( ရီးရဲလ်မက်ဒရစ်မှာ ကျွန်တော့်ရဲ့ဇာတ်လမ်းကို ရေးပြီးခဲ့ပါပြီ )

ရော်နယ်ဒိုဟာဘာနေဗျူးကိုပြန်လာမယ်ဆိုတဲ့ပြောဆိုမှုတွေ လေးစားမှုမရှိတဲ့ မီဒီယာတွေရဲ့ ထင်ကြေးတွေနဲ့ထုတ်ဖော်ပြောကြားခဲ့ခြင်းတွေကို ငြင်းဆိုသွားခဲ့ပါတယ်။
Blancos(Real Madrid’s) ကြယ်ပွင့်ဟောင်းက ယခုနွေရာသီအပြောင်းအရွှေ့မှာတော့ အသင်းမှထွက်ခွာဖွယ်ရှိနေပီး အသင်းကြီးတွေအပြိုင်ချိတ်ဆက်မှုရှိနေတယ်လို့လဲ Skysports News ရဲ့ ဖော်ပြချက်အရသိရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒို တစ်ယောက် ရီးရဲလ်ကိုပြန်လာဖို စိတ်အားထက်သန်သူဖြစ်နိုင်တယ်ဆိုပီး သူ့အပေါ်မလေးမစားပြောဆိုမှုတွေအားလုံးကို ငြင်းဆိုခဲ့ပါတယ်။ သူက ဂျူဗင်တက်စ် အသင်းကနေ ထွက်ခွာချင်နေတာပါဆိုပီး လေးစားမှုမရှိဘဲ အကျယ်တစ်ဝင့်ကိုဖော်ပြနေခဲ့ကြပါတယ်။
ရော်နယ်ဒိုက ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး မကြာသေးမီကအခြားအသင်းကြီးများနှင့်တကွမက်ဒရစ်နှင့်မန်စီးတီးတို့က လည်းချိတ်ဆက်ထားပြီးဖြစ်ပါတယ်။
အပြောင်းအရွှေ့ဆွေးနွေးမှုမှာ မက်ဒရစ်နည်းပြ Carlo Ancelotti က ပေါ်တူဂီကြယ်ပွင့်အား Santiago Bernabeu သို့ပြန်လည်ခေါ်ဆောင်နိုင်ရန်ကြိုးပန်းနေကြောင်းသတင်းများထွက်ပေါ်နေမှုကိုလည်း ရော်နယ်ဒိုတစ်ယောက် ငြင်းဆိုသွားခဲ့ပါတယ်။
( CR-7 ဘာတွေပြောခဲ့တာလဲ )

