ရီးရဲလ်မက်ဒရစ် မှ  Mbappe အတွက် ယူရို သန်း ၁၇၀ နှင့် ထပ်မံကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမယ့် PSG က တုန့်ပြန်မှုမရှိခဲ့

အသက် (၂၂) နှစ်အရွယ်တိုက်စစ်မှူးအတွက် စပိန်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်မခံခဲ့ပဲ ငြင်းဆန်းနေပေမယ့် ပဲရစ်အသင်း ၎င်းတို့ရဲ့ လူငယ်ကစားသမားလေးအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတစ်ခုဖြင့်ကမ်းလမ်းမည်ဆိုပါက လက်ခံဖို့ အသင့်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်သည် Kylian Mbappe အတွက်အကြိမ်ကြိမ်ညှိနှိုင်းမှုကြောင့် ပြင်သစ်မြေမှာတော့ ဆူညံသံတွေထွက်ပေါ်နေပါတယ်။

စပိန်အသင်းက သြဂုတ်လထဲမှာ‌‌တော့ ပြင်သစ်ကြယ်ပွင့်အတွက် ယူရိုသန်း ၁၆၀ (ပေါင် ၁၃၇ သန်း/ဒေါ်လာ ၁၈၈ သန်း) နှင့် ကမ်းလှမ်းမှုကို PSGမှငြင်းဆန်ခဲ့ပီး ၊ နောက်ဆုံးကမ်းလှမ်းမှုအဖြစ် ယူရိုသန်း ၁၇၀  (ပေါင် ၁၄၆ သန်း/ ဒေါ်လာ သန်း ၂၀၀) အပြင်  အပိုဆုကြေးအနေနဲ့ ပေါင် ၁၀ သန်း (£ ၉ သန်း/ဒေါ်လာ ၁၂ သန်း)  ကမ်းလှမ်းမှုကို ထပ်မံပြုလုပ်ခဲ့ပေမယ့် ယခုအချိန်ထိ PSG ဘက်မှ တရားဝင် တုံ့ပြန်မှုမျိုး မပြုလုပ်ခဲ့သေးပါဘူး။

မက်ဒရစ်အသင်းက‌တော့ PSGအသင်းကိုရာဇသံစာထုတ်ပြီး‌တော့  တနင်္လာနေ့ညနေ ၆ နာရီနောက်ဆုံးထားပြီးတုံ့ပြန်မှုမရခဲ့ရင် မက်ဒရစ်တို့က သူတို့ကမ်းလှမ်းချက်ကိုပြန်ရုတ်သိမ်းမယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။

ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုက အဆုံးသတ်သွားပီလား ?
အပြောင်းအရွှေ့ကာလမပိတ်ခင်အင်္ဂါနေ့မှာသဘောတူညီမှုရဖို့ ဖြစ်နိုင်ချေကိုလုံး၀ မရှိပါဘူး

သို့ပေမယ့်လည်း ရာသီကုန်မှာအမ်ဘာပေ တစ်ယောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရှိမှာဖြစ်တာကြောင့် PSG အသင်းက ဒီအပြောင်းအ‌ ရွှေ့ကို အင်္ဂါနေ့ မှာတော့ ညှိနှိုင်းနိုင်ဖွယ်ရှိနေပါတယ်။ 

⚽Thanks For Supporting ⚽

#goalnews

#worldclassfootballchannel