🤔အမ်ဘာပေ ဘယ်လဲ ဘာလဲ 🤔

( အမ်ဘတ်ပီသည် PSG မှထွက်ခွာလိုနေတဲ့အတွက် ရီးရဲလ်မက်ဒရစ်ကတော့ တရားမ၀င် ကမ်းလှမ်းမှုများပြုလုပ်နေဟုလီယိုနာဒို မှ ပြောကြားခဲ့ )
PSG အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုနှတစ်ယောက်က Blancos နှင့်ခိုင်မာသေ အဆက်အသွယ်များရှိနေတာကြောင့် သူတို့ရဲ့ အဖိုးတန် ကစားသမားလေး အမ်ဘာပေတစ်ယောက် အသင်းမှထွက်ခွာရန်တွန်းအားများ ရှိနေကြောင်းအတည်ပြုခဲ့ပါတယ်။
Kylian Mbappe က Paris Saint-Germain မှထွက်ခွာလိုသော်လည်း ရီးရဲလ်မက်ဒရစ်ဟာ သူတို့လိုချင်တဲ့ ကစားသမားကိုရဖို့ တရားမဝင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ချဥ်းကပ်လေ့ရှိတယ်ဆိုပြီး ပြင်သစ်ကလပ် အားကစားဒါရိုက်တာ Leonardo ကပြောကြားခဲ့ပါတယ်။

အမ်ဘာပေ တစ်ယောက် PSG နှင့်စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ရောက်နေပြီဖြစ်ပြီး သက်တမ်းတိုးရန်အတွက် ကလပ်နှင့်သဘောတူညီမှုမရရှိသေးပါဘူး။ အဆိုပါ အသက် (၂၂) နှစ်အရွယ်ကစားသမားအတွက် ရီးရဲလ်မက်ဒရစ် ကတော့ အလားအလာအရှိဆုံး အပြောင်းအရွှေ့ ဖြစ်လာနိုင်တဲ့ အသင်းတစ်သင်းပါ ” ဟုအမွှမ်းတင်ခံခဲ့ရပြီး Goal News ရဲ့ ဖော်ပြချက်အရ ယခုအပတ်အစောပိုင်းတွင် ယူရိုသန်း (၁၆၀) (ပေါင် ၁၃၇ သန်း/ဒေါ်လာ ၁၈၈ သန်း) ဖြင့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ် ဆိုပြီး ဖော်ပြထားခဲ့ပါတယ်။
” ဥရောပ ဘောလုံးလောကရဲ့ အပြောင်းအရွှေ့ တံခါးမပိတ်မီ တစ်ပတ်အလိုမှာ ငါတို့အစီအစဉ်တွေကို မပြောင်းလဲလိုပါဘူး ။ သူထွက်သွားချင်ရင်ငါတို့သူ့ကိုမတားဘူး၊ ဒါပေမယ့်ငါတို့ရဲ့ သတ်မှတ်ချက် အတိုင်းတော့ သူလိုက်နာရပါလိမ့်မည် ဆိုပြီး PSG အသင်း အားကစား ဒါရိုက်တာ လီယိုနာဒိုက”ယခုလိုပဲ ပြောဆိုခဲ့ပါတယ်။
လီယိုနာဒိုသည် Mbappe အတွက်ရီးရဲလ်၏ကမ်းလှမ်းမှုကိုတင်ပြခဲ့ပြီး၊ PSG အသင်းကလည်း သူ့ကိုလက်ရှိအချိန်မှာ မရောင်းချနိုင်ခဲ့ရင် လာမယ့် ရာသီမှာတော့ သေချာပေါက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမှာပါ။
ကမ္ဘာ့ဖလားချန်ပီယံဆုရှင်က PSG မှသက်တမ်းတိုးရန် အတွက် အဆိုပြုချက်နှစ်ခုကို ငြင်းပယ်ခဲ့ပြီးပါပြီ။ အဲ့ဒိနောက် PSG တာဝန်ရှိသူတွေ ပြောကြားခဲ့တာက “ Kylian ကိုငါတို့ဘက်က စာချုပ် အမြဲချုပ်ထားဖို့ပဲ ၊ ဒါကငါတို့ရဲ့ ဦး တည်ချက်ပါပဲ” ဆိုပြီးပြောကြားခဲ့ပါတယ်။
“ငါတို့ Kylian ကို ကမ်းလှမ်းမှုနှစ်ခုပြုလုပ်ခဲ့တယ်၊ လွန်ခဲ့တဲ့ ၂ လကတည်းက ငါတို့အသင်းမှာထိပ်တန်းကစားသမားတွေနဲ့အတူ အဆင့်အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေပါပြီ ။ ငါတို့က Kylian ကို ဗဟိုတိုက်စစ်မှာ အရေးပါတဲ့ကစားသမားတစ်ယောက်ဆိုတာသက်သေပြစေချင်ပါတယ်”

“ရီးရဲလ် ရဲ့ ယခုအပြုအမူတွေက ၊ သူ့ကိုအလကားရဖို့တစ်နှစ်စောင့်နေတဲ့ နည်းဗျူဟာနဲ့တူနေပါတယ်။ နောက်ဆုံး ၂ နှစ်မှာရီးရဲလ်မက်ဒရစ်က ကစားသမားနဲ့အဆက်အသွယ်ရခဲ့တဲ့အတွက်အဲဒါက တရား၀င်မှုမရှိပါဘူး၊ မမှန်ကန်ပါဘူး၊ ပြီးတော့ ငါတို့အတွက်လည်း လက်ခံနိုင်စရာအခြေအနေမျိုး မဟုတ်ခဲ့ပါဘူး။
“ဒါဟာ ရီးရဲလ်မက်ဒရစ် အသုံးပြုနေတဲ့ မဟာဗျူဟာရဲ့သက်သေတစ်ခုပါပဲ၊ ကမ်းလှမ်းမှုတစ်ခုဟာသူ့ရဲ့စာချုပ်မကုန်ဆုံးမီတစ်နှစ်အလိုမှာ၊ အပြောင်းအရွှေ့မပိတ်မီ ခုနစ်ရက်အလိုမှရောက်လာတာပါ။ သူတို့က Kylian အတွက် အရာအားလုံးကိုကြိုးစားခဲ့ပြီးနောက်နှစ်အတွက်ညှိနှိုင်းဖို့သူတို့က ပြုလုပ်ချင်ပေမယ့် ငါတို့ ငြင်းချင်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း ကစားသမား အပေါ်မှာလည်း အများကြီး မူတည်နေပါသေးတယ် ” ဆိုပြီး လီယိုနာဒို ရဲ့ အင်တာဗြူးပြောဆိုချက်တွေကို ထုတ်နှုတ်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ် ခင်ဗျ။
#satanfc
#worldclassfootchannel
#sourcebygoalnews
⚽Thanks For Supporting⚽
