Kylian Mbappe တယောက် သူ့ကိုခေါ်ယူချင်နေတဲ့  ဥရောပတစ်လွှားရှိအဓိက ကလပ်အသင်းကြီးများအတွက် ထိုးနှက်ချက်တစ်ခုဖြစ်စေနိုင်မယ့် အကြောင်းအရာတခု အားထုတ်ဖော်ပြောကြားခဲ့ပါတယ်၊  သူ၏ အကြီးမားဆုံးရည်မှန်းချက်မှာ Paris-Saint Germain နှင့်ချန်ပီယံလိဂ်ဖလားရရှိရန်ဖြစ်တယ် ဆိုပီး ပြောကြားခဲ့ပါတယ်။

အမ်ဘာပေ၏ PSG နှင့်စာချုပ်သည် ၂၀၂၂ တွင်ကုန်ဆုံးမည်ဖြစ်ပြီးသူ၏အနာဂတ်နှင့် ပတ်သက်၍ ထင်ကြေးမပေးခဲ့ဘူးသူ၍ သတင်းတွေမှာဖော်ပြခဲ့ပါတယ်။

မော်ရီစီယိုပိုချက်တီနိုရဲ့အသင်းဟာလီဂူး -၁ ပြိုင်ပွဲမှာတော့ ဒုတိယနေရာ၌သာကျေနပ်ခဲ့ရပီး  ပီးဆုံးသွားခဲ့ပေမယ့်  စိတ်ပျက်စရာကောင်းတဲ့ ၂၀၂၀-၂၁ ရာသီမှာချန်ပီယံလိဂ် မှာလည်း ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာသွားခဲ့ရပါတယ်။

အမ်ဘာပေသည်ပြီးခဲ့သည့်ရာသီက ပဲရစ် အသင်းကြီး အတွက်ပြိုင်ပွဲစုံ ၄၇ ပွဲတွင် ၄၂ ဂိုးသွင်းယူခဲ့ပြီး ရောဘတ်လီဝန်ဒေါစကီးက (၄၈)ဂိုးပီးနောက် ဥရောပထိပ်တန်းလိဂ်ငါးခုတွင် ဒုတိယ ဂိုးသွင်းအများဆုံးသူတယောက်ဖြစ်ခဲ့ပါတယ်။

Marca ကသတင်း‌ေထာက်ရဲ့ အင်တာဗျူးတခုကိုဗုဒ္ဓဟူးနေ့ကထုတ်ဝေခဲ့ပြီး Neymar က“ PSG နဲ့ငါ့ရဲ့အကြီးမားဆုံးအိပ်မက်ကချန်ပီယံလိဂ်ဖလားရရန်နှင့်ဘရာဇီးနှင့်ကမ္ဘာ့ဖလားဆွတ်ခူးရန်”ဆိုပီးဖြေကြားခဲ့တယ် အဲ့‌ဒါရဲ့နောက်မှာတော့

“ နောက်ထပ်ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ရင်အရမ်းကောင်းလိမ့်မယ်” ဆိုပီး အမ်ဘာပေတယောက် နေမာရဲ့\”နောက်လာမယ့်ကမ္ဘာ့ဖလားကငါ့အတွက်ဖြစ်တယ်\” ဆိုတဲ့ပြောဆိုချက်ကိုဟာသနှောပြီးပြောကြားခဲ့ပါတယ်။

ယခုအခါမှာတော့ Mbappe တယောက်  Pochettino နှင့်အတူ အသင်းဖော်တွေနဲ့ လာမယ့် တနင်္ဂနွေနေ့  Lille နှင့်ကစားမည့်ပြင်သစ်စူပါဖလားဗိုလ်လုပွဲအတွက်ပြင်ဆင်နေပီး PSG အတွက်လေ့ကျင့်ခန်းပြန်ဆင်းနေပါပီ ဟုဖော်ပြခဲ့ပါတယ်။
#sourcebygoal.com