
ရော်နယ်ဒိုသည်ဂျူဗင်တပ်တွင်ဆက်နေရန်ရည်ရွယ်ချက်မရှိဟုနည်းပြအယ်လီဂရီကဝန်ခံခဲ့ပါတယ်။
ပေါ်တူဂီစူပါစတား ရော်နယ်ဒိုတစ်ယောက် မန်စီးတီးအသင်းနှင့်အချိတ်အဆက်ရှိခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒိုသည်ဂျူဗင်တပ်တွင်ဆက်နေရန်ရည်ရွယ်ချက်မရှိကြောင်းမန်နေဂျာမက်အယ်လီဂရီကပြောကြားခဲ့ပါတယ်။
စီရော်နယ်ဒိုသည်စီးရီးကလပ် နှင့် လမ်းခွဲရန် သေချာသလောက်ရှိနေပီး မန်စီးတီးအသင်းကလည်း အဆိုပါ Ballon d’Or ငါးဆုရှင် ရော်နယ်ဒိုအားပရီးမီးယားလိဂ်သို့ပြန်လည်ရောက်ရှိရန် အကြိတ်အနယ်ဆွေးနွေးလျက်ရှိနေပါတယ်။
သောကြာနေ့မနက်မှာသူကဂျူဗင်တပ်ရဲ့လေ့ကျင့်ရေးကွင်းကနေထွက်ခွာသွားတာကိုတွေ့ခဲ့ရပြီးကျန်တဲ့ အဖွဲ့တွေကသူတို့ရဲ့အစည်းအဝေးကိုစတင်ခဲ့ပြီး Allegri က ကစားသမားကသူထွက်ခွာချင်တယ်ဆိုပြီး ပြောကြားခဲ့ကြောင်း” ပြောဆိုခဲ့ပါတယ်။
ဘာတွေပြောခဲ့ပြီးပြီလဲ?

မနေ့ကခရစ်စတီယာနိုနဲ့စကားပြောတဲ့အခါသူကဂျူဗင်တပ်စ်မှာဆက်နေဖို့ရည်ရွယ်ချက်မရှိဘူးလို့ပြောခဲ့တယ်” ဟုအယ်လီဂရီကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါတယ် ၊ ဒါကြောင့်မနက်ဖြန်စီးရီးအေ ပွဲစဉ် Empoli နဲ့ကစားမယ့်ပွဲအတွက် သူ့ကို အသင်းရဲ့ လူစာရင်းမှာထည့်သွင်းတော့မှာ မဟုတ်ပါဘူး။
“အရာအားလုံးကပြောင်းလဲသွားခဲ့ပါတယ်၊ ဒါကဘ ၀ ရဲ့ဥပဒေသတစ်ခုပါပဲ ။ အခုချိန်မှာ ဂျူဗင်တပ်စ်ကအရေးအကြီးဆုံးအရာပါ ၊ ကျန်နေသေးတာက Cristiano ရဲ့ ပံ့ပိုးမှုတွေ ၊ ဆုဖလားရယူပေးခဲ့တာတွေ ရှိပေမယ့် သူအခုထွက်သွားတာနဲ့ကျန်တဲ့ဘဝကို ကျွန်တော်တို့ ရှေ့ဆက်သွားနေရမှာပါပဲ”
“ခရစ္စတီယာနိုကလူငယ်တွေကြားမှာဥပမာတစ်ခုအနေနဲ့လုပ်ပေးခဲ့တာတွေ အတွက်ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမယ့်ငါပြောခဲ့သလိုပဲငါတို့ရှေ့ဆက်လုပ်ကိုင်စရာတွေကျန်ရှိနေပါသေးတယ်”
ရော်နယ်ဒိုဘယ်သွားဖို့ရှိမလဲ??

Goal News ဖော်ပြချက်အရ ကြာသပတေးနေ့က Man City အသင်းဟာ ဂျူဗင်တပ်မှရော်နယ်ဒိုအားခေါ်ယူရန်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ စပါးအသင်းရဲ့ ဟယ်ရီကိန်းအားခေါ်ယူနိုင်ဖို့ကြိုးစားခဲ့ ပေမယ့် လက်လွတ်သွားခဲ့ပြီးနောက် ၎င်းတို့သည်တိုက်စစ်မှူးတစ်ဦး အတွက်ယခုဓျေးကွက်မပိတ်ခင်မှာအသည်းအသန်ကြိုးစားနေတုန်းပါပဲ။ Pep Guardiola ၏အသင်းသည်စီရော်နယ်ဒို၏အေးဂျင့် Jorge Mendes နှင့်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးသဘောတူညီမှုရရန်နီးစပ်နေပြီဟုကလပ်ရဲ့ သတင်းရင်းမြစ်များက ပြောဆိုနေကြသော်လည်းကစားသမားနှင့်နီးစပ်သူများကမူယခုထိသဘောတူညီမှုမရသေးဘဲဆွေးနွေးမှုများဆက်လက်လုပ်ဆောင်နေပါတယ်ဟု ဖော်ပြခဲ့ကြပါတယ်။
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းရော်နယ်ဒိုကသရဲနီတွေရဲ့အဓိကပြိုင်ဘက်တွေထဲကဘယ်အသင်းကိုမှ ပြောင်းရွှေ့ကစားမှာ မဟုတ်ဘူးလို့အတိအလင်းပြောထားခဲ့ပေမဲ့ ယခုအပြောင်းအရွှေ့အတွက် မန်ယူပရိတ်သတ်တွေ နားလည်ပေးနိုင်ဖို့မျော်နေပါတယ်။
သူ၏အေးဂျင့်ဖြစ်သူ Jorge Mendes သည်ယခုသီတင်းပတ်အစောပိုင်းတွင်တူရင်ကလပ်တာဝန်ရှိသူများနှင့်စကားပြောခဲ့ပြီးယခုလို ဂျူဗင်တက်စ် အသင်းနဲ့ လမ်းခွဲခြင်းကိစ္စဟာ သေချာပေါက် ဖြစ်လာမှာပါ။
ရော်နယ်ဒိုဘယ်လောက်ကုန်ကျမလဲ။
တူရင်ဘက်မှ ကစားသမားအတွက် ယူရို ၂၉ သန်း (ပေါင် ၂၄ သန်း/၃၄ သန်း) သတ်မှတ်ထားသော်လည်း မန်စီးတီးက ၃၆ နှစ်အရွယ်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်းမရှိဘူးလို့လဲ ဖော်ပြခဲ့ကြပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်းမှတ်ချက်ပေးခဲ့ပါတယ်

“ရော်နယ်ဒိုကသူ့အနာဂတ်ကိုသူဆုံးဖြတ်ပါလိမ့်မယ်” လို့ဂွာဒီယိုလာကမန်စီးတီးအသင်းနဲ့တိုက်စစ်မှူးသစ်ရှာဖွေဖို့ ဆွေးနွေးနေတဲ့အချိန်မှာပြောဆိုခဲ့ပါတယ်။
#satanfc
#worldclassfootballchannel
#goalnews
#transferrumour