Instagram ပို့စ်တစ်ခုမှာ ရော်နယ်ဒိုက ယခုလိုပဲ ပြောကြားခဲ့ပါတယ်
“ ငါ့ကိုသိတဲ့သူတိုင်းက ငါ့အလုပ်ကိုငါဘယ်လောက်အာရုံစိုက်တယ်ဆိုတာကိုဘသတိပြုမိကြပါလိမ့်မယ် , “နည်းနည်းပြောပီး ၊ များများလုပ်တာ” , ဒါကငါ့ဘ၀အသက်မွေးဝမ်းကြောင်းစတင်ချိန်ကတည်းက ငါ့ကိုငါလမ်းညွှန်ခဲ့တဲ့ဆောင်ပုဒ်တစ်ခုပါပဲ”
ဒါပေမယ့်လည်း မကြာသေးမီအချိန်က ပြောဆိုခဲ့ကြတဲ့ သူတွေ ရေးထားတဲ့ အရာအားလုံးကိုကြည့်ခြင်းအားဖြင့်၊ ငါ့ရဲ့ ရပ်တည်ချက်ကို ငါပဲသတ်မှတ်ရပါလိမ့်မယ်။
ကစားသမားတစ်ယောက်အနေနဲ့ကျွန်တော့်ကို မလေးစားတာထက် ၊ ကျွန်တော့်အနာဂတ်ကိုမီဒီယာတွေမှာဖုံးကွယ်ဖို့အတွက် သိမ်ဖျဉ်းတဲ့ နည်းလမ်းတွေကို အသုံးချနေတဲ့ သူတွေက ဒီကောလဟာလ ထဲမှာပါဝင်နေတဲ့ ကလပ်အသင်းတွေအားလုံးကိုရော သူတို့နဲ့ဆိုင်ရာဆိုင်ရာ ကစားသမားတွေရော ဝန်ထမ်းတွေကိုရော ပိုပီးလေးစားမှုမရှိရာရောက်နေပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ကျွန်တော့်ဇာတ်လမ်းကိုရေးခဲ့ပြီးပါပြီ။ ဒါတွေအားလုံးကို မှတ်တမ်းတင်ထားခဲ့ပီးပါပီ။ စကားလုံး တွေ၊ နံပါတ်တွေ ဆုဖလား တွေ ၊ မှတ်တမ်း တွေ နှင့် ခေါင်းစီးသတင်း တွေက ရော်နယ်ဒို ဆိုတာ ဘာနေဗျူးအားကစားကွင်းမှာရှိတဲ့ ပြတိုက်ထဲမှာ တည်ရှိနေခဲ့ပြီး သူက အသင်းကိုအားပေးတဲ့ ပရိတ်သတ်တိုင်းရဲ့ စိတ်ထဲမှာလည်း အမြဲရှိနေခဲ့ပါလိမ့်မယ်။
ငါရရှိခဲ့တဲ့အရာတွေထက်ပိုပြီး အဲဒီ့ကိုးနှစ်မှာ ငါဟာယနေ့ချိန်အထိတိုင် စွဲမြဲနေတဲ့ချစ်ခင်မှု၊ လေးစားမှုနဲ့ငါအမြဲမြတ်နိုးလေးစားရတဲ့ဆက်ဆံရေးရှိခဲ့တယ်ဆိုတာကို ငါမှတ်မိနေပါသေးတယ်။ ရီးရဲလ်မက်ဒရစ်ပရိသတ်အစစ်အမှန်တွေက သူတို့ရဲ့နှလုံးသားထဲမှာကျွန်တော့်ကိုဆက်လက်ပီးထားရှိ နေမယ်ဆိုတာကျွန်တော်သိပါတယ်။
မကြာသေးခင်က စပိန်မှာ ဒီနောက်ဆုံးဇာတ်လမ်းတွဲတွေထွက်ပေါ်လာတဲ့အပြင် လိဂ်တော်တော်များများနှင့်လည်း ချိတ်ဆက်နေတယ်ဆိုပီး သတင်းမျိုးစုံတွေ ၊ ဇာတ်လမ်းတွဲ မျိုးစုံတွေ ရှိခဲ့၊ကြားခဲ့ရပါတယ်။
ငါကငါ့နာမည်ကို အသုံးချပြီး လူတွေကိုဆက်ကစားဖို့အခွင်းအရေးမပေးနိုင်တော့ဘူးလို့ပြောဆိုဖို့အတွက် ယခုလိုပဲ ငါ့ရဲ့တိတ်ဆိတ်နေမှုတွေကို ချေဖျက်လိုက်ပါတယ်။ ငါရင်ဆိုင်ရမယ့်စိန်ခေါ်မှုအားလုံးအတွက် ကတိတည်ပြီးပြင်ဆင်ထားတာတွေလည်းရှိနေတယ် ငါ့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်နှင့် လက်ရှိအသင်းဆီမှာ ငါအပြည့်အဝ အာရုံဆိုက်ထားပါတယ်။ အခြားအရာတွေလား???
ဒါတွေက စကားပြောဆိုရုံသက်သက်ပါပဲ ” ဆိုပီး ပြောဆိုသွားခဲ့ပါတယ်။
( ဂျူဗင်တပ်စ်မှာရော်နယ်ဒိုရဲ့အချိန် )

ပေါ်တူဂီကြယ်ပွင့်ဟာ အီတလီကလပ် ဂျုဗင်တက်စ်အသင်းအတွက် ပွဲပေါင်း ၁၃၃ ပွဲမှာ ၁၀၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပီး ဂျူဗင်တပ်စ်အသင်းနှင့် စီးရီးအေဖလား ၂ ကြိမ် နှင့် ပြီးခဲ့သည့်ရာသီ Coppa Italia ကိုဆွတ်ခူးထားနိုင်ခဲ့ပြီး အခြားဆုတံဆိပ်တွေလည်းပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာရီးရဲလ်မက်ဒရစ်ကနေ ရောက်ရှိလာပြီးနောက် ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ အတူ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ၃ ရာသီဆက်တိုက် ကျော်ဖြတ်နိုင်ခဲ့ခြင်းတော့မရှိသေးပါဘူး။
#satanfc
#worldclassfootballchannel
#goalnews
⚽Thanks for Supporting ⚽
