Brentford 2 vs 0 Arsenal

နည်းပြအာတေတာရဲ့ အာဆင်နယ်အသင်းဟာ ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပေမယ့်လည်း အိမ်ရှိန် ဘရန့်ဖို့ အသင်းရဲ့ ပရိတ်သတ်ရှေ့မှာပဲ ၂-၀ ဆိုတဲ့ရလဒ် နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပေမယ့်လည်း ၂၂မိနစ်အရောက်မှာတော့ အိမ်ရှင်အသင်းရဲ့ တောင်ပံကစားသမားလေး ကေးဒိုးစ် က အဖွင့်ဂိုးသွင်းယူခြင်းကိုခွင့်ပြုပေးခဲ့ရပါတယ်။
အဲ့ထိနောက်မှာတော့ အာဆင်နယ်အသင်းက ဆက်တိုက်ဖိအားပေးကစားခဲ့ပေမယ့် ဘရန့်ဖို့အသင်းရဲ့ ဂျန်ဆန် ဦးဆောင်တဲ့နောက်တန်းကို မကျော်လွှားနိုင်ခဲ့ပဲ ဒုတိယပိုင်း ၇၃ မိနစ် အရောက်မှာတော့ အိမ်ရှင်အသင်းရဲ့ ဖိအားပေးမှုကနေပဲ ကွင်းလယ်ကစားသမား နောဂတ် ကနေ ထပ်မံပီးအိမ်ရှင်အသင်းအတွက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးပီး နောက်ပိုင်း အာဆင်နယ်ကဆက်တိုက်ဖိအားပေးတိုက်စစ်ဆင်ပေမယ့်မဲ့လည်း ၂-၀ ဆိုတဲ့ရလဒ်နှင့်သာ ပွဲပီးဆုံးခဲ့ပီး နည်းပြအာတေတာ နှင့်တကွ အာဆင်နယ်အသင်းသားတွေအတွက် ဆိုးရွားတဲ့ အဖွင့်ပွဲစဥ်နဲ့ ရင်ဆိုင်ခဲ့ရပီပဲ ဖြစ်ပါတယ်ခင်ဗျ။
ထူးခါးချက်အနေနဲ့ ၇၃ နှစ်ကြာ မှ ပရိးမီးယားလိဂ်ကို ပြန်လည်တန်းတတ်လာပီး အဖွင့်ပွဲစဥ်မှာ နာမည်ကြီးအာဆင်နယ် အသင်းကို အသင်းငယ်လေး ဘရန့်ဖို့ က အနိုင်ရလိုက်တဲ့ အချိန် ကွင်းထဲမှာ ဘရန့်ဖို့ ပရိတ်သတ် အဖိုးအိုတယောက် ၀မ်းသာမျက်ရည်ကြခဲ့ရတဲ့ဖြစ်စဉ်ကလည်း ထူးခြားစရာအခိုက်အတန့်လေးတခုဖြစ်ခဲ့ပြန်ပါတယ်။
Man United 5 vs 1 Leeds

