မက်ဆီသည် PSG နှင့် ၂ နှစ်စာချုပ်ကိုသဘောတူခဲ့ပြီး ဘာစီလိုနာမှထွက်ခွာလာပြီးနောက် ဆေးကုသမှုခံယူရန် ပါရီမြို့သို့ရောက်ရှိနေ


ခြောက်ကြိမ်မြောက် Ballon d’Or ဆုရှင်သည် Camp Nou တွင် ၂၁ နှစ်တာကာလဖြတ်သန်းပီးနောက်မှာတော့ Parisian များနှင့်ပူးပေါင်းရန်အလွန်ကို နီးစပ်ခဲ့ပါပြီ။
လီယွန်နယ်မက်ဆီသည် Paris Saint-Germain သို့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးအင်္ဂါနေ့တွင်ဆေးကုသမှုခံယူလိမ့်မည်ဟု Goal ကအတည်ပြုခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့်သည်ပြီးခဲ့သည့်တနင်္ဂနွေနေ့ကသူ ၂၁ နှစ်ကြာနေထိုင်ခဲ့သော ကလပ်မှထွက်ခွာသွားကြောင်းအတည်ပြုပြောကြားခဲ့ပါတယ္။
မက်ဆီသည်အင်္ဂါနေ့တွင်ပဲရစ်သို့ရောက်ရန်စီစဥ်ထားပြီး ဆေးကုသမှုခံယူပြီးပါကနောက်ထပ် ၁၂လ ထပ်မံသက်တမ်းတိုးနိုင်သော အချက်အလက်ပါဝင်ခဲ့ပြီး PSG နှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
PSG မှာမက်ဆီဘယ်လောက်ရလဲ?

မက်ဆီတယောက် ပီအက်စ်ဂျီမှာ သူ့ရဲ့ဘောလုံးရာသီ တစ်ရာသီအတွက်ယူရိုသန်း ၃၀-၃၅ သန်း (ပေါင် ၂၅ သန်း-၃၀ သန်း/ဒေါ်လာ ၃၅ သန်း-၄၁ သန်း) ရရှိလိမ့်မယ်လို့ခန့်မှန်းထားသလို အသင်းနဲ့ တစ်ဦး ချင်း အပိုဆုကြေးတွေပါပါလိမ့်မယ်” ဟုဖော်ပြခဲ့ပါတယ်။
မက်ဆီမှာအခြားကမ်းလှမ်းမှုရှိပါသလား?

မက်ဆီသည်အခြားကလပ်နှစ်ခုမှ ကမ်းလှမ်းမှုများကိုလက်ခံရရှိခဲ့သော်လည်း PSG သည်သူအကြိုက်ဆုံးရွေးချယ်မှုဖြစ်ခဲ့သည်။
ယခုအခါမှာတော့ လီယွန်နယ်မက်ဆီတယောက် ပဲရစ်သို့သွားနေပါပီ။
သတင်းများအရအက်သလက်တီကိုမက်ဒရစ်သည်လည်းချဉ်းကပ်မှုပြုလုပ်သည့် ကလပ်အသင်းများထဲမှတစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး မန်စီးတီးနှင့်အင်တာမီလန်တို့မှလည်း ချိတ်ဆက်မှုများရှိခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းကိုပြောင်းရွှေ့တုန်းက
မက်ဆီဘာပြောခဲ့လဲ

မက်ဆီဟာ PSG အသင်းကိုပြောင်းရွှေ့မယ်လို့အတည်ပြုခြင်းမရှိသေးပါဘူး။
ပီးခဲ့တဲ့ တနင်္ဂနွေနေ့ Barcelona Final Confrences တော့ သူက“ Paris Saint-Germain သည် ဖြစ်နိုင်ချေရှိပါတယ် ဟူသာဆိုခဲ့ပါတယ်။
“ လောလောဆယ်ဘာကိုမှအတည်မပြုနိုင်သေးပါဘူး၊ ဘာစီလိုနာကြေညာချက်အပြီးမှာကျွန်တော်ဖုန်းခေါ်ဆိုမှုတွေအများကြီးရခဲ့တယ်။ ငါတို့ဒီအကြောင်းပြောနေခဲ့ကြတာပါ” ဆိုပီးအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
#sourcegoalnews
⚽Thanks for Supporting ⚽
