
2021-2022 Premier League Fixture 1
Man U Vs Leeds
5 1
Bruno(30’/54’/60′). Luke Ayling(48′)
Greenwood(52′)
Fred(68′)
Best of the player – Bruno Fernandes
ကျွန်တော်သာဆို ပေါလ်ပေါ့ဘာကို ပေးမိမှာပါ
ဘာကြောင့်လဲဆိုတော့ ပေါ့ဘာရဲ့ အကွက်မြင်မြင်ကနေ ဖန်တီးပေခဲ့တဲ့ဂိုးအရေးအတွက် ၄ဂိုးအထိရရှိခဲ့တာမို့ပါ
ကျွန်တော့်ရဲ့ player of the match ကတော့
ပေါ့ဘာ ကိုပဲရွေးချယ်ပါတယ်

အဖွင့် ပွဲစဉ်မှာ ပဲ ဟက်ထရစ်ယူသွားတဲ့ ဘရူနို တယောက်ကတော့ ပရိုးမီးယားလိဂ် ရဲ့ သမိုင်းမှတ်တမ်းသစ် ကို ရေးထိုးနိုင်ခဲ့သလို ယူနိုက်တတ်အသင်းကလည်း ဆာအဲလက်စ် ဖာဂူဆန်ခေတ်လွန် ယူနိုက်တတ်ရဲ့ ဂိုးပြတ်နိုင်ပွဲနှင့်အတူ အဖွင့်ပွဲစဉ်ကို အကောင်းမွန်ဆုံး စုဖွဲ့ မှုနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို စိန်ခေါ်နိုင်ခဲ့ပါပြီ ထူးထူးခြားခြားပဲ အသင်းပြောင်းရွေ့ဖို့ သတင်းပြေးနေတဲ့ ပေါလ်ပေါ့ဘာ ရဲ့ ကနေ့ အံ့မခန်းခြေစွမ်းကတော့ တကယ်ကိုမှင်သက်သွားစေပါတယ်။
“This is really the great one Paul Pogba” comeback.


ပွဲအစပိုင်းမှာတော့ သူပြန်ကိုတပြန် တိုက်စစ်ဆင်ရာကနေ မိနစ် ၃၀ လောမှ ၁ တော့ ယူနိုက်တတ်တို့ အဖွင့်ဂိုးစတင်ရရှိခဲ့ပါတယ် လိဒ်အသင်းက ဒုတိယပိုင်းစပြီး ၃မိ နစ်အကြာမှာပဲ ချေပဂိုးပြန်လည်ရရှိခဲ့ပေမယ့်လည်း ကွင်းလယ်ပိုင်းတည်ငြိမ်လွန်းတဲ့ ယူနိုက်တတ်ကိုတော့ ယှဉ်နိုင်ခြင်းမရှိခဲ့ပဲ လိဒ်အသင်းက ယူနိုက်တတ်အသင်းကို ထပ်မံပီး ဆက်တိုက်ဆိုသလို သွင်းဂိုးတွေခွင့်ပြုပေးခဲ့ရပြန်ပါတယ် ၇၅မိနစ်ကျော်လာချိန်မှာတော့ လူစားလဲမှုတွေပြုလုပ်ခဲ့ပီး ယူနိုက်တတ်ကိုပြောင်းရွေ့လာတဲ့ လူငယ်ကစားသမားလေး ဂျေဒန်ဆန်ချိုတယောက်ဝင်ရောက်ကစားခဲ့ပေမယ့်လည်း သွင်းဂိုးများဆက်လက်သွင်းယူနိုင်ခြင်းမရှိတော့ပဲ ဂိုးပြတ်နိုင်ပွဲကိုသာ ထိန်းပီးကစားသွားခဲ့တာကြောင့် ၅ ဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ပဲ ပွဲပီးဆုံးခဲ့ပီး ယူနိုက်တတ်နည်းပြကြီး အိုလေနှင့်သူ့ရဲ့ အသင်းသားတွေအတွက် အိုးလ်ထရက်ဖို့ဒ် ကောင်းကင်ယံဟာ အနီရောင်တွေ အပြည့်လွမ်းခြုံစေခဲ့ပါတယ်။
#sth
⚽Thanks for supporting ⚽
