“Kylian ဟာငါတို့ရဲ့ကစားသမားတွေထဲကတစ်ယောက်ပါ” Pochettino က PSG ကနေ Mbappe ထွက်ခွာမှုပြောဆိုမှုနဲ့ပတ်သက်ပြီးစိတ်လျှော့လိုက်ကြပါ “

အာဂျင်တီးနားသားကပြင်သစ်ကစားသမားရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး  Kylian က ရီးရဲလ်မက်ဒရစ်နဲ့ချိတ်ဆက်နေတယ် ဆိုတဲ့ ကောလာဟလတွေထွက်နေခြင်းအပေါ် ထင်ကြေးပေးမှုတွေအတွက်စိတ်မပူပါဘူး။

Paris Saint-Germain နည်းပြ Mauricio Pochettino သည် Kylian Mbappe အတွက်နွေရာသီထွက်ခွာရန်ဖြစ်နိုင်ကြောင်းပြောဆိုခြင်းနှင့် ပတ်သက်၍ စိတ်လျော့ထားလိုပါပီ။

Mbappe သည် Parc des Princes တွင်သူ၏စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လသို့ရောက်ရှိလာခဲ့ပါပီ   ၂၀၁၇ ခုနှစ်တုန်းကလီဂူးဝမ်းကလပ် မိုနာကို အသင်းကနေ ကနဦး လက်မှတ်ထိုးခဲ့ခေါ်ယူခဲ့ခြင်းပဲဖြစ်ပါတယ်။

အသက် (၂၂) နှစ်အရွယ်ကစားသမားသည်လွန်ခဲ့သောလေးနှစ်က PSG အတွက်ပါရမီရှင်ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်၊  ဒါပေမယ့်သူတို့ကသက်တမ်းတိုးဖို့အတွက်ရှေ့တန်းတိုက်စစ်မှုး နဲ့သဘောတူညီမှုမရသေးပါဘူး  ရီးရဲလ်မက်ဒရစ်အသင်းသည်အပြောင်းအရွှေ့ကာလမပိတ်မီ သူ့ကိုလက်မှတ်ထိုးခေါ်ယူရန်အတွက် ငွေကြေးအမြောက်အများပေးပီး ကမ်းလှမ်းမှုဖြင့် PSG အသင်း၏ဆုံးဖြတ်ချက်ကိုစမ်းသပ်ဆိုပီးသတင်းတွေမှာဖော်ပြနေခဲ့ပါတယ်။

ဘာတွေပြောခဲ့ကြလဲ?

ရီးရဲလ်မက်ဒရစ်သည်အမ်ဘက်ပီအတွက်ယူရိုသန်း ၁၂၀ (ပေါင် ၁၀၂ သန်း/ဒေါ်လာ ၁၄၁ သန်း) ဖြင့်ကမ်းလှမ်းရန်အဆင်သင့်ဖြစ်နေကြောင်းသတင်းများအရသိရပါတယ်၊  ဒါပေမယ့် PSG ဥက္ကဌ Nasser Al-Khelaifi ကဒီအပတ်အစောပိုင်းမှာပဲလီယွန်နယ်မက်ဆီရောက်လာပြီးအလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်း‌ေရွှ့မယ်ဆို သူဒီမှာ ဆက်နေဖို့အကြောင်းပြချက်မရှိဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

Pochettino သည်စနေနေ့တွင် Strasbourg အသင်းနှင့် Ligue 1 ပွဲစဉ်မတိုင်မီ Parc des Princes အကြီးအကဲ၏မှတ်ချက်ကိုထပ်လောင်းပြောကြားခဲ့ပါတယ်၊  သူ့ရဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာက “

“ ကြေငြာချက်တေရဲ့ မှတ်ချက်တိုင်းက ငါ့အတွက် မဟုတ်ပါဘူး သမ္မတနဲ့လီယိုနာဒိုတို့က ငါ့အပေါ် စိတ်ချစရာမလိုအပ်ပါဘူး၊  ဘာကြောင့်လဲဆိုတော့ သမ္မတပြောသလိုပဲ Kylian ဟာငါတို့ရဲ့ကစားသမားတွေထဲကတစ်ယောက်ဖြစ်လို့ပါပဲ။ ”ဆိုပီး အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

အာဂျင်တီးနားနည်းဗျူဟာကျွမ်းကျင်သူက မက်ဆီရှိနေခြင်းဟာ Mbappe ၏အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်လိမ့်မည်လားဆိုသည်ကိုဖိအားပေးမေးမြန်းခဲ့ခြင်းအပေါ် နည်းပြ ပိုချက်တီနိုက 

