ဘင်ဝှိုက်သည် Emirates အားကစားကွင်း၌ Mikel Arteta ၏ နည်းစနစ်ပိုင်းပြင်ဆင်မှုအတွက် အရေးပါတဲ့သူတယောက်ဖြ‌စ်နေတာကြောင့် ဘရိုက်တန်ကနေ ပေါင်သန်း၅၀ဖြင့် အမိအရ ခေါ်ယူခဲ့ပီး ၄နှစ်စာချုပ် ချုပ်ဆိုခဲ့ပါပီ။
ဘင်ဖီကာနှင့်အန်ဒါလက်ချ်မှရောက်လာသော Nuno Tavares နှင့် Albert Sambi Lokonga တို့နှစ်ဦးအလွန် ယခုနွေရာသီအပြောင်းအရွှေ့ဓျေးကွက်မှာတော့ အာဆင်နယ်တို့ရဲ့ တတိယမြောက်အဓိကကစားသမားခေါ်ယူမှု တစ်ခု ဖြစ်လာခဲ့ပြန်ပါတယ်။ဒီနှစ်မှာတော့ အာဆယ်နယ် အဆင်းရဲ့ နည်းပြကြီး မီကယ်လ် အာတေးတာ တ‌ယောက် ကြီး၆ကြီးကို ယှဉ်ပြိုင်နိုင်ဖို့အတွက် အရေးပါတဲ့ ကစားသမားဝယ်ယူမှုတွေ ပြုလုပ်နေခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိကစားသမားသည်လေးနှစ်စာချုပ်ကိုချုပ်ဆိုခဲ့ပြီး သူသည်ဆေးကုသမှုခံယူပြီးနောက် ၂၀၂၅ အထိ အမ်မရိတ်မှာပဲ ရှိနေတော့မှာ ဖြစ်ပါတယ်။  သူသည်အာဆင်နယ်အသင်းနှင့် ယခုလာမယ့်ရာသီမစတင်ခင် တနဂ်နွေနေ့မှာပဲ အသင်းဖော် အသစ်တွေနဲ့ လာရောက်ပူးပေါင်းတေ့ာမှာပဲဖြစ်ပါတယ်  ဒါ့အပြင်သူဟာအာဆင်နယ်အတွက်နံပါတ် ၄ ကို ၀တ်ဆင်သွားမယ်လို့လည်းအတည်ပြုထားပါတယ်။
#sourcebygoal.com