အဖွင့် ပွဲစဉ်မှာပဲ ဟက်ထရစ်ရယူသွားတဲ့ ဘရူနို တယောက်ကတော့ ပရီးမီးယားလိဂ် ရဲ့ သမိုင်းမှတ်တမ်းသစ် ကို ရေးထိုးနိုင်ခဲ့သလို ယူနိုက်တတ်အသင်းကလည်း ဖာဂူဆန်ခေတ်လွန် ယူနိုက်တတ်ရဲ့ ဂိုးပြတ်နိုင်ပွဲနှင့်အတူ အဖွင့်ပွဲစဉ်ကို အကောင်းမွန်ဆုံး စုဖွဲ့ မှုနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို စိန်ခေါ်နိုင်ဖို့ ခြေလှမ်းသစ်စတင်ခဲ့ပါပြီ။ ထူးထူးခြားခြားပဲ အသင်းပြောင်းရွှေ့ဖို့ သတင်းပြေးနေတဲ့ ပေါလ် ပေါ့ဘာ ရဲ့ ကနေ့အံ့မခန်းခြေစွမ်းကတော့ တကယ်ကိုမှင်သက်သွားစေပါတယ်။
“That is really the great one Paul Pogba” comeback.
ပွဲအစပိုင်းမှာတော့ သူတပြန်ကိုတပြန် တိုက်စစ်ဆင်ရာကနေ မိနစ် ၃၀ လောက်မှာတော့ ဘရူနိုက ယူနိုက်တတ်တို့အတွက် အဖွင့်ဂိုးစတင်ရယူပေးခဲ့ပီး ပထမပိုင်းအပီးမှာတော့ ၁-၀ရလဒ်နဲ့ ယူနိုက်တတ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်
ဒုတိယပိုင်း စပီး ၃မိနစ်လောက်အကြာမှာပဲ လိဒ်အသင်းက Ayling က ယူနိုက်တတ်ရဲ့ ဂိုးဧရိယာ ထိပ်ကနေ အဝေးကန်ချက်နဲ့ လှလှပပ ပြန်လည်းခြေပနိုင်ခဲ့ပေမယ့် မကြာခင်အချိန်မှာပဲ ကွင်းလယ်ပိုင်းတည်ငြိမ်လွန်းတဲ့ ယူနိုက်တတ်ကိုတော့ ယှဉ်နိုင်ခြင်းမရှိခဲ့ပဲ လိဒ်အသင်းက ယူနိုက်တတ်အသင်းကို ထပ်မံပီး ဆက်တိုက်ဆိုသလို Paul Pogba ရဲ့ လှလှပပဖန်တီးပေးမှုတွေကနေတဆင့် Bruno /Greenwood/Fred တို့ရဲ့ သွင်းဂိုးတွေခွင့်ပြုပေးခဲ့ရင်းနဲ့ပဲ ပွဲအပီးမှာတော့ ယူနိုက်တတ်နည်းပြကြီး အိုလေနှင့်သူ့ရဲ့ အသင်းသားတွေ ရဲ့ အိုးလ်ထရက်ဖို့ဒ် ကောင်းကင်ယံဟာ အနီရောင်တွေ အပြည့် လွမ်းခြုံစေခဲ့ပါတယ်။
ချယ်လ်ဆီး ၃ ၀ခရစ်တယ်ပဲလေ့စ်
ပွဲစဉ်မှာတော့ အိမ်ရှင် ချယ်ဆီး အသင်းက ပီးခဲ့ရာသီ ပွဲစဉ်၃၀မှာတုန်းက ပဲလေ့အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် ယခုနှစ်ရာသီ အဖွင့်ပွဲစဉ်မှာတော့ ချယ် ဆီးအသင်းက သူတို့ရဲ့ အိမ်ကွင်းမှာ ပြန်လည် ကလဲ့စားချေနိုင်ခဲ့ပါတယ်။

ပွဲစဉ်ရဲ့ အနှစ်ချုပ်ကို ကြည့်မယ်ဆိုရင်လည်း အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၂% နဲ့ ကစားကွက်အသာစီးရယူပီး သက်တောင့်သက်သာနဲ့ တစ်ဂိုးပီးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ချယ်ဆီးအတွက်သွင်းဂိုးတွေကိုတော့ ၂၇ မိနစ်မှာ အလွန်ဆို ၄၀မိနစ်မှာ ပူလီဆစ် ၅၈မိနစ်မှာ ချာလိုဘာ တို့ကသွင်းဘူပေးခဲ့တာပဲဖြစ်တာတယ်ခင်ဗျ ပဲလေ့အသင်းကတော့ ဇာဟာ ဥိးဆောင်လာတဲ့ တိုက်စစ်က ထင်သလောက်အလုပ်မဖြစ်ခဲ့ပဲ ချဲဆီးအသင်းရဲ့ ဖိအားပေးမှုတွေကို ဟန့်တားရင်းနဲ့ပဲ ပွဲပီးမှာတော့ ၃ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ပဲ ပီးဆုံးခဲ့ပါတယ်။ နည်းပြသစ် တူချယ်အတွက် အဖွင့်လှခဲ့ပွဲစဉ်လဲဖြစ်ခဲ့ပီး စတမ်းဖို့ဒ်ဘရစ်ခ်ျ တံတားကြီးရဲ့ ခမ်းနားလှတဲ့ မီးရောင်စုံတွေနှင့်အတူ တောက်ပလွန်းခဲ့ပါတယ်။
နောဝှစ်ချ် ၀ ၃ လီဗာပူးလ်

