အာဆင်နယ်ကြယ်ပွင့်ဟောင်း Wilshereတစ်ယောက် သူ့ကို ဘယ်အသင်းကမှ ကမ်းလှမ်းမှုမရှိရတာလဲ ဆိုတာကို သူ့ကလေးတွေကို ဘယ်လိုပြန်ရှင်းပြရမလဲဆိုပီး ဝမ်းနည်းဖွယ် ဖွင့်ဟခဲ့

တစ်ချိန်တုန်းကတော့ အနာဂတ်မှာ ကမ္ဘာ့အဆင့်ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်လာမယ်ဆိုတဲ့ ထင်ကြေးတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ကစားသမားလေး ဂျက် ဝီလ်ရှီးယားတစ်ယောက် ယခုအခါမှာတော့ (၂၉) နှစ်ပြည့်ခဲ့ပြီး ကြံ့ခိုင်နေသော်လည်း ဘယ်အသင်းကမှ သူ့ကို ကမ်းလှမ်းမှုမပြုလုပ်ခဲ့ကြပါဘူး။
ဂျက်ဝီရှိုင်းယားသည် အသင်းသစ်ရှာဖွေနိုင်ဖို့အတွက် ကြိုးစားရုန်းနေခြင်းရခြင်းကိုလည်း ဖွင့်ဟခဲ့ပါတယ် ။ အာဆင်နယ်ကြယ်ပွင့်ဟောင်းကသူ့အားခေါ်ယူရန်အဘယ်ကြောင့်များ အသင်းတွေက ကမ်းလှမ်းခြင်းမပြုလုပ်ကြတာလဲဟုဆိုခဲ့ပြီး ထိုအချက်ကြောင့်ပဲ သူ့ရဲ့ကစားသမားဘဝ အဆုံးမသတ်လိုပေမယ့် အခုတော့ တစ်ယောက်ထဲ လေ့ကျင့်ရေးပြုလုပ်နေရပြီး သူ့ဘဝက ရှုံးနိမ့်နေရပါပြီဆိုပြီး ပြောဆိုခဲ့ပါတယ်။
တစ်ချိန်က အာဆင်နယ်အသင်း ကွင်းလယ်လူသည် ၂၀၁၈ ခုနှစ်တွင်ဂန်းနားမှ ထွက်ခွာပြီးနောက် ဝက်စ်ဟမ်းနှင့်ဘုန်းမောက်တို့၌အချိန်ကုန်ခဲ့သော်လည်းနှစ်သင်းစလုံး အတွက်အောင်မြင်မှုတစ်စုံတစ်ရာမျှရယူနိုင်အောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။
ယခုအခါအင်္ဂလန်အသင်းအတွက် ၃၄ ဂိုးသွင်းယူပေးခဲ့ပြီး ယခုအခါအသက် ၂၉ နှစ်ပြည့်ခဲ့ပြီးဖြစ်သည့် အသင်းလက်မဲ့ ဖြစ်နေသော ဝီရှိုင်းယား အပေါ် ဘယ်အသင်းကမှ စိတ်ဝင်စားမှုမရှိကြတာကို နားလည်ရခက်နေကြရပါတယ်။
Wilshere ကဘာတွေပြောခဲ့လဲ?

“ ဒီနေ့ငါပြေးလွှားနေရင်းနဲ့ကြံ့ခိုင်မှုရှိဖို့ တစ်ယောက်တည်းလေ့ကျင့်နေရတောတွေနှင့်ပတ်သတ်ပြီး သူ့လက်ရှိအခြေအနေကို The Athletic ကို ခုလိုပဲပြောပြခဲ့ပါတယ်။
“ အခုဆိုရင် ငါ့ကလေးတွေကသူတို့နားလည်နိုင်တဲ့အရွယ်မှာရောက်နေကြပါပြီ။ အထူးသဖြင့်ကိုးနှစ်သား Archie “သူကငါတကယ်ပဲ Major League Soccer အကြောင်းပြောနေတာလား၊ ဒါမှမဟုတ် အဖေကဘာလို့ La Liga မှာသွားမကစားတာလဲဆိုပီးမေးခွန်းထုတ်ခဲ့ပါသေးတယ်။
“ ပြီးတော့သူ့ကိုရှင်းပြရတာခက်ခဲပါတယ်။ သူက ‘ကလပ်တွေက အဖေ့ကို ဘာလို့ မကမ်းလှမ်းကြတာလဲ ‘ လို့ငါ့ကိုပြောပါလိမ့်မယ်, ဒါပေမယ့်ငါသူ့ကိုဘယ်လိုရှင်းပြရမလဲ။
“ ငါအပြင်ထွက်တဲ့အခါလူတွေကငါ့ကိုမှတ်မိကြတယ်။ သူတို့ မေးတာကို ရှင်းပြဖို့ကြိုးစားနေရတဲ့အချိန်က ငါ့အတွက်အခက်ခဲဆုံးအပိုင်းပါပဲ ‘ကောင်းပြီ၊ မင်းကဘာလို့အင်္ဂလန် ကလပ်တစ်ခုနှင့် လက်မှတ်ထိုးနိုင်ဖို့ မကြိုးစားရတာလဲဆိုပီး မေးခွန်းတွေက သူ့ရဲ့ ပတ်ချာလည်မှာပြည့်နှက်လို့နေခဲ့ပါတယ် “
အင်္ဂလန်က ထွက်ခွာရန် အချိန်ကြလာပြီလား?

