( ![]()
ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါချန်ပီယံဆုကာကွယ်ရန် ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို ယခုနွေရာသီမှာ ရောင်းချရန်မရှိ ![]()
)
သတင်းများအရ ပိုလန်တိုက်စစ်မှူးက ဂျာမနီမှ ထွက်ခွာရန်ဆန္ဒရှိခဲ့သော်လည်း ၂၀၂၂ နွေရာသီမတိုင်မီ မည်သည့်သဘောတူညီချက်မျှ ဖြစ်လာလိမ့်မည် မဟုတ်ကြောင်း သတင်းတွေမှာဖော်ပြခဲ့ပါတယ်။ရောဘတ် Lewandowski အား ရောင်းချလိုခြင်း မရှိသဖြင့် ယခုနွေရာသီတွင် ဘိုင်ယန်မြူးနစ်မှထွက်ခွာမည်မဟုတ်ကြောင်း GoalNews ကအ တည်ပြုနိုင်ခဲ့ပါတယ်။
ဝါရင့်တိုက်စစ်မှူးသည် ယခုနွေရာသီတွင် ဘွန်ဒက်စ်လီဂါချန်ပီယံအသင်းမှထွက်ခွာရန် ချိတ်ဆက်မှုများရှိနေပါတယ်, မကြာသေးမီ သတင်းများအရ လီဝန်တစ်ယောက် အသင်းမှထွက်ခွာရန် တောင်းဆိုခဲ့ပြီး ဘိုင်ယန်မြူးနစ်သည် သူတို့ တိုက်စစ်မှုးအတွက် ယူရိုသန်း ၁၁၀ ( ဒေါ်လာ သန်း၁၅၀) ဈေးနှုန်းသတ်မှတ်ခဲ့တယ်လို့လည်းဖော်ပြနေခဲ့ကြပါတယ်။
သို့သော်လည်း ဘိုင်ယန်သည် မည်သည့်အခြေအနေမျိုးတွင်မဆို ရောင်း၀ယ်ရန်စဉ်းစားနေခြင်းမရှိကြောင်း Goal News ကဖော်ပြနိုင်ခဲ့ပါတယ်, Lewandowski က ဒီအခြေအနေကိုလက်ခံပြီး အပြောင်းအရွှေ့အတွက်တွန်းအားပေးမှာမဟုတ်ဘူးလို့လည်းပြောကြားသွားခဲ့ပါတယ်။
(
အခြေအနေဘယ်လိုရှိလဲ
)
ဒီအပတ်မှာ အသက် ၃၃ နှစ်ပြည့်တဲ့ Lewandowski,ဘိုင်ယန်အား ၉ ကြိမ်ဆက်တိုက်လိဂ်ချန်ပီယံဖြစ်စေခြင်းရဲ့ အဓိနေရာကနေပါဝင်နေတဲ့ သူ့အတွက် ဘွန်ဒစ်လီဂါနောက်ဆုံးရာသီမှာ အံ့ဩဖွယ်ဂိုးသွင်းရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပြီးနောက်မှာတော့ ယခုနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့မပိတ်မီကာလမှာတော့ ဥရောပကလပ်များစွာနှင့်ချိတ်ဆက်မှုများရှိနေခဲ့တယ်လို့လည်း ဖော်ပြ နေခဲ့ကြပါတယ်။
ချဲလ်ဆီးအသင်းသည်ရိုမီလူလူကာကူကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသတင်းများထွက်ပေါ်နေသည့်အချိန်းတုန်းကတည်းက, Lewandowski တစ်ယောက် အသင်းကနေ ပြောင်းရွေ့ဖို့ တောင်းဆိုခဲ့သူတစ်ယောက်ဖြစ်ပါတယ် ဆိုပီး Goal News မှာဖော်ပြသွားခဲ့ပါတယ်။သို့သော်လည်းဘိုင်ယန်မြူးနစ်ကတော့ သူ့ကစားသမားအတွက် အခိုင်အမာပြောဆိုနေပြီး ဩဂုတ်လကုန် ပြောင်းရွှေ့ဓျေးကွက်ပိတ်သည့်တိုင်အောင် မည်သည့်ဈေးနှင့်မဆိုရောင်းချမှာမဟုတ်ပါဘူး, လီဝန်ဒေါစကီးကိုတိုင်က အသင်းရဲ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီးတော့ ဘိုင်ယန်အတွက်ပုံမှန်အတိုင်းဆက်ကစားသွားမယ်လို့ပြောဆိုမှုတွေရှိခဲ့တာကိုလည်း Goal News ကထပ်မံပြီးဖော်ပြပေးခဲ့ ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ သူတို့ရဲ့ဘွန်ဒက်စ်လီဂါပွဲစဉ် ၂ ကို Koln နဲ့ အိမ်ကွင်းမှာစတင်ပီး ယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျ။
Lewandowski တစ်ယောက် အသင်းပြောင်းရွှေ့ဖို့ ဘာလို့လက်လျှော့လိုက်တာလဲဆိုတော့ ၂၀၂၃ ခုနှစ်မှာ သူကစာချုပ်သက်တမ်းကုန်ဆုံးမှာပါ ဆိုလိုတာက သူကလာမယ့်နှစ် နွေရာသီပြောင်းရွှေ့ကာလမှာ ဘိုင်ရန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လပဲကျန်တော့မှာဖြစ်ပါတယ်၊ အဲ့ဒိ အခြေအနေမျိုးမှာ ဆိုရင်တော့ လီတန်ဒေါစကီး တစ်ယောက် အသင်းပြောင်းရွှေ့ဖို့ ပိုမိုပီး လွယ်ကူနိုင်ပါလိမ့်မယ်ဆိုပီး Goal News ကသုံးသပ်သွားခဲ့ပါတယ်။
ဆက်လက်ပီး – ယခုနှစ်နွေအပြောင်းရွှေ့ ဈေးကွက်မှာတော့ ဘိုင်ယန်တို့ အလှုတ်အခက် သိပ်မတွေ့ရပဲ PSG နောက်ခံလူဖြစ်တဲ့ Thilo Kehrer ကိုချိတ်ဆက်မှုရှိနေပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်ရန်အတွက် သဘောတူညီမှု မရနိုင်သေးပဲ အလှမ်းဝေးနေဆဲဖြစ်ပီးတော့ RB Leipzig ဗဟို နောက်ခံလူ Dayot Upamecano တစ်ဦးတည်းကိုသာ ယူရို ၄၂ သန်းအသုံးပြု၍ ဝယ်ယူခဲ့ခြင်းသာ ရှိခဲ့ပီး ၊ ပြန်လည်ရောင်းချမည့် ကစားသမားစာရင်း မှာတော့ -Corentin Tolisso, Bouna Sarr, Chris Richards နှင့် Michael Cuisance တို့ပါဝင်နေပီး ၎င်းတို့အား အပီးသတ်ရောင်းချရန်အတွက် ဘိုင်ယန်မြူးနစ်အသင်းက ကမ်းလှမ်းမှုများကို ယခုဓျေးကွက်မပိတ်မှီ စောင့်ဆိုင်းလျှက်ရှိနေတယ် လို့ Goal News မှာဖော်ပြသွားခဲ့ပါတယ်။
#satans
#worldclassfootball
#goalnews
THANKS FOR SUPPORTING ![]()



