( ချယ်လ်ဆီးအသင်းသည်လူကာကူအားပေါင်သန်း ၁၃၀ အထိကမ်းလှမ်းရန်ပြင်ဆင်နေ )


ချယ်လ်ဆီးအသင်းသည်အင်တာမီလန်တိုက်စစ်မှူးအား ခေါ်ယူရန် အဆင်သင့်ဖြစ်နေပြီး အက်စတွန်ဗီလာမှပစ်မှတ်ဖြစ်သော Tammy Abraham ရအောင်ရောင်းထုတ်နိုင်ခဲ့သည်။





ချယ်လ်ဆီးအသင်းသည်အင်တာမီလန်တိုက်စစ်မှူး ရိုမီလူလူကာကူ အားယူရိုသန်း ၁၃၀ (ပေါင် ၁၁၁ သန်း/ဒေါ်လာ ၁၅၄ သန်း) အထိကမ်းလှမ်းရန်ပြင်ဆင်နေသည်ဟု Goal.com ကအတည်ပြုသည်။


သောမတ်စ်တူချယ်သည် သူ၏ ပထမဆုံးရာသီ မစမီ ချယ်လ်ဆီးတွင်သူ၏တိုက်စစ်အားဖြည့် ရန်ကြိုးပမ်းနေစဥ် လူကာကူသည်ယခုနွေရာသီတွင်စတမ်းဖို့ဒ်ဘရစ်ခ်ျ သို့ပြန်လည် အခြေချရန် သတင်းပြေးနေသည်။


Goal သတင်းရဲ့အဆိုအရ ချယ်လ်ဆီးအသင်းသည် ဘယ်လ်ဂျီယံ တိုက်စစ်မှုး အတွက် ပထမ အကြိမ်ကမ်းလှမ်းမှု အတွက် ပေါင် ၁၀၀ သန်း (ပေါင် ၈၅ သန်း/၁၁၉ သန်း)ဖြင့် ကမ်းလမ်းခဲ့သော်လည်းပယ်ချခဲ့ပြီးဖြစ်ပါတယ်။ကမ်းလှမ်းချက်မှာ အသင်းရဲ့ Full Back Marcos Alonso ကိုပါ ထည့်သွင်းပေးမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြန်ပါတယ်။


#sourcebygoal.com

⚽Thanks for Supporting⚽