လာလီဂါရန်ပုံငွေအဖွဲ့မှ ၂.၇ ဘီလျံချေးငွေရရှိပြီးနောက် မက်ဆီအား စာချုပ်သစ်ချုပ်ဆိုဖို့နဲ့ ကစားသမား ခေါ်ယူမှုအသစ်များကို ပြုလုပ်ရန် ကြံရွယ်နေ
စပိန်လိဂ်သည် ရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးပြဿနာများမှ ပြန်လည်နာလန်ထူရန် အသင်းများအား ကူညီထောက်ပံ့ပေးမည့် ရန်ပုံငွေအဖွဲ့အစည်းမှ စီးပွားရေးပြသနာများနှင့်ရင်ဆိုင်နေရသော လာလီဂါကလပ် ဘာစီလိုနာအတွက် Lionel Messi ရဲ့ စာချုပ်အသစ်အားအပြီးသတ်စေရန် ဘာစီလိုနာအတွက် လမ်းဖွင့်ပေးခဲ့ပီး မယုံနိုင်လောက်အောင် ၂.၇ ဘီလီယံဆိုတဲ့ (ပေါင် ၂.၃ ဘီလီယံ/ဒေါ်လာ ၃.၂ ဘီလီယံ) ချေးငွေကို ထုတ်ချေးခဲ့ပီး ဘာစီလိုနာမှ ထိုချေးငွေကို လက်ခံရရှိခဲ့ပါတယ်။
CVC Capital Partners သည်ရန်ပုံငွေအမြောက်အမြားကိုထောက်ပံ့ပေးပြီး လာလီဂါကို ဦးဆောင်မည့် အသစ်ဖန်တီးထားသောကုမ္ပဏီဖြစ်ပီးတော့ လာလီဂါရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းထည့်ဝင်ခဲ့ပါတယ်။
ရင်းနှီးငွေများမှအများစုကိုကလပ်များသို့ဖြန့်ဝေမည်ဖြစ်ပြီးဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်တို့ကယူရို ၂၈၀ သန်း (ယူရို ၂၃၈ သန်း/ဒေါ်လာ ၃၃၁ သန်း) အသီးသီးရရှိခဲ့ကြပါဝယ်။
#sourcebygoal.com
Thanks for Supporting


