ဒီ Brentford ပရိတ်သတ် အဘိုးတယောက်ကတော့ 74 နှစ်အတွင်း သူ့အသင်းရဲ့ ပထမဆုံး အကြိမ် ပရီးမီးယားလိဂ်အဖွင့်ပွဲစဥ်မှာ အနိုင်ရသွားတာကြည့်ပြီး မျက်ရည်တောင်ကျခဲ့ရပါတယ်
ဒါကြောင့် ကျွန်တော်တို့ လူသားတိုင်း ဘောလုံးအားကစားကို ချစ်မြတ်နိုးကြတာပါ ![]()
( ရာသီသစ်ဖြစ်ခဲ့သော်လည်း အရင်ကအာဆင်နယ်ပုံစံသာဖြစ်ခဲ့တာကြောင့်
ပရီးမီးယားလိဂ်အဖွင့်ပွဲစဥ်မှာ ဘရန့်ဖို့ဒ်အသင်းကို အရှုံးပေးခဲ့ရပီး ဂန်းနားတွေ အရှက်ရခဲ့ကြ )
Mikel Arteta ၏ အသင်းကို ၎င်းတို့ရဲ့ အသစ်စက်စက် ပြိုင်ဘက်ဖြစ်တဲ့ ဘရန့်ဖို့ဒ်အသင်းက ၂-၀ ဖြင့်အနိုင်ယူပြီးနောက် မြောက်လန်ဒန်သားများအတွက် ကာလရှည်ရှေ့ဆက်နိုင်ဖို့ အကြံပြုခဲ့ပါတယ်
( ရာသီသစ်၊ အာဆင်နယ်ဟောင်း )
နောက်ဆုတ်ခြင်းလည်း မရှိသလို ရှေ့ဆက်သွားခြင်းလည်းမရှိတဲ့ အာဆင်နယ် အသင်းရဲ့ ယခုပုံစံက ရင်းနှီးပီးသား ပုံရိပ်ကို ပြန်ကြည့်နေရသလိုပဲ ဟူ၍လည်းပြောဆိုနခဲ့ကြပါတယ်။
ချဲလ်ဆီး၊ မန်စီးတီးတို့နဲ့ကစားရမယ့်ပွဲစဥ်တွေအတွက် အာဆင်နယ်က Brentford ကိုအကောင်းဆုံးပုံစံနှင့် စတင်နိုင်ဖို့ လိုအပ်ခဲ့တာပါ၊ ဒါပေမယ့်သူတို့ကရာသီသစ်ရဲ့မိနစ် ၉၀ အပြီးမှာအကျပ်အတည်းထဲကိုရောက်ရှိခဲ့ပြီး သူတို့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပြိုင်ဘက်အသစ်ရဲ့ အိမ်ရှင်ပရိတ်သတ်တွေ ရှေ့မှောက်မှာပဲ ၂-၀ နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။
အသင်းကနှုတ်ထွက်ပေးဖို့တောင်းဆိုမှုတွေလည်းရှိခဲ့ပါတယ်။ Brentford ပရိသတ်များကလည်း Mikel Arteta ကိုအော်ဟစ်ခဲ့ကြပါတယ်။ ရှင်းပါတယ်၊ ဒါဖြစ်လာမှာမဟုတ်ဘူး။
ဒါပေမယ့်အာဆင်နယ်အသင်းမန်နေဂျာကသူ့အသင်း ခုချိန် အမှတ်တွေမယူထားနိုင်ရင် သူ့ဖိအားနဲ့ သူ့ကိုယ်သူ မပြင်ဆင်နိုင်ရင် သိပ်ကြာကြာခံဦးမယ်လို့ မမြင်မိတော့ပါဘူး ဆိုပီး ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။
-ပွဲအပြီးမှာတော့ “ငါတို့ကငါတို့ကစားချင်တဲ့ပုံစံအတိုင်းကစားနိုင်ဖို့လုံလောက်တဲ့အရည်အချင်းရှိတဲ့အသင်းတစ်သင်းရှိထားပါတယ်၊ မတူညီတဲ့ရလဒ်တစ်ခုကိုရအောင်လည်းလုပ်နိုင်ပါသေးတယ်” ဟုအာတီတာကပွဲအပြီးတွင်ပြောကြားခဲ့သည်။
-ရိုးရှင်းတဲ့အချက်ကအာဆင်နယ်အသင်းဟာနွေရာသီမှာ ကြီးမားတဲ့ အရွေ့တစ်ခုခု အမြဲဖြစ်လာဖို့အတွက် ပြင်ဆင်ချိန်ဟာ တစ်နွေလုံးအပြည့်အဝရရှိခဲ့ပါတယ်။ ဒါပေမယ့်သူတို့ကစိတ်ပျက်စရာကောင်းလောက်အောင်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားခဲ့ပါတယ်။
-“ငါတို့ဘာလုပ်ချင်လဲ၊ ငါတို့ရဲ့အားသာချက်ကဘာလဲ၊ ဘယ်လိုတိုးတက်အောင်လုပ်နိုင်လဲဆိုတာရှင်းရှင်းလင်းလင်းဘဲ” ဒီရှုံးနိမ့်မှုကအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ် အရေးတကြီး လိုအပ်မလားလို့ မေးတဲ့အပေါ်အာတီတာကယခုလိုပဲပြောဆိုခဲ့ပါတယ်။
-“ဒီလိုပွဲမျိုးတွေက ငါတို့မြင်ဖူးပြီးသားနဲ့မတူဘူးလို့လည်း ငါမထင်ပါဘူး။ ” “အခုငါ့အာရုံစိုက်တာကငါတို့မှာရှိနေတဲ့ကစားသမားတွေကို၊ သူတို့တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးဘောလုံးပွဲတွေကိုအနိုင်ရရှိအောင်စွမ်းဆောင်ဖို့အတွက် နည်းလမ်းရှာနိုင်ဖို့ပါပဲလိုပါတယ် “ဆိုပီးဖြေကြားခဲ့ပါတယ်။
-အာတီတာအတွက်ကြီးမားတဲ့ပြသနာက သူ့ဖက်ကဘောလုံးပွဲတွေကို အနိုင်ရနိုင်အောင်စွမ်းဆောင်နိုင်ဖို့အတွက် အဝေးကြီးလိုနေပါသေးတယ်။ အဲဒါကိုယခု သောကြာနေ့ည ရာသီကြိုအဖွင့်ပွဲစဥ် အပြီးမှာပဲ မြင်တွေ့ခဲ့ကြရပါပြီ။
ဟု Goal News သတင်းမှာဖော်ပြခဲ့ပါတယ်။
#sourcebygoalnews
Thanks for Supporting





