ဒေးဗစ်ဘက်ခမ်းရဲ့ ဒုတိယမြောက်သားဖြစ်တဲ့ Romeo သူ့ဘဝရဲ့ ပထမဆုံး အဖြစ် United Soccer League ကလပ်ဖြစ်တဲ့ Fort Lauderdale CF နှင့် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ရိုမိယိုလေးကတော့ သူ့အဖေရဲ့ MLS ကလပ် Inter Miami ရဲ့ အရံအသင်းဖြစ်တဲ့ United Soccer League ပြိုင်ပွဲမှာယှဉ်ပြိုင်နေတဲ့ Fort Lauderdale CF အသင်းနှင့်သဘောတူညီမှုရခဲ့တာပဲဖြစ်ပါတယ်။

အသက် ၁၉ နှစ်သား‌လေးဟာ ဖလော်ရီဒါပြည်နယ်အခြေစိုက် USL League One အသင်း ဝတ်စုံ နှင့်ရော အဖေဖြစ်သူရဲ့ MLS အသင်း Inter Miami အရံအသင်းမှာ‌ရော ပူပေါင်းဖို့အတွက် အခွင့်အရေးရရှိလို့လာခဲ့ပါပြီ။

Beckham ရဲ့ ကလေးလေးယောက်အနက် ဒုတိယမြောက် ဆယ်ကျော်အရွယ်သာရှိ‌သေးသည့် ရိုမီယိုသည် ယခင်က Darren Powell နှင့်အတူလေ့ကျင့်သင်ကြားခဲ့ပြီး ယခုသီတင်းပတ်နှောင်းပိုင်းတွင်မှာ‌ တော့ သူ့ရဲ့ အသင်းအသစ်အတွက် ပထမဦးဆုံး ပွဲဦးထွက်လာနိုင်မယ့်အနေအထားတစ်ခုကိုရောက်နေပါတယ်။

ရိုမီယိုလေးတစ်ယောက် IG မှာတင်ထားတာလေးက “မင်းအိပ်မက်တွေကိုလိုက်လျှောက်ပါ၊ ငါက @fortlauderdalecf အတွက်ဘောလုံးသမားဖြစ်လာပီ” ဟု၍ သူ့ရဲ့ ပရိုဖိုင်မှာ ဖြည့်စွက်ရေးသားခဲ့ပါတယ်။



သူရဲ့ မိခင်ဗစ်တိုးရီးယားက‌တော့ မိသားစုအတွက် ဂုဏ်ယူ‌နေပြီး သူမရဲ့ တွစ်တာမှာလည်း သူ့သားအတွက် ဂုဏ်ယူကြောင်း ပို့စ်လေးတင်ခဲ့ပါသေးတယ်။

အစ်ကိုဖြစ်သူဘရွတ်ကလင်းသည်သူ့အဖေရဲ့ ခြေရာကိုနင်းပီး ဘောလုံးပညာကစားခြင်းနှင့် အသက်မွေးဝမ်းကျောင်းအလုပ် ကိုရှောင်လွှဲခဲ့‌ေပမယ့်လည်း Romeoလေးကတော့ ဖခင် ဘက်ခမ်း နဲ့ခြေရာအတိုင်း လိုက်ပြီး ဘောလုံးစကားခြင်းနဲ့အသက်မွေးဖို့အလုပ်ကို ရွေးချယ်ခဲ့တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို နီးစပ်တဲ့အသိုင်းအဝိုင်းအားလုံးက ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။

Thanks for Supporting

#worldclassfootballchannel

#goalnews