
ရီးရဲလ်မက်ဒရစ်သည်ပြင်သစ်လက်ရွေးစင်အသင်းတောင်ပံကစားသမား Kylian Mbappe အားခေါ်ယူရန် ကြိုးစားနေသော်လည်း Paris Saint-Germain သည် Kylian Mbappe ကိုထိန်းသိမ်းရန်ယုံကြည်မှုရှိသည်ဟု Goal ကအတည်ပြုနိုင်သည်။
အမ်ဘာပေ၏အနာဂတ်သည်မကြာသေးမီလများအတွင်းကထင်ကြေးများစွာပေးခံရပြီး ကမ္ဘာ့ဖလားချန်ပီယံဆုရှင်သည် PSG နှင့်စာချုပ်သက်တမ်းတိုးရန် ယခုချိန်အထိ သဘောတူညီခွင့်မရရှိသေးပေ။

အသက် (၂၂) နှစ်အရွယ် ကစားသမားလေးသည် သူ၏လက်ရှိစာချုပ်နောက်ဆုံး (၁၂) လသာကျန်တော့တဲ့အချိန်ကိုရောက်ရှိလာပီးနောက် မက်ဒရစ်ရဲ့ အကြီးအကျယ်ချိတ်ဆက်ခြင်းကို ခံနေရသော်လည်း Parc des Princes သို့မက်ဆီရောက်ရှိလာခြင်းသည်ကပဲ အမ်ဘာပေတယောက် PSG အသင်းနှင့် ရေရှည်တည်မြဲသွားတော့မယ်ဆိုတဲ့ အရိပ်အယောင်မျိုးကို ထပ်ဟပ်စေခဲ့ပါတယ်။
#goalnews
⚽Thanks for Supporting ⚽
