ခရစ္စတီယာနိုရော်နယ်ဒိုအတွက် အပြောင်းအရွေ့ဖြစ်လာနိုင်မယ့် ကလပ်အသင်း‌တွေနဲ့ ပတ်သတ်ပီး သုံးသပ်ချက်များ ———–

ဘယ်အသင်းကဂျူဗင်တပ်စ်ကြယ်ပွင့်ကိုခေါ်ယူနိုင်မလဲ ?? 🤔

1 – Paris Saint-Germain (10 / 1)

ပြောစမှတ်တွင်နေတဲ့ PSG မပါရင်မပြီးဆိုတဲ့ အတိုင်းပဲ PSG ပါလာပြီဆိုရင် နာမည်ကြီး‌ နေတဲ့ သတင်းတွေက မရှိသလောက်ရှားပါးပါတယ် ၊ ဒါပေမယ့်လည်း PSG အသင်းနေနဲ့ ရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ကို အပြောင်းအရွှေ့ကာလတစ်ခုတည်းမှာပဲ ဝယ်ယူချင်တယ်ဆိုရင်တော့ ကွန်ပြူတာဂိမ်း မှာဆို ပိုပြီးဖြစ်နိုင်ပါလိမ့်မယ် 😂

ပြင်သစ်ကလပ်က CR-7 တစ်ယောက်ကို ခေါ်ယူဖို့အတွက် သူတို့မှာ အရင်းအနှီးများစွာရှိနေတယ် ငွေကြေးအမြောက်အများကိုလည်း သူတို့ ပေးချေနေနိုင်သေးတယ် ဒါကိုလည်း ဘယ်သူကမှ သံသယဝင်ကြမှာမဟုတ်ဘူးဗျ ၊ အသင်းကနေ ထွက်ခွာဖို့ သတင်း မွှေးနေတဲ့ Kylian Mbappe ရဲ့ ပုံရိပ်က အခြားအသင်းကြီးတစ်သင်းဆီ ပြောင်းချင်‌ ပြောင်းသွားနိုင်တယ်ဆိုပေမယ့်လည်း ရော်နယ်ဒိုကို သူတို့အခုလို ဝယ်ယူပီး မက်ဆီ နဲ့ အတူ နှစ်ယောက်လုံးရဲ့ ပုံရိပ်ကိုအသုံးချနိုင်ဖို့ကြပြန်တော့ ဒီသဘောတရားက အရမ်းကိုစိတ်ကူးယဉ်ဆန်နေပေမယ့်လည်း ယခုအချိန်မှာ PSG ဖြစ်မယ်ဆို ဖြစ်နိုင်တယ့်အလားအလာကလည်း ရှိနေပြန်ပါတယ်။

2 – Man City (4 / 1)

PSG နည်းတူပဲ မန်စီးတီးအသင်ကလည်း သူတို့ အသင်းပိုင်ရှင်ရဲ့ ချမ်းသာကြွယ်ဝမှုတွေကြောင့်ပဲ CR-7 ကို ခေါ်ယူဖို့ ကြိုးစားလာနိုင်တဲ့အသင်းထဲမှာ နံပါတ်၂ နေရာကနေလိုက်နေပါတယ်။ Sergio Aguero နေရာမှာအစားထိုးဖို့ပုံမှန်ဂိုးသွင်းရှင်တစ်ယောက်ကို ဖြည့်မှရမယ့် မန်စီးတီးရဲ့လိုအပ်ချက်ဟာလူသိများပေမယ့် Harry Kane ကို‌ ခေါ်ယူဖို့ ကြိုးစားခဲ့မှုကိုလည်း အသင်းပရိတ်သတ်တွေက အားမလိုအားမရဖြစ်နေကြပါတယ်။
အကယ်၍များ သူတို့ ကိန်းအပေါ် ကမ်းလှမ်းမှုကို မပြု‌လုပ်‌တော့ပဲ ခေါက်ထားမယ်ဆိုရင် အသက် ၃၆ နှစ်အရွယ်ရော်နယ်ဒိုဟာ သူတို့အတွက် ရေတိုအစားထိုး ရွေးချယ်မှုတစ်ခုဖြစ်လာလိမ့်မယ်။CR-7 က Pep Guardiola ရဲ့ တည်ဆောက်ထားတဲ့ ပုံစံနှင့်မကိုက်ညီ‌ပေမယ့်လည်း မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို အသာစီးရယူချင်နေတဲ့အတွက် ခေါ်ယူပြုလုပ်မယ့်စာရင်းထဲမှာ နံပါတ် ၂နေရာကနေလိုက်နေခဲ့ပါတယ်။

3 – Man United (11 / 1)

ယူနိုက်တက်ပရိသတ်များက ပေါ်တူဂီသားကို အိုးထရက်ဖို့ဒ်သို့ပြန်ခေါ်ရန်အတွက် ရလာနိုင်တဲ့ ဘယ်အခွင့်အလမ်းကိုမဆိုလက်လွတ်ခံ‌စေကြမှာမဟုတ်ပါဘူး ။ ရော်နယ်ဒိုဟာသူ့ရဲ့ ကစားသမားဘ၀စတင်ရာ အစောပိုင်းမှာသိသိသာသာအောင်မြင်ခဲ့တဲ့ကလပ်ကိုပြန်လာဖို့အတွက် စိတ်ပိုင်းဆိုင်ရာ အနေနှင့် ကြည့်မယ်ဆိုရင် ဒါဟာ ဖြစ်ကောင်းလည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့်လည်း ယခု အရွှေ့အပြောင်းကို အသင်းပရိတ်သတ်တွေက တွန်းအားမပေးကြပေမယ့်လည်း ၎င်းအတွက် အမှန်တကယ်ဆန္ဒပြင်းပြမှုရှိခဲ့ရင် United သို့ပြန်လာနိုင်ကြောင်း ထုပ်ဖော်ပြသခဲ့ကြပီး ‌ရော်နယ်ဒိုကို ခေါ်ယူမယ့် စာရင်းရဲ့ နံပါတ် ၃ နေရာမှာရှိနေခဲ့ပါတယ်။