လီးဗာပူးအသင်းကတော့ အဝေးကွင်းစွမ်းဆောင်ရည်ကောင်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ထုံးစံအတိုင်းပဲ တိုက်စစ်အတွဲတွေဖြစ်တဲ့ ဆာလတ် မာနေး ဖာမီနိုတို့ ဦးဆောင်လာတဲ့ တိုက်စစ်ကို နောဝှစ်ချ်စီးတီး ဘယ်လိုမှကို မထိန်းချုပ်နိုင်ပဲ ၂၆ မိနစ်မှာ တော့ တောင်ပံတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့ ဒီရေဂို ဂျိုတာက အဖွင့်ဂိုး သွးယူပေးခဲ့ပီး နောက်မှာတော့ နောဝှချ်တို့ တိုက်စစ်ဖွင့်လာရင်းနဲ့ ဂိုးရလုနီးနီး ၂ကြိမ်လောက်ကို လီဗာပူး ဂိုးသမား အယ်လစ်ဆန် တယောက် အကောင်းဆုံးကာ ကွယ်နိုင်ခဲ့လို့သာ ဂိုးပြန်ခွင့်မပြုခဲ့ရခြင်းဖြစ်ပါတယ်ပထမပိုင်းအပီးမှာတော့ လီဗာပူး အသင်းကပဲ ၁-၀ ရလဒ်နဲ့ ဥိးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း မှာတော့ အိမ်ရှင်အသင်း တိုက်စစ်မြှင့်ကစားလာခဲ့ပါတယ် အပိုင်အခွင့်အရေး ၂ ကြိမ် ၃ကြမ်လောက် ထပ်ရခဲ့ပေမယ့် ဒဏ်ရာကနေပြန်လည်သက်သာလာတဲ့ ဗန်ဒိုက် ဦးဆောင်လာတဲ့ ခံစစ်ကို မလွမ်းမိုးနိုင်ခဲ့တာရယ် ဂိုးသမား အယ်လစ်ဆန် ရဲ့ ကောင်းမွန်လှတဲ့ လက်စွမ်းတွေကို မကျော်နိုင်ခဲ့တာကြောင့် ဧည့်သည် လီးဗာပူး အသင်းကပဲ ၆၅ နဲ့ ၇၄ မိနစ်တွေမှာ တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ဖာမီနို နှင့် ဆာလတ် တို့က တစ်ဂိုးစီ ထပ်မံသွင်းယူခဲ့ပြီး ပွဲပြီးရလဒ် ၀-၃ နဲ့ပဲ ဂျာဂျန်ကလော့ရဲ့ အမြင့်ပျံ ကြိုးကြာငှက်တွေရဲ့ တောင်ပံခတ်သံတွေဟာ အိမ်ရှင်အသင်းရဲ့ နားဝင်ကိုစူးရှစေလွန်းခဲ့ပါတယ်။

ကျန်ပွဲစဉ်တွေမှာတော့
Burnley အသင်းက Brighton အသင်းကို
၁ – ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်

Everton အသင်းက Southampton အသင်းကို ၃-၁ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်

Leicester City အသင်းက Wolves အသင်းကို ၁ – ၀ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ပွဲကိုပီးဆုံးစေခဲ့ပါတယ်

Watford အသင်းက Aston Villa အသင်းကို ၃ – ၂ ဂိုးနဲ့အနိုင်ယူလိုက်ရင်း ဗီလာအသင်းရဲ့ ဂျက်ဂရီးလစ်ရှ် မရှိတော့တဲ့ ကွင်းလယ်တိုက်စစ်စုဖွဲ့မှုဟာ သိသိသာသာအားနည်းခဲ့တာကိုပေါ်လွှင်စေခဲ့ပါတယ်။
⚽Thanks for Supporting⚽
