ်ထုံးလုပ်နည်းတွေကိုချိုးဖောက်တယ် ဆိုတဲ့စွပ်စွဲချက်ကြောင့်ပဲ ဘရာဇီးအသင်းကို အနိုင်ပေးသင့်တယ်လို့ အကြံပြုထားကြပါ တယ်။

▶️လောလောဆယ်မှာတော့သူတို့နှစ်သင်းဟာ လာမယ့်သောကြာနေ့မှာသူတို့ရဲ့နောက်ထပ် သက်ဆိုင်ရာကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ရမှာ ဖြစ်ပြီးတော့ ဘရာဇီးလ်နဲ့ ပီရူး အာဂျင်တီးနားနှင့် ဘိုလီဗီးယား ရင်ဆိုင်ကစားရမှာပဲဖြစ်ပါတယ်။
အခုတင်ဆက်ပေးခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ မှတ်ချက်ပြုသွားနိုင်ပါတယ်။
🙏ကျေးဇူးတင်ပါတယ်ခင်ဗျ🙏