” ငါက PSG ရဲ့နည်းပြတယောက် အခြားနည်းပြများတွေလိုပဲ ငါအကောင်းဆုံးကစားသမားတွေလိုချင်ပါတယ်၊   ငါတို့မှာအရမ်းကိုမျှတတဲ့ လုပ်အားနှုန်းတွေ ရှိနေပါတယ်” ဆိုပီး ဖြေကြားခဲ့ပါတယ်။

“ မက်ဆီရောက်ရှိလာခြင်းက လူတိုင်းကို ခံစားနိုင်တဲ့ အရာတစ်ခုခုကို ပေးစွမ်းနိုင်ပါတယ်။ မက်ဆီဟာကမ္ဘာပေါ်မှာအကောင်းဆုံးကစားသမားဆိုတာငါတို့သိပါတယ် ဒါမှမဟုတ်အကောင်းဆုံးထဲကအကောင်းဆုံးပါ။  ငါတို့မှာ  ကစားသမားများစွာရှိပါတယ်၊ Mbappé ကလည်းကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ 

“ ဒီအရည်အချင်းတွေအားလုံးကိုစုပေါင်းပြီး အကောင်းဆုံးတွေကို လုပ်ပြနိုင်ဖို့ ငါတို့ သေချာလုပ်ရမယ်၊  ငါတို့ကအသင်းမှာအရေးကြီးတဲ့အရာတစ်ခုခုကို ဖန်တီးနိုင်ဖို့အတွက် အရည်အချင်းရှိမှရပါမယ်။ ” ဆို ပိုချက်တီနို တယောက်ကပြောဆိုခဲ့ပါတယ်။

PSG တွင် Mbappe ၏အောင်မြင်မှုများ

အမ်ဘာပေဟာ  PSG အတွက်ပြိုင်ပွဲစုံ ၁၇၂ ပွဲတွင် ၁၃၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးဖန်တီးမှု ၆၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတတိယအကြိမ်တွင်ကမ္ဘာ့ဖလားချန်ပီယံဆု နှင့်အတူ အဓိကနေရာကနေစွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြင့် ကလပ်အသင်းအားလည်း လီဂူးဝမ်းဖလားသုံးလုံးအပါအ၀င်ဆုဖလားဆယ်လုံးဆွတ်ခူးပေးနိုင်ခဲ့ပြီး ၂၀၁၉-၂၀ တွင်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်လှမ်းရာတွင်အဓိကနေရာကနေစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ပိုချက်တီနိုသည်မက်ဆီ၏ကြံ့ခိုင်မှုအပေါ်

မက်ဆီဟာ  PSG အတွက် ပွဲဦးထွက်ကစားရမည့် အချိန်ကို ပိုချက်တီနိုအားမေးခဲ့ပါတယ် ၊ ဒါပေမယ့်ရက်အတိအကျတော့မပြောနိုင်ခဲ့ပါဘူး အသင်းဖော်တွေကတော့ ခြေစမ်းပွဲတွေကစားနေကြရပါပီ ။ 

“ ဒီနေ့က Leo ရဲ့ဒုတိယမြောက်လေ့ကျင့်မှုပါ ဒါက Copa ဖိုင်နယ်အပြီးတစ်လအကြာမှာပါ” ဟုပြောကြားခဲ့သည်။ “ စိတ်ကူးကသူပထမဆုံးပွဲထွက်ခွင့်ရခဲ့ရင် သူဘယ်လိုခံစားရလဲဆိုတာကိုကြည့်ဖို့ပါ ၊  လူတိုင်းကလည်း မြင်ဖူးချင်တ‌ယ်၊ လွန်ခဲ့တဲ့ ရက် အနည်းငယ်က Leo တစ်ယောက် အံ့ဪဖွယ်ကောင်းတဲ့ အခမ်းအနားတစ်ခုပြုလုပ်ခဲ့ပီးပါပီ။  သူကထူးခြားတဲ့ကောင်လေးတစ်ယောက်ပါ  ငါတို့ကကစားသမားတွေရဲ့ ပြောဆိုမှုတွေကို နားထောင်ပေးရတဲ့ ဝန်ထမ်းသက်သက်ပါပဲ  ပြီးတော့သူလိုအပ်နေတဲ့အချိန်၊ သူအဆင်သင့်ဖြစ်မယ့်အချိန်ကိုသိဖို့ ငါတို့က ကစားသမားမဲ့ ပြောဆိုမှုတွေ ပြုလုပ်ရပ်မယ်” ဆို မက်ဆီ အတွက် သုံးသပ်ပေးသွားပါတယ်။

#sourcegoalnews.

⚽Thanks for Supporting⚽