ယခုနွေရာသီအပြောင်းအရွေ့တွင် တိုက်စစ်မှူးတစ်ယောက်အသည်းအသန်လိုအပ်နေတဲ့ မန်စီးတီးအနေနဲ့ ရော်နယ်ဒိုကိုစိတ်ဝင်စားလာခဲ့ပါတယ်။ သတင်းမီဒီယာအချို့ရဲ့ဖော်ပြချက်အရ နည်းပြဂွါဒီယိုလာဟာလစ်လပ်သွားတဲ့အဂွဲရိုးရဲ့နေရာတွင်ရော်နယ်ဒိုကိုအစားထိုးတာကအဆင်ပြေနိုင်ကြောင်းအကြံပြုထားတယ်လို့ဆိုပါတယ်။

မန်စီးတီးအနေနဲ့တိုက်စစ်မှူးတစ်ယောက်ဝယ်ယူနိုင်ဖို့အသင်းမှကစားသမားတစ်ဦးကိုအလိုက်ပေးရဖို့ရှိနေတာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းမှလည်း မန်စီးတီးမှဂါဘရီရယ်ဂျီးဆပ်ကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အနေနဲ့လာမယ့်နှစ်မှာအလွတ်ပြောင်းရွေ့ကြေးနဲ့ထွက်ခွါခွင့်ပြုရမှာဖြစ်တာကြောင့်ရောင်းချရန်ရွေးချယ်နိုင်ပြီး ရော်နယ်ဒိုအနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့မြို့ခံပြိုင်ဘက်မန်စီးတီးကိုပြောင်းခဲ့ပါက ပရိသတ်တွေရဲ့မကျေနပ်မှုကိုခံရနိုင်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ငွေးကြေးသုံးဆွဲနိုင်တဲ့အသင်းဖြစ်တာကြောင့် ရော်နယ်ဒိုရဲ့လစာမြင့်မားမှုကိုစိုးရိမ်နေမှာမဟုတ်ပါဘူး။နည်းပြဂွါဒီယိုလာအနေနဲ့ရော်နယ်ဒိုကိုစိတ်ဝင်စားနေသော်လည်းတရားဝင်ကမ်းလှမ်းမှုမျိုးတော့မရှိသေးပါဘူး။