4 – Real Madrid (6 / 1)

ဒီအပြောင်းအရွှေ့ကို ပိုပီးဖြစ်နိုင်ကြလိမ့်မယ်လို့ ပရိတ်တော်တော်များများ ထင်နေကြပါလိမ့်မယ် ။ ရီးရဲလ်နည်းပြသစ် Carlo Ancelotti က‌ CR-7 ကို ပိုပီးတော့ ခေါ်ယူချင်နေပြီး သတင်းများအရ အန်ဆယ်လော့တီ တစ်ယောက် တပည့်ဟောင်း ရော်နယ်ဒိုကို အရင်အတိုင်းပဲ ချစ်ခင်ရင်းနှီးနေဆဲဖြစ်ပြီး ပြန်လည်ခေါ်ယူချင်နေပေမယ့် စပိန်နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ဘဏ္ဌာရေး စည်းမျဉ်းတွေကြောင့် ပြန်လည်ခေါ်ယူနိုင်ဖို့ အခက်အတွေလည်းရှိနေပြန်ပါတယ်။ ဒါကြောင့် ရီးရဲအသင်းအနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူဖို့ ဖြစ်နိုင်သလို မဖြစ်နိုင်တဲ့အနေအထားမှာလည်းရှိနေတာမို့ နံပါတ် ၄နေရာကနေ ရပ်တည်နေခဲ့ပါတယ်။

5 – Sporting Lisbon ( 17 / 1)

Sporting ဟာစီရော်နယ်ဒိုတစ်ယောက် မွေးဖွားရာ မိခင်ကလပ်ဖြစ်ခဲ့ပီးတော့ သူကသူ့ရဲ့ကစားသမားဘ၀ ကို မွေးရပ်မြေမှာပဲ အဆုံးသတ်ဖို့ အကြံပြုနေကြတာတွေလည်း ရှိနေပါတယ်။ဒါပေမယ့်လည်း အောင်မြင်မှုကိုပဲမက်မောတဲ့ CR-7တစ်‌ယောက်အတွက်တော့ ဒါဟာစိတ်ကူးယဉ်ဆန်တဲ့ အပြောင်းအရွှေ့မျိုးပဲဖြစ်လာပါလိမ့်မယ်ဆိုပီး ပြောဆိုခဲ့ကြပါသေးတယ်။ စပို့တင်းမှာပဲ ကုန်ဆုံးမလား အခြားအသင်းကြီးတစ်သင်းနဲ့ပဲ ဆုဖလားအောင်မြင်မှုတွေနဲ့ အဆုံးသတ်မလား ဆိုတာကိုတော့ ဆက်လက်ပီးစောင့်ကြည့်ရမှာဖြစ်တဲ့အတွက် နံပါတ် ၅ နေရာမှာပဲရပ်တည်နေခဲ့ပါတယ်။

6 – Tottenham (25 / 1)

စပါးအသင်းကတော့ ရော်နယ်ဒို ပြောင်းရွေ့မယ့်စာရင်းထဲက မဖြစ်နိုင်ဆုံးအနေထားမျိုးရှိတဲ့အသင်းလို့ သတ်မှတ်လို့ရနိုင်ပါတယ်။ဒါပေမယ့်လည်း စာရင်းထဲမှာ စပါးအသင်းလည်းပါဝင်လာခဲ့ပါတယ်
အခြေအနေအရ စပါး အသင်းက ကိန်း‌ နေရာကို အစားထိုးဖို့ တိုက်စစ်အားဖြည့်ရန်အတွက် CR-7 ကို စောင့်ကြည့်နေပြီး Kane ထွက်ခွာသွားခဲ့ရင် မဖြစ်မ‌နေ တိုက်စစ်မှုး တစ်ယောက်တော့ သူတို့သေချာပေါက်လိုအပ်လာမှာပါ၊ ရော်နယ်ဒိုဟာ စပါးအသင်းအတွက် ရေရှည်အတွက်မဖြစ်နိုင်ပေမယ့် လက်တလော တိုက်စစ်ပြသနာ‌ကိုတော့ ဖြေရှင်းပေးနိုင်မယ့် အနေအထားမှာ ရှိနေတာမို့ ရော်နယ်ဒိုကို လိုချင်တဲ့ အသင်းတွေရဲ့ စာရင်းနံပါတ် ၆ နေရာကနေလိုက်နေခဲ့ပါတယ်။

တစ်ခုစဉ်းစားစရာက စပါးအသင်း ရော်နယ်ဒိုကို ခေါ်ယူဖို့ အရည်အချင်းပြည့်မှီရဲ့လား ၊ Europa Conference League ပဲ ကစားနေခွင့်သာရနေရင်‌တော့ သူတို့အနေနဲ့ ရော်နယ်ဒိုကို လိုက်ဖို့ အခြားပြိုင်ဘက်အသင်းကြီးတွေကို မမှီနိုင်ပါဘူး၊ ဒါကြောင့်ပဲ စပါးအသင်းရဲ့ ရော်နယ်ဒိုကို လိုချင်တဲ့အိမ်မက်တစ်ခုက အစပျိုးခွင့်တောင်ရှိလာတော့မှာမဟုတ်ပါဘူး။

#satanfc

#worldclassfootballchannel

😈WE R SATAN😈

⚽Thanks for Supporting ⚽

#sourcebygoalnews