အပြောင်းအရွှေ့သတင်းတွေမှာ နာမည်ကြီးနေတဲ့ စပါးအသင်းက ဝုဗ် အသင်းကို အလီ ရဲ့ ပင်နယ်တီသွင်းဂိုး တစ်ဂိုးတည်းနှင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှာ Kane တစ်ယောက် Tottenham အတွက်
အရံကစားသမားအဖြစ် ဒီရာသီအတွက် ပထမ ဦးဆုံး ပါဝင်လာခဲ့ပါပီ။

Kane က ၂၀၂၁-၂၂ ယခုနှစ်ရာသီ အစမှာတော့ သူ့အသင်းအတွက် ပီးခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာ မပါဝင်ခဲ့ပေမယ့်လည်း Wolves အသင်းနဲ့ပွဲစဥ်မှာတော့ နောက်ဆုံးမိနစ် ၂၀ အလိုတွင် Son Heung Min နဲ့ လူစားလဲလှယ်ပြီး ဝင်ရောက်ကစားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ မန်ချက်စတာစီးတီးသို့မကြာခင် ပြောင်းရွှေ့တော့မယ်ဆိုတဲ့ ကောလာဟလများကြောင့် စပါးအသင်းအတွက်ရာသီအစပထမဆုံးပွဲတွေမှာတော့ အရန်လူစာရင်းမှာတောင် ပါဝင်လာခဲ့ခြင်း မရှိခဲ့ပါဘူးခင်ဗျ။