ဝီလ်ရှိုင်းယားတစ်ယောက် သူ့ရဲ့ ဇာတိမြေမှာပဲ သူရဲ့ဘ၀တစ်ခုလုံးကိုဖြတ်သန်းစေခဲ့ပြီးနောက် Wilshere ကသူရဲ့ အပြောင်းအရွှေ့နှင့်ပတ်သတ်ပြီး သူ၏အမြင်များကို ဖွင့်ဟခဲ့ပါတယ်။ သူက“ နိုင်ငံခြားမှာသွားကစားဖို့ ငါအဆင်သင့်ပါပဲ ။ တကယ်တော့ငါနိုင်ငံခြားသွားချင်တယ်။ ငါကွဲပြားခြားနားသောအရာတစ်ခုခုကို ငါကြိုးစားကြည့်ချင်ပါတယ်။
“ လူတွေ၊ ကလပ်တွေ၊ ပရိတ်သတ်တွေအကြောင်းမတွေးတော့ပဲ နေရာမှာအသစ်တစ်ခုခုမှာ ငါပြန်စတင်ခြင်ပါတယ်။။ ငါဒီနေ့ ဒဏ်ရာရခြင်ရလိမ့်မယ်, ဒါမှမဟုတ် ပွဲနည်းနည်းပဲ ကစားခြင်ကစားရပါလိမ့်မယ် ဒါကိုလည်း ဘယ်သူကမှ ငါ့ကိုသတိပြုမိကြမှာမဟုတ်တော့ပါဘူး။
“ ဒီနိုင်ငံရဲ့ အပြောင်းအရွှေ့တံခါးက ငါ့အတွက် မဖြစ်နိုင်တော့လို့ ငါနည်းနည်းခံစားရပါတယ်။ ဘာကြောင့်လဲတော့ငါတစ်ကယ်မသိပါဘူး။ ငါ့ရဲ့ ဒဏ်ရာပြသနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ် ဒါပေမယ့်လည်း, ဒါဟာမတရားဘူးလို့ငါခံစားရတယ်။

“ ငါဒဏ်ရာရတာနောက်ဆုံးအကြိမ်က ၂၀၂၀ ဇန်နဝါရီမှာပါ။ လူတိုင်းက“ အိုး၊ သူ့ခြေကျင်းဝတ်၊ သူ့ခြေချင်းဝတ်” အော်ဟစ်ရင်း ငါ့ခြေကျင်းဝတ် ကျိုးခဲ့ရပါတယ်။ ငါအတတ်နိုင်ဆုံးပြန်ပြီး ကို့ကိုကို ပြန်လည်ကြံ့ခိုင်လာစေဖို့ နေ့ရက်ရှည်တိုင်းက ငါ့အတွက် အရမ်းကိုပင်ပန်းပြီး စိတ်ဓာတ်တွေကြစေခဲ့ရပါတယ်။ ဒါပေမယ့်လည်း ငါအခုအတော်လေး ပြန်လည်ကြံ့ခိုင်နေပါပြီ။
“ ငါ့ရဲ့နောက်ထပ်အပြောင်းအရွေ့ကငါငွေရှာဖို့လိုတာမဟုတ်ပါဘူး။ ဒါက ငါ့ရင်ထဲမှာရှိနေတဲ့ခံစားချက်အကြောင့်ပါပဲ၊ ငါကြီးပြင်းလာတုန်းကဘောလုံးကိုချစ်မြတ်နိုးတဲ့အကြောင်းပြောနေတာတော့မဟုတ်ပါဘူး။ အာဆင်နယ်အသင်းရဲ့အစောပိုင်းကာလတွေတုန်းက ငါကစားခဲ့ရတာတွေကိုကြိုက်တယ်၊ အပြင်ကိုထွက်ရတာကိုကြိုက်တယ်၊ Emirates မှာကစားရတာကိုအရမ်းနှစ်သက်ခဲ့ပါတယ်။
“တိုက်ပွဲဝင်စရာတစ်ခုခုရှိနေသေးတဲ့အတွက်ကြောင့် ငါ့ကိုငါအရှုံးမပေးပဲ အဲ့ဒိအရာကို ငါပြန်ရဖို့ ကြိုးစားနေတာပါ ” ဆိုပြီး ဝမ်းနည်းစွာနဲ့ ရင်ဖွင့်ခဲ့ပါတယ်။
#satanfc
#worldclassfootballchannel
#sourcebyvoalnews
