သဘောတူသလိုမတူချင်သလိုအ‌ေနအထားကနေ နောက်ဆုံးမှာတာ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စာချုပ်သက်တမ်းတနှစ်သာ  ရှိတော့တဲ့ အသက် ၂၈အရွယ်ရှိ နောက်ခံလူ ရာဖးလ် ဗာရိန်း အား ပြောင်းရွေ့ကြေး ပေါင်၄၁သန်း နဲ့ အပီးသတ် သဘောတူညီခဲ့ပါပြီ။
တနင်္ဂနွေနေ့မှာတော့ ကလပ်အသင်း နှစ်သင်းကြား ဆွေးနွေးမှုတွေကအပေါင်းလက္ခဏာဘက်ကို ဦးတည်ခဲ့ပီး  ပုဂ္ဂိုလ်ရေးအရသဘောတူညီချက်များရပြီးနောက်မှာ လာမယ့် တနင်လာနေ့မှာ အပီးသတ် စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ယူနိုက်တက်သည်ပေါင် ၃၇သန်း အပြင် အပိုထပ်ဆောင်းကြေးအဖြစ် ပေါင် ၇သန်း ကိုပါပေးချေရမည်ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ နောက်ခံလူ ဗာရိန်းကိုရောင်းချခြင်းလိုက်ခြင်းကြောင့် ဗာရိန်းရဲ့ အသင်းဟောင်းဖြစ်တဲ့ ပြင်သစ် ကလပ် လန်းစ် အသင်းကို  ဝယ်ယူစဉ်ကချုပ်ဆိုခဲ့သော စာချုပ်ပါအချက်အလက်တွေအရ ပေါင်း ၁ သန်း ပေးခြေရမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ခံလူ  Varane အား ၂၀၂၂ ခုနှစ်မှာအလွတ်ပြောင်းရွေ့ကြေးနဲ့ မပြောင်းရွေ့စေလိုတာကြောင့် ယခုနှစ်ရာသီမှာ ငွေသားရလိုသောကြောင့် ရောင်းချခဲ့ခြင်းဖြစ်တယ်လို့လဲ ဖော်ပြသွားခဲ့ပါတယ်။ယခုရာသီအတွက် ယူနိုက်တတ်ရဲ့ ဒုတိယမြောက် Big Transfer  ဖြစ်လို့လာခဲ့ပါပီ။

#Sourcebygoal.com

⚽Thanks for Supporting⚽

(ယူနိုက်တတ် အတွက် အပြောင်းအရွေ့တိုင်းလက်မနှေးပဲ ခပ်သွပ်သွပ် လှုပ်ရှားနေပုံတွေကြောင့် လိုအပ်နေတဲ့ ကွက်လပ်တွေကို တဖြည်းဖြည်းချင်းဖြည့်စွပ်ပေးနေတဲ့ အိုလေ ရဲ့ခေါ်ယူမှုတွေကို မန်ယူချစ်ပရိတ်တွေ ကျေနပ်လိမ့်မယ်လို့လဲထင်ပါတယ် )